Print

အယ်လ်ဇိုင်းမားရောဂါ မဖြစ်ပွားစေရန်

  28-Feb-2017
Preview Image

အယ်လ်ဇိုင်းမားရောဂါ မဖြစ်ပွားစေရန် 
 

၁။ ဦးနှောက်ကို အလေ့အကျင့်ပေးပါ

ဦးနှောက်သုံးပြီး လေ့ကျင့်ရတဲ့ ကစားနည်းတွေဖြစ်တဲ့ စကားလုံးဆက်တာ စကားထာဝှက်တာ၊ ဉာဏ်စမ်းကစားနည်းတွေ ကစားတာစတာတွေ လုပ်ဆောင်ပေးတာက မှတ်ဉာဏ်စွမ်းအားကို အမြဲတမ်း ကောင်းမွန်နေစေပါတယ်။

 

၂။ ဦးနှောက်စွမ်းအား ကောင်းမွန်စေသော အစာစားပါ

အိုမီဂါ-၃ အဆီပါဝင်မှုများတဲ့ အဆီများတဲ့ငါး စားသုံးတာ၊ ကောက်နှံတစ်ခုလုံး
ကွေကာ၊ အင်တီအောက်ဆီးဒင့် စတာတွေ စားသုံးတာက ဦးနှောက်စွမ်းအားကို
မြင့်မားစေပါတယ်။ အစာကို နည်းနည်းနဲ့ မကြာခဏ စားသုံးတာက သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေပြီး ဦးနှောက်ဆီ အာဟာရပုံမှန်ရရှိအောင် ထိန်းထားနိုင်ပါတယ်။

 

(၃) စိတ်ဖိစီးမှုတွေကို လျှော့ချပါ။

စိတ်ဖိစီးမှုတွေ များတဲ့အခါ ခနွာကိုယ်မှာ ကော်တီဇောဟော်မုန်းတွေ ထွက်လာပါတယ်။ အဲဒီဟော်မုန်းက ဦးနှောက်ရဲ့ မှတ်ဉာဏ်အပိုင်းကို ကျုံ့စေလို့ မှတ်ဉာဏ်ကျဆင်းစေပါတယ်။ စိတ်ဖိစီးမှုတွေ လျှော့ချဖို့အတွက် ယောဂကျင့်တာ၊ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်တာတွေလုပ်ဖို့ လိုပါတယ်။ 

 

(၄) ခန္ဓာကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းပါ

နေ့စဉ်ပုံမှန်လမ်းလျှောက်လေ့ကျင့်ခန်းလုပ်တာ၊ ဆွဲဆန့်လေ့ကျင့်ခန်းလုပ်တာတွေ လုပ်ဆောင်တာက ဦးနှောက်ဆဲလ်တွေကို ပျက်စီးမှုမဖြစ်အောင် ထိန်းထားနိုင်ပါတယ်။

(၅) အများကြီး မမှတ်ပါနှင့်

တစ်ပြိုင်နက်တည်းမှာ နှစ်မျိုးသုံးမျိုး မှတ်သားတာမျိုး မလုပ်ပါနဲ့။ ဥပမာ စာဖတ်နေတဲ့အချိန်မှာ သီချင်းဖွင့်တာမျိုးမလုပ်ပါနှင့်။ တစ်ကြိမ်မှာ တစ်ခုစီလုပ်တာက အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းလို့ မှတ်သားနိုင်စွမ်းရည်ကို ပိုမိုမြင့်မားစေပါတယ်။

 

(၆) သွေးတွင်းအဆီဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပါ။

သွေးတွင်းမှာ မကောင်းတဲ့ကိုလက်စထရောအဆီတွေများပါက အဆီခဲဖတ်
ဖြစ်ပေါ်စေပါတယ်။ အဆီခဲဖတ်တွေက နှလုံးနဲ့ သွေးကြောတွေကိုသာ ဒုက္ခပေးတာ မဟုတ်ဘဲ ဦးနှောက်သွေးကြော တွေကိုပါ ပိတ်ဆို့နိုင်ပါတယ်။ ဦးနှောက်သွေးကြော ငယ်လေးတွေမှာ အဆီခဲဖတ်ပိတ်ဆို့ပါက အာဟာရ ရရှိမှု ပြတ်တောက်ကာ မှတ်ဉာဏ်စွမ်းရည်တွေကို ချို့ယွင်းစေပါတယ်။

 

(၇) သောက်သုံးနေသောဆေးဝါးများကို စစ်ဆေးပါ။

သင်သောက်သုံးနေရတဲ့ ဆေးဝါးတွေကလည်း ဦးနှောက်မှတ်ဉာဏ်ကို ထိခိုက်စေတတ် ပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေ၊ ဆေးဝါးကို ကြာရှည်စွာ စွဲသောက်နေရသူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ စိတ်ကျရောဂါ၊ စိုးရိမ်စိတ်များတာ၊ ဘီတာဘလော့ကာ၊ ပါကင်ဆန်၊ ကင်ဆာစတဲ့ရောဂါတွေ၊အိပ်ဆေး စတဲ့ ဆေးဝါးတွေကို ကြာရှည်စွဲမြဲ သောက်ပါက မှတ်ဉာဏ်စွမ်းအားကို ထိခိုက်စေနိုင်ပါတယ်။ 

 

(၈) တစ်နေ့ပန်းသီး တစ်လုံးစားပါ။

တစ်နေ့ ပန်းသီးတစ်လုံးစားပါက လိုအပ်တဲ့ အင်တီအောက်ဆီးဒင့်ကို ရရှိနိုင်ပါတယ်။ ပန်းသီးမှာပါတဲ့ အက်စီတိုင်ကိုလင်းဓါတ်က မှတ်ဉာဏ်စွမ်းအား
မြင့်မားစေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် အင်တီအောက်ဆီးဒင့်တွေက ဦးနှောက်ဆဲလ်တွေ ဓာတ်တိုးပျက်စီးမှုကနေ တားဆီးပေးပါတယ်။

 

(၉) ၀ိုင်နီသောက်ပါ

၀ိုင်နီထဲမှာ ရက်စပါရက်ထရောများစွာပါဝင်လို့ အယ်လ်ဇိုင်းမားရောဂါ
ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။ ဒါ့အပြင် သွေးတွင်း ကိုလက်စထရောကို
လျော့နည်းစေလို့ ဦးနှောက်သွေးကြော အပါအဝင် ခနွာကိုယ်တစ်ခုလုံးရဲ့ 
သွေးကြောတွေ ထဲမှာ သွေးခဲဖတ်ပိတ်ဆို့မှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ 

 

(၁၀) လက်ဖက်စိမ်းရည်သောက်ပါ။

လက်ဖက်စိမ်းရည်သောက်တာကြောင့် ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းအား ကို မြင့်မားစေပါတယ်။ လက်ဖက်စိမ်းထဲမှာ ပါဝင်တဲ့ ပိုလီဖီနောက ဦးနှောက် ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေရဲ့ ဖျက်စီးမှုကနေ တားဆီးပေးပါတယ်။ လေ့လာမှုအရ လက်ဖက်စိမ်းရည်ကို နေ့စဉ်သောက်ပေးပါက ဦးနှောက်နဲ့အာရုံကြောရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်နိုင်တာကို တွေ့ရပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, September 2015, Pg. 106



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18