Print

အမျိုးသမီးနှင့် တင်ပါးဆုံကြွက်သားများ

  14-Jun-2017
Preview Image

ခန္ဓာဗေဒ ဖွဲ့စည်းတည်ဆောက်ပုံ (Anatomy)

အမျိုးသမီးများတွင် အမျိုးသားများထက် ပိုမိုကျစ်လျစ်သော၊ ပိုမိုများပြားသော ခန္ဓာကိုယ်ဗေဒ တည်ဆောက်မှုဖြင့် တင်ပါးဆုံကြွက်သားများ၊ အရွတ်ကြောများ၊ အမြှေးလွှာများဖြင့် ဖွဲ့စည်းထားသည်။ သားအိမ်၊ သားဥစသော မျိုးပွားအင်္ဂါများ ပုံမှန်နေရာတွင် တည့်တဲ့နေနိုင်ရန် ထိန်းထားဖို့လိုသည်။ သားအိမ်ခေါင်းနှင့် ဆက်စပ်နေသော ယောနိ Vagina အပေါ်ပိုင်း၊ ယောနိအောက်ပိုင်းတစ်လျှောက်လုံး အရွတ်ကြောများ ကြွက်သားများဖြင့် ဝိုင်းရံထောက်ကူထားကြသည်။ ယောနိကိုယ်နှိုက်တွင် အစွမ်းထက်သော၊ ထိန်းအားရှိသော ကြွက်သားများမရှိကြ။ ပိုက်လုံးသဖွယ် ရှည်လျားသော ပြွန်ခေါင်းသာဖြစ်သည်။ ရှေ့ဘက်တွင် ဆီးအိမ်နှင့် ဆီးပြွန်၊ နောက်ဘက်တွင် အူမကြီး၊ အစာအိမ်ဟောင်းနှင့် စအိုတို့ရှိကြသည်။


စအိုပေါက်ပတ်လည်တွင်တော့ ကြွက်သားလွှာ နှစ်ခုရှိသည်။ ကျယ်ဝန်းသော တင်ပါးဆုံအရိုးကွင်း၏ အလယ်တွင် မူမှန်အနေအထား မပျက်စေရန် ယပ်တောင်သဖွယ် ဖြန့်ထားသော ကြွက်သားကြီးများ၏ ဗဟိုတွင် သားအိမ်နှင့် ယောနိတို့ရှိကြသည်။ ကြွက်သားကြီး ဘယ်ညာ ၈ စုံ ရှိကြသည်။ ဘယ်နှင့်ညာရှိ ကြွက်သားများသည် စအိုပေါက်အဝနှင့် မိန်းမကိုယ် အေပါက်ဝ အကွာအဝေး၏ အလယ်ဗဟိုတွင် ဆုံကြသည်။ ၎င်းဆုံသောနေရာသည် ထီးသဖွယ်၊ ခေါင်အုပ်နှင့်တူသည်။ ထီးတွင် ခေါင်အုပ်ထိပ်ဖူး ပျက်စီးသွားပါက ထီးရွက်များ ညီညာစွာ မဖြန့်ကားနိုင်ဘဲ အားပျော့သွားကြတယ်။ ပုံပျက်သွားကြသည်။ ကြွက်သားများ၏ ပင်ကိုရှိ ကျုံ့အားညှစ်အားလည်း လျော့နည်းသွားသည်။ ထိုထိုသော ဆိုးကျိုးကြောင့် သားအိမ်ယိုင်သည်၊ အောက်သို့ကျဆင်းလာသည်။


သားအိမ်တစ်ခုလုံးပင် အပြင်သို့ ထွက်လာသည်အထိဖြစ်သည်။ အလယ်မှ သားအိမ်အနေအထား ပျက်ခြင်းကြောင့် ရှေ့ဘက်ရှိ ဆီးအိမ်နှင့် နောက်ဘက်ရှိ အူမကြီးတို့ လျှော့ဆင်းလာကြသည်။ စအို၏ အနေအထားလည်း ပျက်ရသည်။ ဆီးသွားခြင်း၊ ဝမ်းသွားခြင်း ယန္တရား မူမမှန်တော့ပေ။ အိမ်ထောင်သက် ကြာလာပြီး သားသမီးများတာဝန်ကြောင့် ဖိုမဆက်ဆံရေး စိတ်ဝင်စားမှု ကျဆင်းလာချိန်၊ အသက်အရွယ် ရင့်လာ ကြွက်သားများအားလျော့လာချိန်တွင် “ဗူးလေးရာ ဖရုံဆင်း” ဆိုသကဲ့သို့ ခံစားရသည်။ သွေးဆုံးချိန်နှင့် သွေးဆုံးအရွယ် ကျော်လွန်ပြီးပါက အဆပေါင်းများစွာ ပြောင်းလဲမှု ရှိနိုင်သည်။ ဤသည်တို့ကား ခန္ဓာဗေဒ အရနှင့်ဇီဝကမ္မဗေဒအရ အမျိုးသမီးတိုင်းတွင် အသက်အရွယ်အလိုက် ပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ကြသည်။


Credit:

ပါမောက္ခဒေါက်တာမြင့်မောင်မောင် 

သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18