စိတ်ဝေဒနာရှင်များတွင် ကုထုံးအတွက်ပြင်ဆင်စရာများ
25-Feb-2017ရောဂါကုထုံးအတွက် ပြင်ဆင်ရာတွင် ပြဿသနာစာရငး်များမှ မည်သည်ကို ဦးစားပေးသင့်သည်ကို ဂရုပြုရွေးချယ်ရမည်။ တပြိုင်နက် ပြဿနာများ အတွက်ဆန်းစစ်မှုပြီးသည်နှင့် ဆေးဖြတ်မှု၊ တည်ငြိမ်မှုရအောင် ထိန်းသိမ်းခြင်း အစရှိသည် ဆေးစွဲမှု ကုထုံးအတွက် ပြင်ဆင်ရမည်။ ထိုအခါတွင် စိတ်ဝေဒနာ လက္ခဏာများ လျော့နညး်သွားလိမ့်မည်။ ကိုယ်ခန္ဓာကိုယ်ကျနး်မာရေးနှင့် လူမှုရေး ပြဿနာများကို တတ်နိုင်သရွေ့ ဂရုစိုက်ပေးရန် လိုအပ်သည်။ အတွင်းလူနာအဖြစ် ဆေးရုံတက်ကုမှုသည် လိုအပ်သည်။
စိတ်ကျန်းမာရေး ဝန်ဆောင်နေသူများနှင့် ဆေးစွဲမှုအတွက် လုပ်ဆောင်နေသူများသည် တပြိုင်နက် ပြဿနာများ အတွက် လက်တွဲဆောင်ရွက်သင့်သည်။ ဆေးဖြတ်သည့် ကုထုံးများ.၏ရလာဒ်ကို ပထမ ၈ ပါတ်မှ ၁၆ ပါတ် အတွင်း သိလာနိုင်သည်။သို့သော်လည်းတစ်ချို့သော အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာ သက်သာမှုများ (ဥပမာ အရက်စွဲနေသူများ) အတွက်မှု၂၄လ ခန့်အထိ စွဲကျန်နေနိုင်သည်။
ဆေးစွဲမှုကို ထိရောက်စွာကုသပြီးပါက စိတ်ဝေဒနာ အများစုအတွက်ကောင်းသောရလာဘ်ကို တွေ့သိလာရမည်။ ဤသည်မှာ အလွန်အကျိုးရှိသော လုပ်ရပ်တစ်ခုပင်ဖြစ်သည်၊ မှတ်သားသင့်သည်မှာ စိတ်ဝေဒနာရှင်များအတွက် ကုသမှုသည ် ဆေးစွဲသူများ၏ ကုသမှုများနှင့် မတူညီချေ။ ကုသမှုတစ်မျိုးသည် နောက်ကုသမှု တစ်ခုအတွက်အပြန်အလှန် အကျိုးရှိသော် လည်း ပူးပေါင်းဆောင်ရွက်ရန် ဆိုသည်မှာ ကုသမှုနှစ်မျိုးစလုံး အတွက်ကြိုတင် ပြင်ဆင်ခြင်းနှင့် အချိန်တို အတွင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်။
ယခုတင်ပြလိုက်သောအချက်အလက်များသည်အပေါ်ယံသာ ဖြစ်သော်လည်း စိတ်ကျန်းမာရေးအတွက်နှင့် ဆေးစွဲသည့် ပြဿနာများအတွက်
သေသေချာချာ သင်တန်းပေး ပို့ချထားပေး သော သူများကသာ ဆောင်ရွက်သင့်သည်။
Ref:
WEAVE
စွမ်းဆောင်နိုင်မှု မြင့်မားရေးအတွက် အမျိုးသမီးများအား ပညာပေးရေးအဖွဲ့
၂၃.၁၀.၂၀၁၅