Print

Polycystic Ovarian Syndrome - PCOS (သားဥအိမ်တွင် ရေအိတ်တည်ခြင်း)

  24-Feb-2017
Preview Image

မျိုးဆက်ပွားနိုင်သည့်အရွယ် အမျိုးသမီးများတွင် ဟော်မုန်း ချွတ်ယွင်းမှုကြောင့် သားဥအိမ်အတွင်း အရည်အိတ်များဖြစ်ခြင်းကို သားဥအိမ်ရေအိတ်တည်ခြင်း (Polycystic Ovarian Syndrome) ဟုခေါ်သည်။

 

လက္ခဏာများ
အပျိုဖော်ဝင်စ အရွယ်တွင် အဖြစ်များသည်။ ရောဂါလက္ခဏာများအနေဖြင့်
- ရာသီပုံမှန်မလာခြင်း၊ တခါတရံ လေးလနှင့် အထက် ရာသီသွေး ပျောက်သွားတတ်ခြင်း၊
- ရာသီပေါ်ပြန်လျှင်လည်း ရက်ပေါင်းများစွာ ပေါ်တတ်ခြင်း (Prolonged period)
- ယောကျ်ားဟော်မုန်း (Androgen) များသောကြောင့် မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွှေးများပေါက်ခြင်း၊ ဝက်ခြံများထွက်ခြင်း၊ ထိပ်ပြောင်ခြင်း တို့ဖြစ်နို်င်သည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
ဖြစ်စေသော အကြောင်းရင်းကို သေချာစွာ မသိရသေးပေ။ သို့သော် 
- မုန့်ချိုအိတ် (Pancreas) ဟော်မုန်း - Insulin အထွက်များသူ (due to Insulin resistance)
- အဝလွန်သူနှင့်
- မိသားစုဝင်များတွင် သားဥအိမ်ရေအိတ် တည်ဖူးသူများတွင် အဖြစ်များသည်ကို တွေ့ရသည်။

 

နောက်ဆက်တွဲ ပြဿနာများ
အဝလွန်သူများတွင် သားဥအိမ်ရေအိတ်တည်ပါက နောက်ဆက်တွဲအနေဖြင့်
- ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ
- သွေးတွင်း အဆီဓာတ်နှင့် ကိုလက်စ်ထရော များခြင်း
- နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ ဖြစ်လွယ်ခြင်း
- အသည်းထဲတွင် အဆီများစုခြင်းကြောင့် အသည်းရောင်ခြင်း
- မျိုးမအောင်ခြင်း
- အိပ်ပျော်ချိန်တွင် အသက်ရှူရပ်ခြင်း
- စိတ်ရှုတ်ထွေးခြင်း၊ စိ်တ်ဓာတ်ကျခြင်း
- ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း
- သားအိမ်ကင်ဆာ နှင့်
- ကိုယ်ဝန်ဆောင်ကာလတွင် သွေးတိုးခြင်း၊ သွေးချိုဆီးချို တက်ခြင်း တို့ဖြစ်နိုင်ပါသည်။

 

ရောဂါရှာဖွေခြင်း
- ဆရာဝန်နှင့် ပြသ၍ ရောဂါလက္ခဏာများကို စမ်းသပ်စစ်ဆေးခြင်း
- သားအိမ်တွင်း၊ မိန်းမကိုယ်အတွင်း အလုံးအကျိတ်များရှိမရှိကို စမ်းသပ်ခြင်း
- ရာသီသွေး ပုံမှန်မပေါ်သည့် အကြောင်းရင်းနှင့် ယောကျ်ားဟော်မုန်း များနေခြင်း တို့ကို သိနိုင်ရန် သွေးစစ်ခြင်း
- သွေးတွင်းရှိ အဆီဓာတ်နှင့် ကိုလက်စ်ထရောဓာတ်များကို စစ်ဆေးခြင်း
- သားဥအိမ်၏ ပုံသဏ္ဍာန်နှင့် သားအိမ်အထူကို သိနိုင်ရန် တီဗွီဓာတ်မှန် (Ultrasound) ရိုက်ခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

ရောဂါကုသခြင်း
- ကယ်လိုရီနည်းသော အစာများကို ရွေးချယ်စားသုံးခြင်း၊ ကိုယ်အလေးချိန်လျော့ချခြင်းနှင့် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့ကို ပြုလုပ်သင့်သည်။
- ရာသီသွေးပုံမှန်ပေါ်ရန်၊ သားဥကြွေရန်နှင့် အမွှေးများပေါက်ခြင်းကို သက်သာစေရန် ဆေးများကို ဆရာဝန်ညွှန်ကြားသည့် အတိုင်းသောက်သုံးနိုင်ပါသည်။

 

Lei 
Healthcare.com.mm
Ref: Mayoclinic


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18