Print

အဖြူဆင်းလေသောအခါ

  17-May-2017
Preview Image


အခုအချိန်လို ရောဂါဘယတွေ ထူပြောနေတဲ့ ခေတ်ကြီးမှာ ကျွန်မတို့ မိန်းမသားထုအတွက်လည်း အမျိုးသမီးအင်္ဂါရပ်နှင့်ဆိုင်တဲ့ ရောဂါတွေအတွက် ပိုမိုပြီး စိုးရိမ်ပူပန်မှု ရောက်နေကြရလိမ့်မယ်လို့ ထင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ အရွယ်ဖော်ဝင်စအချိန်ကနေစပြီး သွေးဆုံးချိန်ကာလအထိ Reproductive Age လို့ခေါ်တဲ့ မျိုးပွားနိုင်တဲ့ အသက်အရွယ်ကာလကို ဖြတ်ကျော်ရချိန်မှာ မျိုးပွားအင်္ဂါတွေမှ ပြောင်းလဲမှုဖြစ်စဉ် တွေကို သဘာဝအရ ခံစားကြရပါတယ်။ အဲဒီအချိန်ကာလအတွင်းမှာ ရံဖန်ရံခါ သဘာဝမဟုတ်တဲ့ ပြောင်းလဲမှုလေးတွေကို တွေ့ကြုံလာရတဲ့၊ ဆိုးရွားတဲ့ရောဂါဆိုးကြီးတွေအဖြစ် ပြောင်းလဲလာလိမ့် မလားလို့ စိုးရိမ်ကြောင့်ကြမှု သံသယစိတ်တွေကို အနည်းငယ်လေး ပြေလျော့သွားစေဖို့လည်းကောင်း၊ ရောဂါဆိုးများ ဖြစ်နိုင်ဖွယ်ရှိနိုင်လျှင်လည်း စောစီးစွာ ကုသမှုခံယူနိုင်စေဖို့ သော်လည်းကောင်း ရည်ရွယ်၍ အမျိုးသမီးများ အများဆုံးဖြစ်လေ့ဖြစ်ထရှိသော အဖြူဆင်းခြင်းနှင့် ပတ်သက်တဲ့ သိဖွယ်ရာအကြောင်းအရာများကို စုစည်းဖော်ပြလိုက်ရပါတယ်။


အဖြူဆင်းတယ်ဆိုတာ 

(White Discharge Per Vagina) 

ကျွန်မတို့မိန်းမသားတွေအနေနဲ့ အပျိုဖော်ဝင်ချိန် ရောက်ရှိလာပြီဆိုကတည်းက အဖြူဆင်းတယ်ဆိုတဲ့ စကားလုံးလေးနဲ့ စတင်ရင်းနှီးစ ပြုလာပါလိမ့်မယ်။ အဖြူဆင်းတယ်ဆိုတာ မိန်းမသားတစ်ယောက်ရဲ့ ဘဝမှာ မကြာခဏ ကြုံတွေ့ရလေ့ရှိပြီး Vagina လို့ခေါ်တဲ့ မွေးလမ်းကြောင်းကနေတစ်ဆင့် အဖြူရောင်အရည်ကြည် လေးတွေ ဆင်းတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကျွန်မတို့မိန်းမကိုယ်အင်္ဂါဟာ သဘာဝဖွဲ့စည်းဖော်ပုံအရ အရမ်းကြီး ခြောက်သွေ့နေလို့တော့ မရပါဘူး။ သဘာဝအရကို အကျိအချွဲအရည်လေးတွေနဲ့ စိုစိုပြည်ပြည် ဖြစ်နေရပါမယ်။ ဒါကြောင့် ပုံမှန်အားဖြင့် မွေးလမ်းကြောင်း အတွင်းမှာရှိတဲ့ အမြှေးပါးတွေရယ်မှာရှိနေတဲ့ အကျိတ်ငယ်လေးတွေကနေ အဖြူရောင်အရည်လေးတွေ ဆင်းတတ်လေ့ရှိပါတယ်။


စတင်သတိပြုမိချိန်

မိန်းကလေးအများစုဟာ ပုံမှန်မိန်းမကိုယ်မှ အရည်ကြည်အနည်းငယ်ဆင်းရုံနှင့်တော့ သတိပြုမိလေ့ မရှိကြပါဘူး။ ဒါပေမဲ့ ပမာဏနည်းနည်းများလာပြီဆိုရင် သတိပြုမိတတ်ကြပါတယ်။ အမျိုးသမီးတစ်ယောက်က ပုံမှန်အခြေအနေတချို့မှာလည်း မိန်းမကိုယ်မှ အဖြူဆင်းတဲ့ ပမာဏများလေ့ရှိပါတယ်။ ဥပမာ ရာသီစက်ဝန်း အရ သားဥကြွေချိန်၊ ဓမ္မတာမလာခင်နဲ့ လာပြီးအချိန်တွေ၊ အလုပ်တာဝန်တွေ အရမ်းများပြီး ပင်ပန်းနွမ်းနယ် ချိန်တွေနဲ့ စိတ်ဖိစီးမှုတွေ အရမ်းများနေတဲ့အချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ သနွေတားဆေး အသုံးပြုနေချိန်၊ လိင်ပိုင်းဆိုင်ရာ စိတ်လှုပ်ရှားမှုတွေ အရမ်းများနေတဲ့အချိန်၊ မွေးကင်းစအသက် ၁ ရက်ကနေ ၁၀ ရက်အတွင်း ကလေးလေးတွေနဲ့ အပျိုဖော်ဝင်ခါစအရွယ် မိန်းမငယ်လေးတွေမှာ ပုံမှန်အားဖြင့် အဖြူဆင်းတဲ့ ပမာဏများလေ့ ရှိကြပါတယ်။


နောက်တစ်ချက်က အဖြူဆင်းတဲ့ အရည်တွေကို ပုံမှန်မဟုတ်နိုင်ဘူးလို့ ယူဆမိတဲ့အချိန်မှာလည်း သတိပြုမိတတ်ပါတယ်။ ဥပမာ - အရည်တွေက ဒိန်ခဲလို ပျစ်ချွဲထူပျစ်နေတာမျိုး၊ အရည်အရောင်က အဖြူရောင်မဟုတ်ဘဲ အစိမ်းရောင်၊ အဝါရောင်၊ အညိုရောင်စတဲ့အရောင်တွေ ပြောင်းသွားတာမျိုး၊ သွေးစနည်းနည်းနဲ့ ပြည်အနည်းငယ် ရောပါလာပြီးအနံ့ဆိုးတွေ ထွက်နေတဲ့အချိန်မျိုးနှင့် မွေးလမ်းကြောင်း ပိတ်ဝန်းကျင် ယားယံပြီး ပူစပ်နေတာမျိုးဆိုရင်တော့ သတိထားမိတတ်ကြပြီး အဲဒီလိုအခြေအနေတွေနဲ့ မဟုတ်နိုင်ဘူးဆိုတာ သေချာနေပါပြီ။ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်းဆိုတာ အများအားဖြင့် ရောဂါပိုးမွှားတွေကြောင့် ဖြစ်တတ်ပါတယ်။ တစ်ခါတလေ စိတ်ဖိစီးမှုများခြင်း၊ ဆီးချိုသွေးချိုရောဂါရှိနေခြင်း၊ သနွေတားဆေးလုံးလေးများ သောက်နေခြင်း၊ ကိုယ်ဝန်ရှိနေခြင်းနှင့် မှိုရောဂါပိုးစွဲကပ်ပြီး အဖြူဆင်းခြင်း ဖြစ်ပေါ်မှုကို မြင့်တက်စေပါတယ်။


ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်းကို အသက်အရွယ်အလိုက် ခွဲခြားကြည့်တဲ့အခါ ကလေးအရွယ်မှာ ဖြစ်တတ်တာကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းကတစ်ဆင့် ရနိုင်တဲ့ Bacteria ပိုးမွှားတွေကြောင့်ရယ်၊ ရေချိုးဆပ်ပြာနဲ့ အသုံးအဆောင်ပစ္စည်းတွေက ဓာတုပစ္စည်းတွေကြောင့်ရယ်နှင့် တချို့ပြင်ပအရာဝတ္ထုတွေကြောင့် (ဥပမာ ရေအိမ်သုံးစက္ကူ အပိုင်းအစတွေနဲ့ ကစားစရာအရုပ်ငယ်လေးတွေကတစ်ဆင့် ရရှိနိုင်တဲ့ ရောဂါပိုးမွှား တွေကြောင့် အများဆုံးဖြစ်နိုင်ပါတယ်။ Reprodutive Age လို့ခေါ်တဲ့ သနွေအောင်နိုင်တဲ့ အရွယ်မှာတော့ မွေးလမ်းကြောင်းနှင့်ဆိုင်တဲ့ ရောဂါပိုးမွှားတွေကြောင့် အဖြစ်များနိုင်ပါတယ်။


အသက်အရွယ်အိုမင်းကြီးရင့်သူတွေမှာတော့ ဆီးလမ်းကြောင့်မှလာတဲ့ ဆီးတွေ၊ ဝမ်းတွေမှတစ်ဆင့် လှုံ့ဆော်မှုကြောင့် အများဆုံးဖြစ်လေ့ရှိပါတယ်။ (ဥပမာ - ဆီးဝမ်းမထိန်းနိုင်တော့သော အမျိုးသမီးတွေမှာပေါ့)။ နောက်တစ်ချက်က ရာသီစက်ဝန်းကာလနဲ့ ခွဲခြားကြည့်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ဓမ္မတာမလာခင်ရော၊ လာပြီးချိန်မှာပါ အဖြူအနည်းငယ်ဆင်းတတ်ပြီး ခနွာကိုယ်တွင်း ဟော်မုန်းပမာဏ အပြောင်းအလဲကြောင့် ဖြစ်တတ်ပါတယ်။ ဓမ္မတာမလာခင် ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်းကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်း တွေကတော့ ဟော်မုန်းသနွေတားဆေးနှင့် အရေးပေါ်သနွေတားဆေးများ အသုံးပြုခြင်း၊(Estorgen) အီထရိုဂျင်ဟော်မုန်းပါဝင်သော ဆေးများကို အသုံးပြုခြင်း၊ စိတ်ဖိစီးမှုများခြင်းနဲ့ တချို့ရောဂါအခြေအနေ တွေကြောင့် ဖြစ်တတ်သော ဟော်မုန်းပမာဏ မညီမျှခြင်းနဲ့ သိုင်းရွိုက်ဟော်မုန်းထွက်ရှိမှု မလုံလောက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။


Credit:

နွေး (U.O.N. Ygn)

Ziwaka Magazin




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18