Print

ကိုယ်ဝန်ဆောင်မိခင်များ မိမိရင်သွေးကို ကိုယ်ဝန်ဆောင်စဉ်အတွင်း စကားပြောသ...

  05-Jul-2017
Preview Image


(၁) သန္ဓေသားလေး၏ အကြားအာရုံခံစားမှုကို အားကောင်းစေသည်။

- သန္ဓေသားလေး၏ အကြားအာရုံခံစားနိုင်မှုသည် ကိုယ်ဝန်ဆောင် ၁၄ ပတ်မှစတင်၍ ဖွံဖြိုးလာသည်။ အကြားအာရုံခံစားနိုင်မှုနှင့် အာရုံကြောဖွံဖြိုးမှုများကောင်းစေသည်။ စကားပြောရုံသာမက၊ သီချင်းများသီဆိုပေးခြင်းသည်လည်းအကျိုးထူးများရရှိစေသည်။


(၂) ရင်သွေးလေး၏ အပြောအာရုံကိုလည်းဖွံဖြိုးစေသည်။

- ကိုယ်ဝန်ဆောင်စဉ်စကားပြောခြင်းဖြင့် ကလေးသည် စကားလုံးလေးများကို အလွယ်တကူမှတ်သားထားခြင်းကြောင့် ကလေးမွေးပြီးသောအခါတွင်လဲ ထိုသို့စကားလေးများပြောပေးပါက ထိုစကားလုံးလေးများကို ကလေးဦးနှောက်မှ ပြန်မှတ်မိ်ခြင်းဖြင့် ကလေးစကားစပြောတက်ခါစတွင် ကောင်းကောင်းမွန်မွန်ပြောတက်ပါလိမ့်မယ်။


(၃) ရင်သွေးလေးက မိခင်နှင့်ရှိနေသည့်အခါလုံခြုံမှုကို ခံစားတက်လာပါမယ်။ မိခင်နှင့်သန္ဓေသား ရင်းနှီးမှုပိုကောင်းစေသည်။


(၄) ကလေး၏ အာရုံ ၅ ပါး နှင့် အတူ ဦးနှောက်ဖွံဖြိုးမှုအတွက်လဲအကူအညီပေးရာရောက်ပါတယ်။ ကလေးကို စကားပြောပေးရာတွင် မိခင်သာမက၊ ဖခင်ကပါ စကားပြောပေးသင့်ပါတယ်။


(၅) ရင်သွေးလေး၏ အခြေအနေကောင်းမကောင်းကို ပါ မိခင် က ခံစားနိုင်ပါတယ်။ (ရင်သွေးလေးမိခင်ဗိုက်ထဲတွင် အရမ်း အိပ်နေရင်သော်လည်းကောင်း၊ ရင်သွေးလေး စိတ်ဖိစီးမှုများနေရင်သော်လည်းကောင်း မိခင် က ဗိုက်လေးကို အသာအရာပွတ်ပေးခြင်းဖြင့် စကားလေးပြောပေးပါက ကလေး၏စိတ်ကို သက်သာစေသည့် အပြင် မိခင်နှင့် ကလေးတို့၏ ရင်းနှီးမှုကို လည်းတိုးတက်စေသည်။


Dr Myo Myint 

Credit: healthline


မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် ၇၈၈၇ သို့ Mpt မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18