Print

စိတ်ဖိစီးမှုကို အမြန်ဆုံးလျှော့ချနည်း

  28-Feb-2017
Preview Image

စိတ်ဖိစီးမှုကို အမြန်ဆုံးလျှော့ချနည်း
စိတ်ဖိစီးမှုကို အနည်းနှင့်အများတော့ လူတိုင်းလိုလို ကြုံတွေ့နေရပါတယ်။ စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်ပေမယ့်လည်း ဖြစ်လာပါက အမြန်ဆုံးပြေပျောက် သွားအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို ရေသားလိုက်ပါတယ်။

 

ဇက်ကြောလျှော့ပါ 
စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အခါ ပထမဆုံးစသိနိုင်တာက သင့်လည်ပင်းပါ။ အများစုက ဇက်ကြောတက်တယ်လို့လည်း ပြောတတ်ကြပါတယ်။ စိတ်ဖိ်စီးမှုကြောင့် သင့်လည်ပင်း တောင့်တင်းလာပါက သင့်ညာဘက်လက်နဲ့ ဦးခေါင်းကိုကျော်ကာ ဘယ်ဘတ်နားရွက်အနောက်နားကို ထိထားပြီး ဦးခေါင်းကို ညာဘက်ပခုံး ဆီ ဖြည်းဖြည်းချင်း ဆွဲပါ။ အဲဒီပုံစံအတိုင်း တစ်ဖက်ပြောင်းပြီး ပြုလုပ်ပေးပါ။ စိတ်ဖိစီးမှုကြောင့် ဇက်ကြောတောင့်တင်းတာ သက်သာသွားစေပါတယ်။ 

 

ရင်ဖွင့်ပြောဆိုပါ
မိဘ၊ ခင်မင်ရဆုံးမိတ်ဆွေ၊ ချစ်သူကို သင့်ရဲ့ အခက်အခဲတွေကို ရင်ဖွင့်ပြောဆို လိုက်တာက စိတ်ဖိစီးမှုတွေကို လျော့သွားစေပြီး အားပေးနှစ်သိမ့်မှုတွေကြောင့် အားအင်သစ်တွေ ရရှိစေပါတယ်။ 

 

ငြင်းပါ
လုပ်နိုင်တယ်ဆိုပြီး အလုပ်တွေ အားလုံးကို လက်ခံပြီး လုပ်ဖို့မကြိုးစားပါနှင့်။ အလုပ်တွေ များတာကြောင့် စိတ်ဖိစီးမှုတွေ ပိုဖြစ်တတ်ပါတယ်။ တချို့အလုပ်တွေကို ခွဲဝေလုပ်ခိုင်းပါ။

 

တေးဂီတနားဆင်ပါ
ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့လာမှုအရ နေ့စဉ်စိတ်ညစ်ညူးစရာတွေ
တွေ့ကြုံရတာ ကြောင့် သွေးပေါင်အနည်းငယ်တက်တာ ဖြစ်ပေါ်စေတယ်လို့ တွေ့ရပါတယ်။ လေ့လာသူတွေက တေးဂီတနားဆင်တာနဲ့ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်တာကို ယှဉ်ပြီး လေ့လာကြည့်တဲ့အခါ တေးဂီတနားဆင်တာက သွေးပေါင်ပိုမိုကျဆင်းစေတာကို တွေ့ရပါတယ်။ သင်က စိတ်ဖိစီးမှုတွေ များပြီး စိတ်ညစ်ညူးနေတဲ့အခါ တေးဂီတကို နားဆင်တာက စိတ်ဖိစီးမှုကို အကောင်းဆုံးလျှော့ချ ပေးနိုင်တဲ့ နည်းလမ်းပါ။

 

အသက်ရှူသွင်း၊ ရှူထုတ်ဖို့ သတိရပါ
သက်သောင့်သက်သာထိုင်ပြီး သင့်မျက်လုံးတွေကို မှိတ်ထားကာ အာရုံစိုက်ပြီး အသက်ရှူ သွင်း၊ ရှူထုတ်ပြုလုပ်တာက စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ ရှူသွင်းလိုက်တဲ့ လေတွေက ခန္ဓာကိုယ်အနှံံ့ကို ဝင်ရောက်သွားပြီး ရှူထုတ်လိုက်တဲ့အခါ ခန္ဓာကိုယ်မှ မလိုအပ်တာတွေကို ဖယ်ရှားပေး ရှင်းလင်းပေးပါတယ်။

 

နေ့ခင်းတစ်ရေးအိပ်ပါ
ဖြစ်နိုင်မယ်ဆိုရင် နေ့ခင်းတစ်ရေး အိပ်တာက သင့်ရဲ့ စိတ်ဖိစီးမှုတွေ ကို မောင်းထုတ်ပေး နိုင်ပါတယ်။ လေ့လာမှုတွေအရ နေ့ခင်းဘက်မှာနာရီဝက်လောက် တစ်ရေးအိပ်စက်တာက နှလုံးတိုက်ခိုက်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလျော့နည်းစေတယ်လို့ ဆိုပါတယ်။ 

 

ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပါ။
တစ်နေ့ကို မိနစ် ၄၀ ကြာအောင် လေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုကို
လျော့နည်းစေ ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေပါက ရေချိုးလိုက်တာ၊
နေ့လယ်စာ စားတာတွေ ပြုလုပ်လိုက်တာကလည်း စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။ ရုံးကနေအိမ်ပြန်လာတဲ့အခါ အိမ်အနီးအနားပတ်ဝန်းကျင်ကို လမ်းပတ်လျှောက်တာမျိုးတွေလည်း လုပ်ပေးနိုင်ပါတယ်။ ဒါတွေအားလုံးက စိတ်ဖိစီးမှုတွေ လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းစေပါတယ်။

 

အအေးဓာတ်ရရှိနေပါစေ
ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်းရှိတာက ဦးနှောက်မှာ ဆီရိုတိုနင်ဟော်မုန်း ထုတ်လုပ်မှုကို များစေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။ သင့်အလုပ်မှာ စိတ်ဖိစီးမှုများ တဲ့အခါ ရေခဲကို တဘက်လေးနဲ့ ထုပ်ပြီးဇက်ပေါ်မှာ ၁၅ မိနစ်ကြာတင်ထားပေးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, July 2016, Pg. 118

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18