Print

သိုင်းရွိုက်ဟော်မုန်းအားနည်းရောဂါ နှင့်ကိုယ်ဝန်ဆောင်

  31-May-2017
Preview Image


(Hypothyroidism)

 Hypothyroidism ဟာ ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်တွေမှာ ၂-၃% လောက်ဖြစ်ပြီး ၀.၃-၀.၅% သာ ဆေးရုံဆေးခန်းဆီ ရောက်လာတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေဟာ သိုင်းရွိုက်ဟော်မုန်းအားနည်းရောဂါ ခံစားရတာကို ကမ္ဘာအနှံ့မှာ တွေ့ရှိရပြီး အဓိက ဖြစ်ရခြင်းအကြောင်းကတော့ နာတာရှည်ခုခံအား တုံ့ပြန်ခြင်း (Autoimmune disease) နဲ့ ဆက်စပ်နေတဲ့ သိုင်းရွိုက်ဂလင်းရောင်ရောဂါကြောင့် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာဖြစ်တဲ့ သိုင်းရွိုက်ဟော်မုန်းအားနည်းရောဂါဟာ တစ်ခါတစ်ရံမှာ ကိုယ်ဝန်ဆောင်ကာလ ကြုံတွေ့ရတဲ့ လက္ခဏာနဲ့တောင် ခွဲခြားမရနိုင် ဖြစ်တတ်ပါတယ်။ အဲဒီ အခါမှာ မိမိကိုယ်တိုင်နဲ့ မိဘမျိုးရိုးမှာ သိုင်းရွိုက်ရောဂါ ရှိ၊ မရှိ၊ လည်ပင်းကြီးရောဂါ ရှိ၊ မရှိ၊ ဒါမှမဟုတ် အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရှိ၊ မရှိကို ပြန်ကြည့်ရတတ်ပါတယ်။

 

မိခင်နှင့်ကလေးအပေါ် သက်ရောက်မယ့်အန္တရာယ်

 သွေးတွင်းမှာရှိတဲ့ TSH ပမာဏ အလွန်မြင့်တက်ပြီး T4 ပမာဏ ပုံမှန်ဖြစ်ရင် (သို့) မြင့်တက်နေရင် ဒါကို Hyperthyrodism ရောဂါလို့ သတ်မှတ်ပါတယ်။ လေ့လာစမ်းသပ်ချက်များအရ Hyperthyrodism ရောဂါကြောင့် မိခင်မှာ သွေးအားနည်းခြင်း၊ သားပျက်သားလျှောခြင်း၊ အကြိုကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း (pre-eclampsia)၊ အချင်းကွာကျခြင်းနှင့် မွေးပြီးသွေးသွန်ခြင်း စတဲ့အကျိုးဆက်တွေ ခံစားရနိုင်သလို လမစေ့ဘဲ ကလေးမွေးခြင်း။ ပေါင်မပြည့် ကလေးမွေးခြင်းနဲ့ မွေးလာတဲ့ကလေးငယ်မှာ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ ဖြစ်လာရင် ထိရောက်စွာ ကုသပါမှ မိခင်နဲ့ မွေးလာမယ့်ကလေးငယ်မှာပါ အန္တရာယ်ကျရောက်မှု လျော ့နည်းနိုင်မှာပါ။


ကိုယ်ဝန်ဆောင်ကာလ သိုင်းရွိုက်ဟော်မုန်းအားနည်းရောဂါ ကုသရာဝယ်

 သိုင်းရွိုက်ဟော်မုန်းအားနည်းရောဂါကု ဆေးဝါးတွေ အများကြီးရှိတဲ့အနက် Levothyroxine ဆိုတဲ့ ဆေးဟာ ကိုယ်ဝန်ဆောင်တွေအတွက် အသင့်တော်ဆုံး ဆေးတစ်မျိုးပါ။ အရင်က သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်းပဲ ဒီဆေးကို ကိုယ်ဝန်ဆောင်ကာလမှာ သောက်သုံးနိုင်ပါတယ်။ ဒီဆေးကို သောက်သုံးနေရင်းနှင့်လည်း ၄ ပတ် (သို့) ၆ ပတ် တစ်ကြိမ်လောက် သိုင်းရွိုက်စစ်ဆေးမှု (T4 & TSH) ကို စစ်ဆေးပေးရပါမယ်။ ကိုယ်ဝန်စောပိုင်းကာလမှာ TSH ပမာဏဟာ 2.5 m U/L အောက်ရှိရမှာဖြစ်ပြီး ကိုယ်ဝန်နောက်ဆုံးကာလ (မွေးဖွားခါနီး) မှာ 3mU/L အောက်ရှိရမှာပါလို့ ဆိုပါတယ်။ ဒီပမာဏအတွင်းမှာ ထိန်းထားနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်တွေသောက်ရမယ့် thyroxine ပမာဏက 2-2.4ug/kg နှုန်းနဲ့ တွတ်ချက်ပြီး နေ့စဉ်သောက်သုံးရမှာ ဖြစ်ပါတယ်။


Ref:

Sheri (U.O.N,Ygn)

Ziwaka magazine, February 2014, Pg. 66-67



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18