Print

ဦးနှောက်နှင့်စိတ်ရောဂါများဖြစ်ခြင်း

  28-Feb-2017
Preview Image

ဦးနှောက်နှင့်စိတ်ရောဂါများဖြစ်ခြင်း
စိတ်ငြိမ်ဆေးသည် ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ ရောဂါများကို
ဖြစ်စေနိုင်ပါသည်။ စိတ်ငြိမ်ဆေး စွဲနေသူတစ်ယောက် ချက်ချင်းဆေးပြတ် သွားသောအခါ (သို့) ဆေးပမာဏ လျော့ကျသွားသောအခါ ကယောင်ကတမ်း ဖြစ်တတ်ပါသည်။ ထိုအခါ အလွန်ဂနာမငြိမ်ဖြစ်၍ ဟိုမြင် ဒီမြင် ဟိုကြားဒီကြား အာရုံဆန်းများဖြစ်နေသောကြောင့် ထိတ်လန့်တကြား ဖြစ်နေတော့၏ စနစ်တကျဆေးကုသပေးမှသာ သက်သာပျောက်ကင်းနိုင်၏။
ထို့ပြင် ဆေးဖြတ်သွားသောကြောင့် အတက်ရောဂါသဖွယ် တစ်ကိုယ်လုံးရှိ ကြွက်သားများ တောင့်တင်းသွားပြီးနောက် အရိုးအဆစ်များ တဆတ်ဆတ် တုန်ခါနေတတ်သည်။ ထိုသို့ အကြာကြီး တက်သည်မှာဆက်တိုက်ဖြစ်နေလျှင် အသက်အန္တရာယ်ရှိတတ်သည်။

စိတ်ရောဂါသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်သလို စိတ်ငြိမ်ဆေးကို စွဲစွဲမြဲမြဲ သောက်သုံးနေခြင်းကြောင့်လည်း ဖြစ်တတ်သည်။ စိတ်ကျရောဂါ၊ စိတ်ဖောက်ပြန်ရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းရောဂါ၊ အိပ်ခြင်းနှင့် ပတ်သက်သောရောဂါ၊ လိင်မှုကိစ္စနှင့်ပတ်သက်သောရောဂါ စသည့် ရောဂါများဖြစ်ကြောင်း တွေ့ရပါသည်။
မိမိကိုယ်မိမိ ထိခိုက်အောင် လုပ်ရာ၌လည်းကောင်း၊ မိမိကိုယ်မိမိ အဆုံးစီရင်ရာ၌လည်းကောင်း၊ စိတ်ငြိမ်ဆေးကို အသုံးပြုတတ်ကြပါသည်။ အချို့သော မူးယစ်ဆေးစွဲသူများနှင့် အရက်စွဲသူများသည် ၎င်းတို့ သုံးစွဲနေကျဆေးများ မရရှိသောအခါ စိတ်ငြိမ်ဆေးကို ပြောင်းလဲသုံးစွဲတတ်ကြ၏။ ထိုအခါ စိတ်ငြိမ်ဆေးပါ စွဲသွားတတ်၏။

နောက်ဆုံး ထိုဆေးများကို တွဲဖက်သုံးစွဲသောကြောင့် ဖော်ပြခဲ့သည့် အန္တရာယ်ဆိုးများကို မလွဲမသွေ ရင်ဆိုင်ကြရလေတော့၏။
အချုပ်အားဖြင့် ဆိုရသော် စိတ်ငြိမ်ဆေးသည် ကျွန်တော်တို့အတွက် အသုံးဝင်သော ဆေးဖြစ်ပါသည်။ သို့ရာတွင် တတ်ကျွမ်းသည့် ပညာရှင်များက ညွှန်ကြားခြင်းမရှိဘဲ မိမိသဘောအလျောက် မသုံးသင့်ပါ။ စွဲတတ်သည်။ စွဲခဲ့သော်ဖြတ်ရခက်ပါသည်။ ဖြတ်မရသော် နောက်ဆက်တွဲ အန္တရာယ်များကို ကြုံတွေ့ရမည်ဖြစ်ကြောင်း ထပ်လောင်းတင်ပြလိုက်ရပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဟန်စိန်
နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18