Print

ကိုယ်ဝန်ဆောင်တွေ သွေးတိုးတဲ့အခါ

  24-Feb-2017
Preview Image

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးကြောနံရံတွေရဲ့ ဖိအားဟာ ပုံမှန်ချိန်ထက် ပိုများနေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဖိအားများတဲ့အတွက် သွေးပေါင်ချိန်ဟာလည်း ပုံမှန်ထက် မြင့်တက်တာကြောင့် သွေးပေါင်ချိန်လည်း မြင့်တက်နေတတ်ပါတယ်။ သွေးပေါင်ချိန်မမြင့်တက်အောင် ဆေးဝါးတွေအကူအညီ လိုသလို နေထိုင်စားသောက်ဖို့ကလည်း အရေးကြီးလာပါပြီ။ ကိုယ်ဝန်ဆောင်စဉ်မှာသွေးတိုးတဲ့အခါ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကလည်း အများကြီးပါ။ ဒါတွေကတော့…။

 

(၁) အချင်းဆီ သွေးစီးမှု လျော့ကျခြင်း
(၂) အချင်းကွာကျခြင်း
(၃) လမစေ့ မွေးဖွားခြင်း တို့ဖြစ်သည်။ 

 

ကိုယ်ဝန်ဆောင်စဉ်မှာ ခံစားရတဲ့ သွေးတိုးရောဂါ ကာကွယ်မှု
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းတိုင်းရဲ့ သွေးပေါင်ချိန်ဟာ ပုံမှန်ချိန်ထက် အနည်းငယ် မြင့်တက်နိုင်ပါတယ်။ ဒါက ဓမ္မတာပါ။ ဒါပေမယ့် သွေးပေါင်ချိန် အလွန်မြင့်တက်မှု မရရှိအောင် ကာကွယ်ဖို့က အစားအသောက်၊ လေ့ကျင့်ခန်းတွေနဲ့ ကာကွယ်ထားလို့ရပါတယ်။

 

ကာကွယ်နည်းတွေ အနေနဲ့ 
• အငန်လျှော့စားပါ။
• တစ်နေ့ကို အနည်းဆုံး ရေ ၈ ဖန်ခွက် သောက်ပေးပါ။ 
• နေ့စဉ်စားတဲ့ အစားအစာမှာ ပရိုတင်းဓာတ်ကို ပိုစားပြီး ဆီကြော်စာနဲ့ အမြန်စာ၊ ထုတ်ပိုးစာတွေကို လျှော့ချပါ၊ 
• ကောင်းကောင်းအနားယူပါ။
• မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို နေ့စဉ်လုပ်ပါ။
• လမ်းများများလျှောက်ပေးပါ။
• အရက်၊ အဖျော်ယမကာသောက်သုံးမှု ရှောင်ပါ။
• ကဖင်းပါသော အစားအစာများ၊ ကော်ဖီ၊ လက်ဖက်ရည်တို့ကို ရှောင်ပါ။
• ဆရာဝန်ညွှန်ကြားပေးသော ဆေးဝါးများနဲ့ အာဟာရ ဖြည့်စွက်စာများကို သောက်သုံးမှီဝဲပါ။

 

နောက်ဆက်တွဲပြဿနာများကို ဘယ်လိုကာကွယ်နိုင်မလဲ
ကိုယ်ဝန်ဆောင်သွေးတိုးကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်နိုင်ဖို့အတွက် -

(၁) ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို စဉ်ဆက်မပြတ် ခံယူပါ။

(၂) သွေးတိုးကျဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း တိကျမှန်ကန်စွာ ပုံမှန်စားသုံးပါ။

(၃) သွက်လက်တက်ကြွစွာနေထိုင်ပါ။ ကိုယ်ဝန်ဆောင်ရလို့ မထတမ်းထိုင်တာ၊ လှဲတာမျိုး မလုပ်ဘဲ လုပ်သင့်လုပ်ထိုက်တဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုး လုပ်ပေးပါ။ ကိုယ်ဝန်ဆိပ်တက်လက္ခဏာ ပြသလာရင်တော့ အိပ်ရာထဲလှဲပြီး ကောင်းကောင်း အနားယူပေးပါ။ 

(၄) ကျန်းမာရေးနဲ့ ညီညွတ်မျှတသော အစားအစာများကို စားပေးပါ။ နေ့စဉ်အစားအစာထဲမှာ ဆိုဒီယမ်(ဆား) ဓာတ်ပါဝင်မှုကို လျှော့ချပြီး ကိုယ်ဝန်ဆောင်တွေ လိုအပ်တဲ့ ဗီတာမင်များကို မှီဝဲပါ။

(၅) ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပါ။ ကျန်းမာတဲ့ မိခင်ကောင်းတစ်ယောက်ဟာ ပုံမှန်ကိုယ်အလေးချိန်ထက် ၂၅ ပေါင်ကနေ ၃၅ ပေါင်ထိ ပိုလာတတ်ပါတယ်။ ဒါကလည်း သန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုကြောင့်ပါ။ ဒါပေမဲ့ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် မပိုအောင်တော့ နေထိုင်ပြီး ကိုယ်အလေးချိန်ကို ထိန်းထားသင့်ပါတယ်။ 

(၆) အရက်၊ ဆေးလိပ်နဲ့ ဖျားနာကိုက်ခဲပျောက်ဆေးကို သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။ အကယ်၍ ဖျားနာကိုက်ခဲပျောက်ဆေးတွေကို သောက်သုံးဖို့ လိုရင်တောင် ဆေးမသောက်မီ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ပြီး သောက်သုံးသင့်ပါကြောင်း မျှဝေရေးသားလိုက်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref:
Sheri (U.O.N,Ygn)
Ziwaka magazine, January 2014, Pg.81-83



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18