Print

Fibroadenoma ( ရင်သားအလုံးတည်ခြင်း)

  24-May-2017
Preview Image


Fibroadenoma သည် ဆယ်ကျော်သက်အရွယ် မိန်းကလေးများနှင့် အသက် ၃၀ အောက် အမျိုးသမီးများတွင် အဖြစ်များသော ကင်ဆာမဟုတ်သည့် ရင်သားအလုံးအကျိတ်တစ်မျိုး ဖြစ်သည်။


လက္ခဏာများ

ရင်သားအလုံးအကျိတ် တည်ခြင်း၏ လက္ခဏာများ အနေဖြင့် 

- လုံးဝန်းသောအကျိတ် ဖြစ်ခြင်း

- အလွယ်တကူ ရွေ့လျားနိုင်ခြင်း

- မာခြင်းနှင့်

- နာကျင်မှု မခံစားရခြင်း တို့ဖြစ်ပါသည်။


ဖြစ်ပွားရသောအကြောင်းရင်းများ

မည်သည့်အကြောင်းရင်းကြောင့် Fibroadenoma ဖြစ်ရသည်ကို သေချာမသိရှိကြသော်လည်း မျိုးပွားဟော်မုန်းများကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။ Fibroadenoma သည် ဟော်မုန်းအပြောင်းအလဲကာလဖြစ်သော ကိုယ်ဝန်ဆောင်ချိန်နှင့် ဟော်မုန်းဆေးကုသမှု ခံယူချိန်တို့တွင် ကြီးလာတတ်ပြီး သွေးဆုံးသွားချိန် (သို့) ဟော်မုန်းပမာဏ လျော့ကျသွားသည့်အခါ ပြန်လည်သေးသွားတတ်သည်။


နောက်ဆက်တွဲပြဿနာများ

Fibroadenoma သည် နောက်ဆက်တွဲ ရောဂါအဖြစ် ရင်သားကင်ဆာ မဖြစ်စေသော်လည်း Calcification ဟုခေါ်သော တစ်သျူးများ ပါဝင်ပါက ရင်သားကင်ဆာ ဖြစ်မှုကို အနည်းငယ် မြင့်တက်စေနိုင်သည်။


ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

အကယ်၍ ရင်သားတွင် အလုံးအကျိတ် စမ်းမိခြင်း (သို့) ရင်သားပြောင်းလဲခြင်းများ ရှိသည်ကို သိရှိသည်နှင့် ဆရာဝန်ထံ သွားရောက်ပြသသင့်ပါသည်။


စစ်ဆေးမှုများ

Fibroadenoma ဟုတ်မဟုတ် သိရှိနိုင်ရန် ရောဂါရာဇဝင်အကြောင်း မေးမြန်းခြင်း၊ ရင်သားအား စမ်းသပ်ခြင်း၊ Mammography (ရင်သားဓာတ်မှန် ရိုက်ခြင်း)၊ ရင်သား အာထရာဆောင်း ရိုက်ခြင်း၊ အပ်ဖြင့် ရင်သားထဲမှ အရည်အား စုပ်ထုပ်၍ စစ်ဆေးခြင်းနှင့် အသားစယူ၍ စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။


ကုသခြင်း

Fibroadenoma သည် များသောအားဖြင့် ကုသမှု ခံယူစရာမလိုဘဲ သူ့အလိုလို ပြန်ကောင်းတတ်သည်။ သို့သော် စစ်ဆေးချက် ရလဒ်များ မကောင်းပါက ခွဲစိတ်မှု ခံယူရတတ်သည်။ အဆိုပါ ခွဲစိတ်မှုမှာ Lumpectomy or excisional biopsy ( ရင်သားအကျိတ်အား ဖယ်ထုတ်ခြင်း) ဖြစ်သည်။ အကျိတ်အား ခွဲစိတ်ဖယ်ရှားပြီးသည့်တိုင် အကျိတ်များ ပြန်ဖြစ်နိုင်သည့်အတွက် အကျိတ်ထပ်ပေါ်ခြင်း ရှိမရှိ စစ်ဆေးနေသင့်ပါသည်။ အကယ်၍ မခွဲစိတ်လိုပါက အကျိတ်အား ဆရာဝန်ထံ ပုံမှန်စစ်ဆေးမှု ခံယူသင့်ပါသည်။


Paing

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18