နို့တိုက်မိခင်နှင့်အာဟာရ
02-Aug-2017မိခင်ရှောင်ရှားသင့်သော အစားအစာများ
မိခင်တစ်ယောက်သည် ကလေးတစ်ဦးကို ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးငယ်နို့ဖြတ်သည့် အချိန်အထိ အောက်ပါအစားအစာများကို မစားသင့်ပါ။
၁။ အပူအစပ်အစားအစာများ
၂။ တာရှည်ခံအစားအစာများ
၃။ ဟင်းချိုမှုန့်များသောအစားအစာများ
၄။ အာဟာရဓာတ်မပါသော အစားအစာများ
၅။ ပင်လယ်ငါး
၆။ အသားစိမ်းပါသော အစားအစာများ (ဥပမာ - ဆူရှီ)
မိခင်စားသင့်သော အစားအစာများ
မိခင်တစ်ယောက်သည် ကလေးတစ်ဦးကို ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးနို့ဖြတ်သည့်အချိန်အထိ အောက်ပါအစားအစာများကို စားသင့်သည်။
၁။ အဆီနည်းသော နို့နှင့်နို့ထွက်ပစ္စည်းများ - ဒိန်ချဉ်၊ နို့၊ ချိစ်
၂။ သံဓာတ်များသော အသားဖြစ်သည့် အမဲသား
၃။ ရေချိုငါး
၄။ အသီးအရွက်နှင့် အသီးအနှံများ
၅။ Vitamin C ပါဝင်သော အစားအစာများ (ဥပမာ - လိမ္မော်သီး၊ ရှောက်ချိုသီး)
၆။ ပဲနို့၊ တို့ဟူး၊ ဂျုံ၊ ပဲနို့မှထုတ်သော ဒိန်ချဉ်
၇။ အသားဓာတ်ပြည့်ဝသော အစားအစာများ - ဥမျိုးစုံ၊ ပဲမျိုးစုံ၊ အစေ့အဆန်
မိခင်ရှောင်ရှားသင့်သောအရည်များ
၁။ အရက်
၂။ ကဖင်းဓာတ်ပြည့်ဝသော ကော်ဖီ၊ လက္ဘက်ရည်
မိခင်သောက်သင့်သော အရည်များ
၁။ နို့ (အဆီနည်းသော နို့ကပိုကောင်းပါသည်)
၂။ သဘာဝအသီးအနှံဖျော်ရည်များ
၃။ အာဟာရပြည့်ဝသည့် ဆန်ပြုတ်၊ စွပ်ပြုတ်များ
မိခင်များသောက်သည့်ဖြည့်စွက်အားဆေး
Vitamin B12 ,Supplement , Folic acid.
Credit : Original Writer