သားအိမ်ကျခြင်း
02-May-2019သားအိမ်ကျတယ်ဆိုတာ တင်ပါးဆုံးကြွက်သားနဲ့ အရွတ်တွေက သားအိမ်ကို
ပင့်မပေးထားဖို့ လုံလုံလောက်လောက် မတောင့်တင်း မသန်စွမ်းတော့လို့ဖြစ်ရတာပါ။ အကျိုးဆက်အနေနဲ့
မိန်းမကိုယ်ကနေ သားအိမ်ထွက်ကျလာတာပါ။
သားအိမ်ကျခြင်းက အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် ကလေး ရိုးရိုးမွေးထားတဲ့
သွေးဆုံးပြီး အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။
ရောဂါလက္ခဏာများ
သားအိမ်ကျခါစမှာ မပြင်းထန်ဖူးဆိုရင် လက္ခဏာမပြဘဲနေတတ်ပါတယ်။
အချိန်ကြာလာပြီး ရောဂါပြင်းထန်လာတဲ့အခါမှာတော့ လက္ခဏာပြလာပါတယ်။
ခံစားရတဲ့ လက္ခဏာတွေကတော့
·
တင်ပါးဆုံအောက်ပိုင်းမှာ လေးလေးလံလံနဲ့ တစ်ခုခုစွဲထားသလိုခံစားရတာ
·
မိန်းမကိုယ်က အသားစတစ်ခုထွက်နေတာ
·
ဆီးမထိန်းနိုင်တာ ၊ ဆီးကျန်တာ
·
ဝမ်းသွားရခက်တာ
·
အမျိုးသားနဲ့ အတူနေစဉ်မှာ မိန်းမကိုယ်က ခံစားမှု
လျော့နည်းလာတာ စတာတွေဖြစ်ပါတယ်
ဖြစ်ပွားရတဲ့ အကြောင်းအရင်တွေကတော့
·
ကိုယ်ဝန်ဆောင်ရခြင်း
·
ကလေးမီးဖွားရခက်ခြင်း
·
ကိုယ်အလေးချိန်များသော ကလေးငယ်ကို ရိုးရိုးမီးဖွားရခြင်း
·
အသက်အရွယ်ကြီးခြင်း
·
ကိုယ်အလေးချိန်များခြင်း
·
ဝမ်းချုပ်တတ်ခြင်း
·
မျိုးရိုးထဲတွင် တွယ်ဆက်တစ်ရှူး အားနည်းသောရောဂါရှိခြင်း
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြမလဲ
သားအိမ်ကျခြင်းကြောင့် နေ့စဉ်လူနေမှု ဘဝကို ထိခိုက်လာပြီဆိုရင်တော့
ဆရာဝန်နဲ့ သွားရောက်ပြသရပါမယ်
ဘယ်လိုကာကွယ်ကျမလဲ
·
တင်ပါးဆုံကြွက်သားကိုသန်မာစေတဲ့ Kegel
Exercise ပြုလုပ်ပေးပါ
·
ဝမ်းမချုပ်အောင်နေထိုင်ပါ၊ဝမ်းချုပ်လျှင်ကုသပါ
·
အလေးအပင်မခြင်းကို ရှောင်ပါ၊ မ မယ်ဆို စနစ်ကျကျမပါ
·
ချောင်းဆိုးရင် မြန်မြန်ကုသပါ။
·
ကိုယ်အလေးချိန်မတက်အောာင်နေထိုင်ပါ။
Dr.Aung
Ref.mayoclinic