Print

ကလေးမွေးပြီး စိတ်ဓာတ်ကျခြင်း

  24-May-2017
Preview Image

 ကလေးမွေးပြီး ခံစားရသည့် စိတ်ဓာတ်ကျရောဂါ လက္ခဏာများသည် ကိုယ်ဝန်ဆောင်ချိန်၌ပင် စတင်ခဲ့ကြောင်း သိပ္ပံပညာရှင်တို့က ယုံကြည်ထားသည်။ အမျိုးသမီး ၁၀ ဦးအနက် တစ်ဦးခန့်သည် ကလေးမွေးပြီးနောက် သိသာသော စိတ်ဓာတ်ကျရောဂါလက္ခဏာ ခံစားရတတ်ကာ ယင်းကို ကလေးမွေးပြီး မကြာမီဖြစ်ပေါ်လာတတ်သည်ဟု ထင်ခဲ့သော်လည်း ကိုယ်ဝန်ဆောင်ချိန်ကတည်းကပင် စတင်ခဲ့ကြောင်း လေ့လာမှုအသစ်အရ သိရသည်။ 


 ကလေးမွေးပြီး ခံစားရတတ်သည့် စိတ်ကျဝေဒနာအတွက် သုံးသပ်ချက်သုံးရပ်ကို 

(၁) ကိုယ်ဝန်ဆောင်ချိန် သို့မဟုတ် ကလေးမွေးပြီးမှ စတင်ခံစားရခြင်း။

(၂) ကိုယ့်ကိုယ်ကိုယ် သတ်သေချင်သောအတွေး၊ စိတ်ဓာတ်ကျခြင်း အစရှိသည့် ခံစားရသော လက္ခဏာများက ပြင်းထန်ခြင်း။

(၃) ကိုယ်ဝန်ဆောင်ချိန် သို့မဟုတ် ကလေးမွေးချိန် ကျန်းမာရေးပြဿနာ ဖြစ်ပေါ်ခဲ့ခြင်း။


 မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ် လေ့လာသူတို့က သတ်မှတ်ပြီး ကလေးမွေးပြီး အမျိုးသမီးတို့ စိတ်ကျရောဂါရှိ၊ မရှိ ဆန်းစစ်ခဲ့သည်။ လေ့လာသူတို့က အမျိုးသမီးတစ်သောင်းကျော်၏ အချက်အလက်များကို အထက်ပါသုံးသပ်ချက် သုံးရပ်ဖြင့် တိုင်းတာဆန်းစစ်ခဲ့ရာ ကလေးမွေးပြီး စိတ်ကျဝေဒနာလက္ခဏာ ခံစားရတတ် သူတို့သည် ကိုယ်ဝန်ဆောင်စဉ်ကတည်းကပင် ခံစာနေရခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။


 ကလေးမွေးပြီး ခံစားရသော စိတ်ကျဝေဒနာများသည် ကလေးမွေးပြီးနောက် အမျိုးသမီးတချို့ခံစားရတတ်ပြီး အများအားဖြင့် ကလေးမွေးပြီး ခြောက်ပတ်အတွင်း ဖြစ်ပေါ်တတ်သည်။ စိတ်အပြောင်းအလဲဖြစ်ခြင်း၊ စိတ်ကသိကအောက်ဖြစ်ခြင်း၊ မျက်ရည် မကြာခဏကျခြင်း စသည့် လက္ခဏာများ ခံစားရတတ်ကာ အများအားဖြင့် သီတင်းပတ်အနည်းငယ်အတွင်း သက်သာသွားလေ့ရှိသော်လည်း ကြာရှည် ခံစားနေရလျှင် ကလေးမွေးပြီး စိတ်ကျဝေဒနာ ခံစားရခြင်းဟု သတ်မှတ်ထားသည်။


Credit:

Arogyam magazine



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18