Print

နိမ့်ကျစိတ်ကို ဖြစ်စေသည့် မိဘတို့၏ အပြုအမူများ

  25-Feb-2017
Preview Image

(၁) ငြင်းပယ်ခြင်း

မိဘများ၏ အကျိုးစီးပွား တိုးတက်မှုကို အနှောက်အယှက်ပေးခြင်းကြောင့် လည်းကောင်း၊ ချစ်ခင်နှစ်သက်ဖွယ် မကောင်းခြင်းကြောင့် လည်းကောင်း၊ မိဘတို့ မျှော်လင့်သလို ဖြစ်မလာခြင်းကြောင့် လည်းကောင်း ကလေးငယ်၏ စိတ်တွင် မလိုလားအပ်သူဟု ခံစားရအောင် ပြုလုပ်ခြင်း။

 

(၂) ဆန့်ကျင်ပြုပြင်ခြင်း

အပြစ်ရှာတတ်ခြင်း၊ မြည်တွန်တောက်တီးခြင်း၊ အထင်သေး အမြင်သေး ပြောဆိုခြင်း၊ ခြိမ်းခြောက်ခြင်း၊ မနှစ်မြို့ကြောင်း ပြသခြင်း၊ သရော်ခြင်း။

 

(၃) မတရားနှိုင်းယှဉ်ခြင်း

ရုပ်ရည်နှင့်ပတ်သက်၍ လည်ကောင်း၊ အစွမ်းအစနှင့် ပတ်သက်၍သော်လည်းကောင်း၊ ညီအစ်ကို မောင်နှမများနှင့် မတရားနှိုင်းယှဉ်လေ့ရှိခြင်း။

 

(၄) အပြစ်ပေးခြင်း

ပစ်ထားခြင်း၊ အခွင့်အရေး ဖြတ်တောက်ခြင်း၊ ရိုက်နှက်ခြင်း၊ စွန့်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း။

 

(၅) စခြင်း

ပြက်ရယ်ပုတ်ခတ် ပြောဆိုခြင်း၊ မကောင်းသည့် နာမည်ဖြင့်ခေါ်ခြင်း၊ မခံချည့်မခံသာဖြစ်အောင် ပြောခြင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်း။

 

(၆) အလွန်စိုးရိမ်ကြောင့်ကြခြင်း

အလွန်ဂရုစိုက်ခြင်း၊ အလွန်အကာအကွယ်ပေးခြင်း ကလေးငယ်အတွက် မိမိဘာသာ ဆုံးဖြတ်ရန် တာဝန်ယူနိုင်ခွင့် မပြုဘဲ ယုယလွန်းခြင်း။

 

Healthcare.com.mm

Ref:
ခင်မောင်သန်း (စိတ်ပညာ)
စိတ်ဖောက်ပြန်မှုနှင့် စံလွဲအပြုအမူများ စာအုပ်မှာကောက်နှုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18