Print

စိတ်ရောဂါဖြစ်ခြင်း အကြောင်းများ၏ အခြေခံသဘော

  28-Feb-2017
Preview Image

စိတ်ရောဂါဖြစ်ခြင်း အကြောင်းများ၏ အခြေခံသဘော
စိတ်ရောဂါကို လေ့လာကြည့်သောအခါ အကြောင်းအရင်း တစ်ခုတည်း
( single cause ) ကြောင့့်ဖြစ်သော ရောဂါများရှိသည့် နည်းတူ၊ အကြောင်းပေါင်းများစွာ 
( several causes ) ကြောင့်ဖြစ်သော ရောဂါများလည်းရှိကြောင်း တွေ့ရသည်။ တစ်ခါတစ်ရံ အကြောင်းတစ်ခုကြောင့် သက်ရောက်မှုများစွာ ( several effects ) ရတတ်သကဲ့သို့ အခြားတစ်ဖက်တွင်မူ အကြောင်းပေါင်းများစွာကြောင့် သက်ရောက်မှု
တစ်ခု (single effects)တည်း ရှိနိုင်သော အခြေအနေများကိုလည်း တွေ့ရတတ်
ပေသည်။

ဥပမာပြရလျှင် အကြောင်းတစ်ခုဟု ဆိုနိုင်သော ဦးခေါင်းထိခို်က်ဒဏ်ရာ (Head injury) ကြောင့် မှတ်ဉာဏ်ချွတ်ယွင်းခြင်း (Amnesia) ၊ စိတ်ဖောက်ပြန်ခြင်း (Psychosis) နှင့် ကိုယ်ရည်ကိုယ်သွေးပြောင်းလဲသွားခြငး် (Personality change) စသည့် သက်ရောက်မှုများစွာကို ရနိုင်သည်။

တစ်ဖန် မျိုးရိုးဗီဇရှိခြင်း (Genetic inheritance)၊ အိမ်ထောင်ရေး အဆင်မပြေခြင်း
(marital disharmony) နှင့် အရက်စွဲခြင်း (Alcohol abuse) စသည့် အကြောင်းများစွာ
သည် လူတစ်ယောက်အား စိတ်ကျရောဂါ (Depressive illness) တည်းဟူသော သက်ရောက်မှုတစ်ခုကို ဖြစ်စေပါသည်။

စင်စစ် စိတ်ရောဂါအများစုသည် ဒုတိယဥပမာကဲ့သို့သော အဖြစ်များကြောင်း
တွေ့ရသည်။ ထို့ပြင် လူဆိုသည်မှာ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်းဟူသော သဘော ၃ ခုနှင့် အသက်ရှင်လှုပ်ရှားနေခြင်းပင်ဖြစ်သည်ဟု သိကြပြီး ဖြစ်ပါသည်။ ထို့ကြောင့် စိတ်ရောဂါပညာရှင်များက စိတ်ရောဂါဖြစ်ခြင်း အကြောင်းသည် "အကြောင်းများစွာ ပေါင်းဆုံခြင်း "( Complexity of cause ) ကြောင့် ဖြစ်သည်ဟု ယူဆကြပါသည်။ 

ယင်းအကြောင်းများတွင် ရုပ်ပို်င်း ( ဇီဝ )ဆိုင်ရာ အကြောင်းများ (Biological causes)၊ စိတ်ပိုင်းဆိုင်ရာအကြောင်းများ (Psychological causes) နှင့် လူမှုရေးဆိုင်ရာအကြောင်းများ (Social causes) ဟူ၍ ပါဝင်ပေသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာဟန်စိ်န် ( နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေဖို့ )
စိတ်ကျန်းမာရေးနှင့် စိတ်ရောဂါအထွေထွေ ဆောင်းပါးများ စာအုပ်မှ ကောက်နုတ်ထားပါ
သည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18