အအိပ်များခြင်း
28-Feb-2017
အအိပ်များခြင်း
ကျွန်တော်တို့သည် ရံဖန်ရံခါ အအိပ်များတတ်ကြသည်။ အလုပ်တစ်ခုကြောင့် စိတ်ရောဂါကိုယ်ပါ ပင်ပန်းခဲ့သဖြင့် အလုပ်ပြီးသည့်အခါ စိတ်ချလက်ချ တစ်ဝကြီး အိပ်ပစ်လိုက်ကြသည်။ အချို့လူများကား အပျင်းကြီး၍ အိပ်နေတတ်ကြသေး၏။ ညတစ်ညလုံးအိပ်သည့်အပြင် နေ့၌လည်း အိပ်ငိုက်ပြီး (Naps) အိပ်ပျော်သွားသော အခြေအနေကို အအိပ်များခြင်း (Hypersomnia) ဟု ခေါ်သည်။ ဤပြဿနာ သည် ဦးနှောက်ရောဂါ တစ်ခုခုကြောင့် ဖြစ်တတ်သည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာရောဂါ အချို့၏လက္ခဏာတစ်ခု အနေဖြင့်လည်း တွေ့ရတတ်သည်။
ဥပမာ-စိတ်ဖိစီးမှုတစ်ခုခုကို ရှောင်ဖယ်လိုသောအခါ (Avoidance) ၌ လည်းကောင်း၊ လာနေကျ အသွင်ပုံစံ မဟုတ်သော စိတ်ကျရောဂါ (Atypical)၏ လက္ခဏာ အဖြစ်လည်းကောင်း၊ အရက်နှင့်မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲထားသော အခါ၌ လည်းကောင်း ဤသို့ အအိပ်များခြင်းလက္ခဏာဖြင့် ဆရာဝန်ထံလာတတ်သည်။
ဤကိစ္စအတွက် ကုထုံးမှာဆိုင်ရာအကြောင်းရင်းကို ရှာဖွေဖယ်ထုတ်ခြင်းဖြစ်သည်။ အကြောင်းရင်း ရှာဖွေမရသော် စိတ်ကိုနှိုးဆွ လှုံ့ဆော်သော ဆေးများ (Psycho stimulants) ကို အသုံးပြုနိုင်သည်။ အသုံးများသောဆေးများ Methylphenidate ဆိုသည့် ဆေးဖြစ်သည်။ မသုံးတတ်လျှင် အန္တရာယ်ရှိသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဟန်စိန်
နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

