ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်းလွယ်ကူသော ဖြေရှင်းနည်းများ
26-Jul-2018
ချင်းဖျော်ရည်သောက်ပါ
ချင်းကို ပါးပါးလှီးပြီး ရေနွေးတစ်ခွက်နဲ့စိမ်ပြီး ပျို့အန်ချင်တိုင်း သောက်ပါ။ဆေးဖက်ဝင် ကုသမှုထဲမှာ စိတ်အချရဆုံးဖြစ်ပြီး ဘာဆိုးကျိုးမှ မရှိပါ။
စမုန်စပါးစေ့ကို ဝါးစားပါ
စမုန်စပါးစေ့ဟာလည်း ပျို့အန်တာကို သက်သာစေနိုင်ပါတယ်။ စမုန်စပါးစေ့ကိုရေနွေးနဲ့ ဖျော်သောက်စရာ မလိုပါဘူး။ ပလတ်စတစ် အိတ်ထဲထည့်ပြီး သွားလေရာတစ်ပါတည်း ယူသွားကာ မကြာခဏ ဝါးစားပေးပါ။ စမုန်စပါးစေ့ဟာ ကလေးနို့တိုက် မိခင်တွေအတွက်လည်း နို့ထွက်အား ကောင်းစေပါတယ်။
နှိပ်နယ်နည်း
သင့်ညာလက်ညှိုးနဲ့ လက်ခလယ်ကို ညှပ်ရိုးနှစ်ခုကြားမှာထားပြီး ညာဘက်ညှပ်ရိုး ထိပ်အလုံးကို အသာအယာ ဖိအားပေးပါ။ တစ်မိနစ်ခန့် ဖိအားပေးပါ။ ပျို့အန်ချင်တိုင်း ဖိနှိပ်ပေးနိုင်ပါတယ်။
နံနက်တိုင်း အချဉ်ရည်သောက်ပါ
မနက်တိုင်း အိပ်ရာထကာစမှာ ရေတစ်ခွက်ကို ရှာလကာရည်တစ်ဇွန်းနဲ့ရောစပ်ပြီး သောက်ပေးပါ။ ပျို့အန်တာ အမြန်သက်သာသွား နိုင်ပါတယ်။
Ref:
မြဝတီ
Tuesday, June 23, 2015
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

