Print

Twin Pregnancy အမွှာကိုယ်ဝန် ဘာဆင်ခြင်ရမလဲ?

  24-Feb-2017
Preview Image

သုတေသနလုပ်သူတွေက ကိုယ်ဝန်ဆောင် ၁၈%ဟာ ကိုယ်ဝန်ဆောင်ကာစမှာ အမွှာနဲ့စခဲ့ပြီး၊ နောက်မှကလေး တယောက်တည်း ဖြစ်သွားကြတယ်လို့ သံသယရှိကြတယ်။ ကိုယ်ဝန်ဆောင်စမှာ(အာလ်ထွာဆောင်း)ရိုက်တော့သန္ဓေသား နှစ်ခုတွေ့ပြီး နောက်ပိုင်းမှာ တခုတည်းဖြစ်တာကို Vanishing twin syndrome လို့ခေါ်တယ်။


Conjoined twins (Siamese) ကိုယ်ချင်းဆက်အမွှာ ဆိုတာက Monozygotic twins (ဇိုင်ဂုတ်) တခုတည်းကဖြစ်တဲ့ အမွှာအမျိုးဘဲ။ ကိုယ်နှစ်ခုက ကွဲမထွက်လို့ ဆက်နေတယ်။ ကိုယ်ဝန် ၅ သောင်းမှာသာ တယောက် ဖြစ်တတ်တယ်။


မိသားစုထဲမှာ အမွှာမွေးဘူးသူရှိရင် အမွှာကိုယ်ဝန် ပိုဖြစ်နိုင်ခြေများတယ်။ Fraternal twins ထပ်တူ မဟုတ်တဲ့အမွှာ နဲ့ Identical twins ထပ်တူဖြစ်တဲ့အမွှာ ဆိုပြီး (၂) မျိုးရှိတယ်။ မတူတဲ့ အမျိုးအစားက ပိုများတယ်။ အမွှာကိုယ်ဝန်ဖြစ်နေတာကို ဆရာဝန်ကနေ ဗိုက်ကိုလက်နဲ့၊ နားကြပ်နဲ့ စမ်းတာနဲ့လဲ သိနိုင်တယ်။ သေချာအောင် Ultrasound (အာလ်ထွာဆောင်း) ရိုက်ရမယ်။


• အမွှာဆိုရင် ကိုယ်ဝန်ရိုးရိုးထက် ကိုယ်အလေးချိန် ပိုများနေမယ်။ ကိုယ်ဝန်ရှိကာစ တပတ်မှာ ၁ ပေါင်တိုးတယ်။ နေ့စေ့လစေ့မှာ ပုံမှန်ကိုယ်ဝန်ဆိုရင် ၂ဝ-၃ဝ ပေါင်တိုးလာမယ်။ အမွှာကိုယ်ဝန်က ၃ဝ-၄ဝ ပေါင် တိုးနေမယ်။


• အလေးချိန်များလို့ အနေရခက်မယ်။ ပိုပြီး အနားယူရမယ်။ ခြေတွေကို အခုအခံပေါ်မှာတင်ထားပြီး နားသင့်တယ်။ အလုပ်လုပ်သူဆိုရင် မီးဖွွါးခွင့်ကို မမွေးခင် ၆ ပတ်ထက်နောက်ကျပြီးယူတာ မလုပ်သင့်ဘူး။


• အမွှာကိုယ်ဝန်ဆောင် မိခင်ဟာ တနေ့မှာ၂ရဝဝ ကယ်လိုရီ စားသောက်သင့်တယ်။


• ကလေးတယောက်တည်း ကိုယ်ဝန်နဲ့ စာရင် အားဆေးတွေ ပိုလိုမယ်။ ဗီတာမင် (ဘီ) အုပ်စု သောက်ရမယ်။


• သွေးအားနည်းတာ ပိုဖြစ်နိုင်လို ့ သံဓါတ်အားဆေး သောက်ကိုသောက်သင့်တယ်။ ဖေါလစ်အက်စစ်လဲ လိုတယ်။


• ကိုယ်ဝန်ဆောင် စောင့်ရှောက်တာကို ပိုဂရုစိုက်ရမယ်။ ဆရာဝန်ကနေ (အာလ်ထွာဆောင်း) နဲ့ ရေမြွာရည်လည်း စစ်မယ်။ ကလေးအခြေအနေကိုလဲ စစ်မယ်။ အချင်းကိုလဲ စစ်မယ်။


• ၁၈-၂၄ပတ်ကနေစပြီး သားအိမ်ဝကို တိုင်းတာတာလဲလုပ်မယ်။


• မွေးလမ်းကြောင်း စမ်းပြီး သားအိမ်ဝကိုလဲ စစ်မယ်။ Incompetent cervix သားအိမ်ဝ မလုံတာ မဟုတ်ဖို့ သေချာချင်လို့ ဖြစ်တယ်။ ၅% မှာအဲလို ဖြစ်တတ်တယ်။ ဖြစ်ရင် သားအိမ်ဝကို မမွေးမချင်း ချုပ်ထားပေးရတယ်။


• Ultrasound ပိုရိုက်ရမယ်။ တချို့ဆရာဝန်တွေက တလတခါ ရိုက်တတ်တယ်။ အချင်းကိုစစ်ချင်တယ်။ ၁၆-၁၈-၂ဝ-၂၂-၂၄ ပတ်တွေမှာ Twin-twin-transfusion syndrome မဟုတ်တာ သေခြာချင်လို့ရိုက်တယ်။ ၂၄ ပတ် နောက်ပိုင်းတော့ တလတခါသာ ရိုက်ပါမယ်။


• Preterm labor စောမွေးတာ ၅၅% ရှိတယ်။


• Premature rupture of membranes ရေမြွာစောပေါက်တာ၊ Uneven growth ကလေးနှစ်ယောက် ဖွံ့ထွားမှု မတူတာ၊ High blood pressure သွေးတိုးရှိတာ၊ Preeclampsia ကိုယ်ဝန် သွေးဆိပ်တက်တာ နဲ့ Diabetes ဆီးချိုရှိလာတာတွေ ပိုဖြစ်တတ်တယ်။


• ဂျာမန် သုတေသနတခုမှာ အမွှာကိုယ်ဝန်ဆောင်ပေါင်း ၄၁၁ဝ ကိုလုပ်ခဲ့တယ်။ ကလေးတယောက်နဲ့ တယောက် မွေးလာတဲ့ အချိန်တွေကွာခြားတာကို လေ့လာတယ်။

 

- ပျမ်းမျှ ၁၃့၅ မိနစ် ကွာခြားတာတွေ့ရတယ်။
- ၁၅ မိနစ် = ၇၅့၈%၊
- ၁၆-၃ဝ မိနစ် = ၁၆့၄%၊
- ၃၁-၄၅ မိနစ် = ၄့၃%၊
- ၄၆-၆ဝ မိနစ် = ၁့ရ% နဲ့
- တနာရီထက်မကကွာတာ (၇၂ ယောက်) = ၁့၆% ရှိတယ်။
• မွေးဖွါးချိန် ပိုကြာတတ်တယ်။
• C-section ဗိုက်ခွဲမွေးနိုင်တဲ့ ရာခိုင်နှုန်းပိုများတယ်။ အမွှာကိုယ်ဝန်တိုင်းကို ခွဲမွေးရမယ်လို့ မဆိုလိုဘူး။
• မွေးပြီးရင် ကလေးတွေကို မိခင်နို့တိုက်ဘို့ ပြင်ဆင်ထားရမယ်။ ဒီအတွက် စားသောက်တဲ့အခါ တနေ့မှာ ကယ်လိုရီ ၅ဝဝ ပိုလိုမယ်။

 

Healthcare.com.mm

Ref:
ဒေါက်တာတင့်ဆွေ
Sunday, August 24, 2014


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18