Print

မီးယပ်သွေးဆုံးခြင်း

  24-Feb-2017
Preview Image

အသက် ၄၅ မှ ၅၀ နှစ်အကြားတွင် 'မ'ဟော်မုန်း အီစတြို ဂျင်ထုတ်လုပ်မှု ရပ်တန့် သွားပြီး ရာသီသွေးမပေါ်တော့ခြင်းကို မီးယပ်သွေးဆုံးခြင်းဟုခေါ်ပါသည်။ မီးယပ်သွေး ဆုံးခြင်းသည် ရုတ်ချည်းဖြစ်ပေါ်လေ့မရှိဘဲ မီးယပ်သွေးလုံးဝပျောက်ကွယ်မသွားခင် ၁ နှစ်မှ ၅ နှစ်အတွင်း ရာသီသွေးထိန်ခြင်းနှင့် မမှန်ခြင်းတို့ဖြစ်တတ်သည်။ တခြားသောမဟော်မုန်းထုတ်လုပ်နိုင်သော နေရာများဖြစ်သည့် အက်ဒရီနယ်ဂလင်းနှင့် အဆီတစ်သျှူး များမှလည်း သွေးဆုံးပြီးချိန်တွင် လိုအပ်သည့် ဟောမုန်းများကို ထုတ်ပေးလျက်ရှိသော် လည်း ပမာဏမှာ မလုံလောက်သည့်အတွက် ထိုကာလအတွင်း ခန္ဓာကိုယ်မအီမသာဖြစ်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းစသော ရောဂါလက္ခဏာများ ပေါ်ပေါက် လာပါသည်။

 

မဟော်မုန်းလျော့နည်းမှုကြောင့် သွေးဆုံးပြီးနှင့် သွေးမဆုံးမီကာလအတွင်းခံစားရသောရောဂါလက္ခဏာများ

အမျိုးသမီးထု၏ ၉၀%သည် ထိုရောဂါလက္ခဏာများကို ခံစားရနိုင်သည်။ ပုံမှန်အားဖြင့် ရောဂါလက္ခဏာ စတင်သည်မှ ၂ နှစ်မှ ၁၀ နှစ်အထိ ကြာရှည်နိုင်ပြီး တစ်ချို့အမျိုးသမီးများတွင် မပျောက်ဘဲဖြစ်နေတတ်သည်။ 

 

(၁) ခန္ဓာကိုယ်ဖိန်းတိန်း၊ ရှိန်းတိန်းဖြစ်ခြင်း
 - ညဘက်ချွေးစီးပြန်ခြင်း
 - ညဘက်အိပ်ရေးပျက်ခြင်း
 - မောပန်းလွယ်ခြင်း

 

(၂) ရင်တုန်ခြင်း

 

(၃) စိတ်ခံစားလွယ်ခြင်း
- စိတ်အပြောင်းအလဲမြန်ခြင်း
- စိုးရိမ်ပူပန်စိတ်များခြင်း
- စိတ်ဓာတ်ကျခြင်း
- အာရုံစူးစိုက်မှုလျော့နည်းခြင်း

 

(၄) မွေးလမ်းကြောင်းခြောက်သွေ့ခြင်း
- ကာမဆန္ဒ လျော့နည်းခြင်း

 

သွေးဆုံးပြီးနောက် ပေါ်ပေါက်လာသော ရောဂါလက္ခဏာများ
- အရိုးပွခြင်း
- နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ
- ခုခံအားလျော့နည်းခြင်း
- ဦးနှောက်နှင့် နာ့ဗ်ကြောဆိုင်ရာ ရောဂါလက္ခဏာများ
- သူငယ်ပြန်ခြင်း
- အသားအရေရှုံ့တွဲအိခြင်း
- ဆံပင်ကျွတ်ခြင်း

 

ကုထုံး
“မ” ဟော်မုန်းအစားထိုးကုထုံး
သဘာဝအတိုင်း ခန္ဓာကိုယ်မှထွက်သော မဟော်မုန်းများမဟုတ်သည့်အတွက် ကောင်းကျိုးနည်း၍ ဆိုးကျိုးများစေပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Ziwaka magazine, October 2014, Pg.82



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18