Print

ကိုယ်ဝန်ဆောင်ချိန် ဖိနပ်ဝယ်မည်ဆိုလျှင်

  24-Feb-2017
Preview Image

ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်စီးနေကျ ဖိနပ်ထက် အနည်းငယ်ကြီးတဲ့ ဖိနပ်ဆိုက်ကို စီးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတာကို လေ့လာကြည့်ပါ။

 

ကိုယ်ဝန်ဆောင်ချိန် ခြေထောက်ရောင်ရမ်းခြင်းကြောင့်
ကိုယ်ဝန်ဆောင်သည် အများစုဟာ ခြေထောက်နဲ့ လက်တွေဖောရောင်တဲ့ ပြဿနာရှိပါတယ်။ သွေးလည်ပတ်မှု ပြဿနာကြောင့်ပါ။ သင်စားတဲ့ အစားအစာထဲမှာ ပရိုတင်းဓာတ်ချို့တဲ့ရင်ဖြစ်စေ၊ ဟေမိုဂလိုဘင် နည်းသွားခဲ့ရင်ဖြစ်စေ၊ ရေသောက်နည်းရင်ဖြစ်စေ၊ခြေနဲ့လက်ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖိနပ်အရွယ်အစားကို အနည်းငယ်ကြီးတာကို ရွေးချယ်ဖို့လိုပါတယ်။ 

 

ဟော်မုန်းအပြောင်းအလဲကြောင့်
ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးဖွားချိန်တွေမှာ ခန္ဓာကိုယ်ကနေ ဟော်မုန်းအပြောင်းအလဲတွေ များစွာဖြစ်နေတတ်ပါတယ်။ ဒီအချိန်မှာ အဆစ်၊ အရွတ်နဲ့ အရိုးတွေအနည်းငယ် အားလျော့နေတတ်ပါတယ်။ ခြေထောက်မှာဆိုရင် အရိုး ၂၆ ရိုးနဲ့ ရိုးဆစ်ပေါင်း ၃၀ ကျော်ရိုပါတယ်။ ဒီရိုးဆစ်တွေ လျော့ရဲလာတဲ့အချိန်မှာ သင့်ခြေထောက်တွေက နာကျင်မှုတွေ ဖြစ်နိုင်ပါတယ်။ ဒါကို သင်က ကျပ်လွန်းပြီး ကွက်တိဖြစ်နေတဲ့ ဖိနပ်မျိးကို ရွေးချယ်ခဲ့မယ်ဆိုရင် သင့်ခြေထောက်တွေကို ဒဏ်ဖြစ်စေတာကြောင့် ဖိနပ်ဆိုက်အနည်းငယ်ကြီးပြီး သက်သောင့်သက်သာ ဖြစ်စေမယ့် ဖိနပ်မျိုးကို ရွေးဖို့လိုပါတယ်။

 

ကိုယ်အလေးချိန်တက်လာခြင်းကြောင့် 
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တက်လာတာက သင့်ခြေထောက်ဖိနပ်ဆိုက်နဲ့ တိုက်ရိုက် ပတ်သက်မှုရှိပါတယ်။ သင့်ကိုယ်အလေးချိန် အရမ်းတက်လာမယ်ဆိုရင် သင့်ခြေထောက်ပေါ်မှာလည်း ဖိအားကျရောက်နိုင်ပါတယ်။ ဒါကြောင့် ဖိနပ်အရွယ်အစားကို အလေးထားဖို့ လိုပါတယ်။

 

ကိုယ်ဝန်ဆောင်ချိန် ဖိနပ်ဝယ်မည့်သူများအတွက် အကြံပြုချက်
• ကိုယ်ဝန်ဆောင်ချိန်မှာ ဖိနပ်ဝယ်ဖို့အတွက် သူများကို အရင်စီးနေကျ ဖိနပ်အရွယ်အစားကို ပြောပြပြီး လူကြုံမှာတာ မျိုးမလုပ်ပါနဲ့။ သင်ကိုယ်တိုင် ဖိနပ်ဆိုင်ကိုသွားပါ။
• ဖိနပ်အမြင့်တွေ၊ ခြေချော်နိုင်တဲ့ဖိနပ်တွေနဲ့ ကျပ်လွန်းတဲ့ ဖိနပ်တွေကို ရှောင်ပါ။
• ဖိနပ်ကို စီးလိုက်ချိန်မှာ သင့်ခြေထောက်နဲ့ ခြေဖဝါးတွေကို အကောင်းဆုံးထောက်ပ့ံပေးထားနိုင်တဲ့ ဖိနပ်ဖြစ်ဖို့လိုပြီး သင်သောင့်သက်သာ ဖြစ်နေဖို့လိုပါတယ်။
• ခြေစွပ်နဲ့ အသားကပ်ခြေအိတ်တွေကို ကိုယ်ဝန်ဆောင်ချိန်မှာ မဝတ်ပါနဲ့။ သွေးလည်ပတ်မှုကို အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။
• ဖိနပ်စီးချိန်မှာ သင့်ခြေဖဝါးနဲ့ ခြေထောက် နာကျင်မှုရှိနေတယ်ဆိုရင် ဆင်ခြင်ဖို့ လိုနေပါပြီ။

 

Healthcare.com.mm
Ref:
သဲသဲ
Goog Health Jarnal



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18