Print

လိင်စိတ်လွန်ကဲခြင်း

  25-Feb-2017
Preview Image

မိန်းမများတွင် သာမန်ထက် လိင်စိတ်လွန်လွန်ကဲကဲ ရှိနေပါက ထိုသူကို လိင်စိတ်လွန်ကဲသူဟု ခေါ်ဝေါ်၏။ လိင်စိတ်မှာ ပြင်းပြလွန်းသဖြင့် အခြားလုပ်ငန်းများကိုပင် ဤစိတ်ဖြင့် လွှမ်းမိုးနေတတ်သည်။ တစ်ကိုယ်တည်း ကာမဖြေခြင်းဖြင့် သော်လည်းကောင်း၊ တွေ့ရာလူနှင့် ဆက်ဆံခြင်းဖြင့်သော်လည်းကောင်း သူတို့၏ ဆန္ဒကို ဖြေဖျောက်ကြသည်။

 

ဤသို့ လိင်ဖောက်ပြန်မှုဖြစ်ရခြင်းတွင် အကြောင်းတရား အမြောက်အများ ရှိ၏။ လိင်စိတ်လွန်ကဲသူသည် အခြေခံအားဖြင့် လိင်စိတ်ကင်းမဲ့သူများ ဖြစ်ကြသည်။ သူတို့တွင် သာမန်လိင်စိတ်ရှိကြောင်း ဖော်ပြရန် မသိစိတ်၏ စေ့ဆော်မှုအရ ပြုမူနေကြခြင်းဖြစ်ပေသည်။ အချို့တွင်မူ စိတ်တင်းကျပ်မှုကို လျော့နည်းစေရေးအတွက် လိင်စိတ်လွန်လွန်ကဲကဲ ရှိနေခြင်း ဖြစ်နိုင်သည်။

 

ပျိုဘော်ဝင်အရွယ် လိင်စိတ်အပြုအမူတွင် မစွမ်းဆောင်မှုကို အစားထိုးသည့် အနေဖြင့်လည်း၊ လိင်အကြောင်းတမြုံ့မြုံ့ တွေးတောနေမှုကြောင့် လည်းကောင်း လိင်စိတ်လွန်ကဲမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်နိုင်ပေသည်။ 

 

မြုံနေသည့်လိင်တူကြိုက်စိတ်ကို တုံ့ပြန်သည့်အနေဖြင့် လိင်စိတ်လွန်ကဲလာခြင်းလည်း ဖြစ်နိုင်သည်။

 

ဦးနှောက်တွင် ချွတ်ယွင်းမှုရှိရှိသည့်အတွက် လိင်နှင့်ဆိုင်သော အပြုအမူတွင် ထိပါးခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။ လိင်နှင့်ဆိုင်သော ဟော်မုန်းများကြောင့် လိင်စိတ်လွန်ကဲ နေရခြင်းဖြစ်မည်ဟု အချို့က တင်ပြကြသည်။

 

Healthcare.com.mm

Ref:
ခင်မောင်သန်း (စိတ်ပညာ)
စိတ်ဖောက်ပြန်မှုနှင့် စံလွဲအပြုအမူများ စာအုပ်မှာကောက်နှုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18