ကိုယ်ဝန်သည်များ အကြောပြတ်လျှင် ပြေလျော့အောင်နေပါ
24-Feb-2017
ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြောပြတ်တာမျိုးတွေ အရေပြားအခြားနေရာ မှာလည်း တွေ့ရတတ်ပါတယ်။ Stretch Mark လို့ခေါ်ပါတယ်။ ပြေလျော့စေသောလေ့ကျင့်ခန်းများဖြစ်တဲ့ ယောဂလို ကျင့်စဉ်များ ပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ကိုပြေလျော့စေတယ်။ ခန္ဓာကိုယ်အတွင်းက ဗဟိုဆွဲအားနေရာ ပြောင်းရွှေ့မှုကို ထိန်းညှိပေးနိုင်ပါတယ်။
ဒါကြောင့် ယောဂလေ့ကျင့်ခန်းမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။ ယောဂသင်တန်းတက်ခြင်း သို့မဟုတ် DVD ခွေဝယ်၍ ကြည့်ရှုကာ လေ့ကျင့်ခန်းများ ပြုလုပ်ပေးနိုင်တယ်။ ကိုယ်ဝန်သည်များအတွက် သီးသန့်ဖွင့်လှစ်ပေးသော ယောဂသင်တန်းကိုလည်း တက်နိုင်ပါတယ်။ အရေးကြီးတာက အသိအမှတ်ပြု လက်မှတ်ရ ယောဂဆရာဖြင့်လေ့ကျင့်သင်ယူမှသာ ဘေးကင်းစိတ်ချရမှာဖြစ်တယ်။ ဒါအပြင် မွေးမယ့်ရက်နှင့် အချိန်ကိုက်ပြီး ဘယ်လို အနေအထား၊ ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ရမယ်ဆိုတာကိုလည်း ယောဂနည်းပြဆရာမက သင်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။ ယောဂအပါအဝင် မည်သည့်လေ့ကျင့်ခန်းမဆို လုပ်မယ်ဆိုရင် ရှေးဦးစွာ ကိုယ်ဝန်အပ်နှံထားသော ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ပြုလုပ်သင့်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
မောင် (ဆေးတက္ကသိုလ်)
Health Digest Journal
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

