Print

ကိုယ်ဝန်ဆောင်မယ့် မိခင်လောင်းတွေ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ စတင်ရှောင်ရှား...

  24-Feb-2017
Preview Image

သင်ဟာ ကိုယ်ဝန်ဆောင်ဖို့ ဆုံးဖြတ်ချက်ချထားသူ ဖြစ်တယ်ဆိုရင် အောက် မှာဖော်ပြထားတဲ့ အစားအသောက်တွေဟာ သင့်ရဲ့မျိုးဥဖွံ့ဖြိုးခြင်းကို အနှောင့် အယှက်ပေးနိုင််တဲ့အတွက် သတိထားရှောင်ရှားသင့်ပါတယ်။

 

အဆီထုတ်ထားခြင်းမရှိတဲ့ အစားအစာ အဆီမထုတ်ထားတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်နဲ့ သင့်တော်တဲ့ အစားအစာ မဟုတ်တာတော့ အားလုံးသိထားပြီးသားလို့ ထင်ပါတယ်။ ထမင်းကြော်၊ အသင့်စားသုံးနိုင်တဲ့ အစားအစာတွေ၊ ထောပတ်အစရှိတဲ့ အစားအစာတွေထဲမှာ အဆီတွေ မြောက်များစွာ ပါဝင်တာကို တွေ့ရပါတယ်။ အဲလို အစားအသောက်တွေကို တွယ်တာမယ့်အစား သံလွင်ဆီ၊ ထောပတ်သီး၊ မြေပဲနှင့် ဘဲသားတွေကို အစားထိုး စားသုံးသင့်ပါတယ်။

 

ကာဗွန်ဟိုက်ဒရိုက်ပါတဲ့ အစားအစာဟာ သင့်သွေးကြောထဲ သကြားဓါတ်မြောက်များစွာ စီးဝင်စေတဲ့အတွက် ဟော်မုန်းထုတ်နှုန်းမြန်စေပြီး သင့်မျိုးရိုးဗီဇ သာမက အထွေထွေ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ကာဗွန်ဟိုက်ဒရိုက်ပါတဲ့ အစားအစာတွေကတော့ ဂျုံမုန့်၊ အာလူး၊ ကာဗွန်ဟိုက်ဒရိုက် အများကြီးပါတဲ့ ဆန် စတဲ့အစားအစာတွေကို စားသုံးတော့မယ်ဆိုရင်တော့ သေချာရွေးချယ်ပြီး စားသုံးသင့်ပါတယ်။

 

ယမကာနဲ့ ကဖိန်းဓါတ်ပါတဲ့အအေးများ သင့်ခန္ဓာကိုယ်အား အက်ဆစ်၊ alcohol နဲ့ ကဖိန်းဓါတ်ပါတဲ့ အအေးစတဲ့ အစားအသောက်တွေနဲ့ ဖွံ့ဖြိုးစေတဲ့အတွက် သင့်ခန္ဓာကိုယ် ကို သိသိသာသာ အက်ဆစ်ဓါတ် ပိုများလာစေနိုင်ပါတယ်။ အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေရုံတင်မကဘူး။ မျိုးပွားခြင်းအတွက်လည်း အထူးသဖြင့် ထိခိုက်စေပါတယ်။ ထို့ကြောင့် မိခင်လောင်းတွေအနေနဲ့ အက်ဆစ်ဓါတ်အများကြီးပါတဲ့ အစားအစာ၊ အအေးတွေကို ရှောင်ပြီးတော့ အသီးအနှံတွေကို ပိုပြီးစားသုံးသင့်ပါတယ်။

 

အရွယ်အစားကြီးတဲ့ငါးများ နှုတ်ခမ်းဓါးရှည်ကဲ့သို့ရှိနေတဲ့ငါး၊ တူနာ သို့မဟုတ် ငါးမန်း အစရှိတဲ့ အရွယ်အစား ကြီးမားတဲ့ငါးတွေကို တစ်ပတ်တစ်ခါထက်ပိုပြီး စားသုံးခြင်းကနေ သင့်ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေ ဖြစ်စေနိုင်ပါတယ်။ ဒါအပြင် သင့်ဟော်မုန်းထုတ်မှု၊ ကိုလတ်ထရွှိုင်အဆင့်၊ သွေးအတွင်း သကြားဓါတ်ပါဝင်နှုန်းနဲ့ အစာခြေခြင်းတွေကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ခုနဖော်ပြထားတဲ့ ငါးတွေထက် ပိုသေးငယ်တဲ့ ငါးတွေကိုရွေးပြီး စားသုံးဖို့ လိုအပ်ပါတယ် ဒါမှမဟုတ်ရင်တော့ စားသုံးတဲ့နှုန်းကို ကန့်သတ်ထားဖို့ပဲ ဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Aye Chan Mon



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18