Print

လေးဖက်နာရောဂါကုဆေးနဲ့ ကိုယ်ဝန်ဆောင်

  24-Feb-2017
Preview Image

လေးဖက်နာရောဂါကို ကုသတဲ့နေရာမှာ ပိုးသေအောင်သတ်တဲ့ ပဋိဇီဝပိုးသတ်ဆေး (Antibiotics)၊ ရောင်ရမ်းကျဆေး (Anti-inflammatory) နဲ့ အဖျားကြီးပြီး တက်တဲ့အခါပေးတဲ့ အတက်ကျဆေး (Anticonvulsant) တို့ကို အသုံးပြုပါတယ်။ ဒီနေရာမှာ ကိုယ်ဝန်ဆောင်နဲ့ လေးဖက်နာဆေးအကြောင်းနဲ့ ပတ်သက်ပြီး မေးခွန်းတွေရှိပါတယ်။

 

ကိုယ်ဝန်ဆောင်ချိန်မှာ လေးဖက်နာဆေးသောက်လို့ ရ၊ မရ ဆိုတာနဲ့ ပတ်သက်ပြီး ပြောရရင်တော့ လေးဖက်နာဆေးတွေက ကိုယ်ဝန်ကို အနည်းနဲ့အများ ထိစေနိုင်ပေမယ့် ကိုယ်ဝန်ထိခိုက်မှု နည်းအောင်တော့ ဆရာဝန်တွေက ကြိုးစားကုသကြ ပါတယ်။ ဆေးမှန်မှန်သောက်မှသာ ရောဂါကို ထိန်းနိုင်ပြီး ရောဂါပြင်းအား ကို လျှော့ချ ပေးနိုင်မှာပါ။

 

လေးဖက်နာရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်က မွေးလာတဲ့ကလေးမှာလည်း ကလေးနှလုံး ရောင်ရမ်းခြင်း ဖြစ်စေတတ်ပါတယ်။ကိုယ်ဝန်ဆောင်နေချိန် ပဋိဇီဝ ပိုးသတ်ဆေး သောက်တဲ့အခါ ကိုယ်ဝန်ထိခိုက်မှုမရှိအောင် ဆရာဝန်နဲ့ ကိုယ်ဝန်စောင့်ရှောက်မှုကို ကြပ်ကြပ်မတ်မတ် ဂရုပြုပြီး ယူသင့်ပါတယ်။ ရောင်ရမ်းကျဆေးအနေနဲ့ ကိုယ်ဝန်ထိခိုက်မှုနည်းအောင် စတီးရွိုက်ဆေးတွေကိုပမာဏအနည်းငယ် သုံးစွဲရပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ဝန်မယူခင် လေးဖက်နာရောဂါ ရှိ၊ မရှိ စစ်ဆေးပြီးမှ ကိုယ်ဝန်ယူသင့်သလို ရောဂါရှင်အမျိုးသမီးတွေအနေနဲ့ ရောဂါကိုထိန်းပြီးမှ ကိုယ်ဝန်ဆောင်သင့်ပါတယ်။ 

 

လေးဖက်နာဆေးတွေဟာ ဘေးထွက်ဆိုးကျိုးများတာ မှန်ပေမယ့် ဆေးကိုမသောက်ဘဲ ရပ်ပစ်လိုက်ရင်လည်း မိခင်ရော၊ ကလေးအတွက်ပါ ထိခိုက်စေတဲ့အထိ အန္တရာယ် များပါတယ်။ လေးဖက်နာရောဂါကုဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ကြောက်တယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းတဲ့၊ ပျောက်တာလည်းမြန်တဲ့ ဇီဝကုထုံးသုံးပြီး ကုသနိုင်ပါတယ်။ လေးဖက်နာရောဂါကု ဆေးတွေကို သောက်ပြီး ခြောက်လ၊ တစ်နှစ်ကြာမှ ကလေးယူမယ်ဆိုရင် မိခင်ရော၊ ကလေးပါ အန္တရာယ်ကင်ပြီး ကျန်းမာ ဖွံ့ဖြိုး၊ ဉာဏ်ရည်ထက်မြက်တဲ့ ချစ်စဖွယ်ကလေးငယ်ကို မွေးဖွားနိုင်ပါကြောင်း လေးဖက်နာနှင့် ပတ်သက်သမျှ ကိုယ်ဝန်ဆောင်တို့ သိအပ်တဲ့ အချက်အလက်တွေကို ကျန်းမာရေးဗဟုသုတအဖြစ် ရေးသားဖော်ပြလိုက်ရပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
Sheri (U.O.N,Ygn)
Ziwaka magazine, November 2014, Pg. 125



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18