စိတ်ကျဝေဒနာခံစားမှုကြောင့် ရရှိသောဝေဒနာများ
28-Feb-2017
စိတ်ကျဝေဒနာခံစားမှုကြောင့် ရရှိသောဝေဒနာများ
လူ့လောကတွင် စိတ်ဓာတ်ဖိစီးမှုများကို ရှောင်ရှားဖို့ဟာ မလွယ်ကူပါ။ စိတ်ဓာတ်ကျ စိတ်ဖိစီးမှုများ ရှည်လျားထွေပြားခြင်းများကို ဆက်တိုက်ခံစားလာရခြင်းတို့သည် စိတ်ရောဂါရစေပါသည်။ လွန်ကြူ းစွာခံစားရသော စိတ်ဖိစီးမှုဒဏ်ကို ခံစားရပါလျှင် စိတ်ပိုင်းဆိုင်ရာကိုပါ ကသောင်းကနင်း (Emotional turmoil) ဖြစ်စေမည်။ ဤကဲ့သို့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ အစာအိမ်မှအစ၊ အူမများ၊ အသည်းကျောက်ကပ်များကို ဒုက္ခပေးနိုင်သည်။ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုခံရခြင်းတို့ကို ပေါ့ဆလို့မရပါ။
၁။ စိတ်ဓာတ်ကျခြင်းကြောင့် ထိပ်ပြောင်နိုင်သည်။
၂။ စိတ်ဖိစီးမှုဒဏ် ခံစားရတာ ကြာရှည်လာပါက စိတ်ရောဂါကိုပါ ခံစားရသည်။
၃။ ယားစေသည့် အဖုအပိန့်များ ထွက်လာသည်။
၄။ သွေးတိုးရောဂါမှအစ နှလုံးရောဂါရနိုင်သည်။
၅။ ဆီးအိမ်ရောဂါ၊ ဆီးပူရောဂါခံစားရမည်။
၆။ ပန်းနာရောဂါကို စိတ်ဖိစီးမှုက မွေးပေးသည်။
၇။ အစာမကြေသော ရောဂါရနိုင်သည်။
၈။ အမျိုးသားများ စိတ်ဖိစီးမှုကြောင့် ကာမဂုဏ်ကို မခံစားနိုင်သော ပန်းသေရောဂါရနိုင်သည်။
၉။ အမျိုးသမီးများ ဓမ္မတာရာသီလာမှုကို ဒုက္ခပေးမည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ထင်အောင် (ကာယပညာတက္ကသိုလ် -ဂျာမနီ)
ကိုယ်စိတ်ကျန်းမာ နည်း (၁၀၀) စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

