ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြဿ နာများ (Personality Disorders)
28-Feb-2017ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြဿ နာများ (Personality Disorders)
ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြဿနာများဟာ စိတ်ကျန်းမာရေးခေါင်းစဉ်အောက်မှာ ပါဝင်ပါ
တယ်။ လူတယောက်ဟာ အများစဉ်းစားသလို၊ ပြုမူသလို လိုက်လျောညီထွေဖြစ်အောင်
မလုပ်ပဲ မဖြစ်နိုင်သော၊ မကောင်းသော အတွေးအခေါ်၊ အပြုအမူများရှိပါက ထိုသူဟာ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြဿနာရှိနေနိုင်ပါတယ်။ ဒီလို ကိုယ်ရည်ကိုယ်သွေး ပြဿနာ
ရှိသူတွေ ကျောင်း၊ အလုပ်နှင့် လူမှုဆက်ဆံရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ့နိုင်ပြီး
ပေါင်းသင်းဆက်ဆံရေးမှာလည်း အဆင်မပြေမှုများ ရှိနိုင်ပါတယ်။ ကိုယ်ရည်ကိုယ်သွေး ဆိုင်ရာ ပြဿနာများကို အုပ်စု ၃ခုခွဲထားပါတယ်။
အုပ်စု A
- စိတ်ကစဉ့်ကလျားရောဂါဆောင်သော ကိုယ်ရည်ကိုယ်သွေး
(Schizoid Personality Disorder)
- သူတပါးအပေါ် ယုံမှားသံသယရှိသော ကိုယ်ရည်ကိုယ်သွေး
(Paranoid Personality Disorder)
- စိတ်ကစဉ့်ကလျားရောဂါပုံစံ ကိုယ်ရည်ကိုယ်သွေး
(Schizotyphal Personality Disorder)
အုပ်စု B
- ပေါင်းသင်းဆက်ဆံမှုမရှိသော ကိုယ်ရည်ကိုယ်သွေး
(Antisocial Personality Disorder)
- ကြားနေ ကိုယ်ရည်ကိုယ်သွေး
(Borderline Personality Disorder)
- စိတ်ကြီးဝင် ကိုယ်ရည်ကိုယ်သွေး
(Narcissistic Personality Disorder)
အုပ်စု C
- ရှောင်ဖယ် ကိုယ်ရည်ကိုယ်သွေး
(Avoidant Personality Disorder)
- မှီခို ကိုယ်ရည်ကိုယ်သွေး
(Dependent Personality Disorder)
- တခုခုကို စွဲလမ်း၍ မလုပ်ရမနေနိုင်သော ကိုယ်ရည်ကိုယ်သွေး
(Obsessive-Compulsive Personality Disorder)
ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြဿနာများဟာ မျိုးရိုးဗီဇ လွှမ်းမိုးမှု၊ နေထိုင်ရာ ပတ်ဝန်းကျင်၏
လွှမ်းမိုးမှုတို့အပေါ် မူတည်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ စိတ်ကျန်းမာရေးဆရာဝန်နှင့်
ပြသပြီး သင့်လျော်တဲ့ စိတ်ကုထုံး၊ ဆေးများဖြင့် ရောဂါလက္ခဏာ သက်သာအောင်၊
ပျောက်ကင်းအောင် ကုသလို့ရပါတယ်။ စိတ်ကျန်းမာရေးပြဿနာများကုသရာမှာ စိ်တ်ရှည်ရှည်
ဖြင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပြုမူနေထိုင်ခြင်း၊ ဆေးများသောက်ခြင်းတို့ ပြုလုပ်ရ
ပါမယ်။ သို့မှသာ ရောဂါလက္ခဏာများ တဖြည်းဖြည်းနှင့် သက်သာလာပြီး နောက်ဆုံးတွင်
ရောဂါပျောက်ကင်းအောင်ထိ ကုသနိုင်မည်ဖြစ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
Dr.Jink