မသိစိတ်ထဲမှ ခုခံစိတ်များ (Primitive defense mechanisms(Psychology))
25-Mar-2017(၁) မေ့ထားခြင်း၊ ရှောင်ဖယ်ခြင်း၊ ချုပ်တည်းခြင်း၊ ထိန်းချုပ်ခြင်း (Repression)
## မိမိခံစားနေရသော စိတ်ဖိစီးမှု၊ မကောင်းသောမှတ်ညဏ်များ၊ စိတ်ညစ်စရာများနှင့် ပတ်သက်၍ မေ့မေ့ပျောက်ပျောက်နေခြင်း၊ သတိရစေမည့်အရာများကို ရှောင်ကြဉ်ခြင်း
(၂) မသိစိတ်မှ ငြင်းဆန်မိခြင်း (Denial)
@ ဥပမာ ၁ - အလွန်အမင်းအရက်စွဲနေသူတစ်ယောက်သည် သူ့ကိုယ်ကို အရက်မစွဲသည့်အပြင် အလုပ်ထဲတွင်အောင်မြင်ပြီး လူအများနှင့်ဆက်ဆံရေးပြေလည်ကြောင်း အမြဲပြောတတ်သည်။
@ ဥပမာ ၂ - မိမိ၏ ချစ်ခင်ရသူများ သေဆုံးသည်ကို လက်မခံနိုင်ဘဲ အနီးတွင် ရှိနေသကဲ့သို့ နေထိုင်ခြင်း
## စိတ်ထဲတွင် အလွန်အမင်းနာကျင်ရခြင်း၊ အမှန်ကို မသိစိတ်ကလက်မခံနိုင်ခြင်း အစရှိသည်တို့ကြောင့် မသိစိတ်မှငြင်းဆန်မိတတ်သည်။
(၃) စိတ်ထွက်ပေါက်ရှာခြင်း (Displacement)
@ ဥပမာ ၁ - မိမိဒေါသမထွက်သင့်သူနှင့် ရန်ဖြစ်သောအခါ နံရံကို ထိုးမိတတ်ခြင်း၊ မိမိဘေးရှိပစ္စည်းများကို ပစ်ပေါက်မိတတ်ခြင်း ရိုက်ခွဲမိတတ်ခြင်း
@ ဥပမာ ၂ - မိမိကိုယ်ကို နှိပ်စက်ခြင်း ( အရေပြားကို ဓားဖြင့်ပွန်းခြင်း၊ ကိုယ့်ပါးကိုယ်ပြန်ရိုက်ခြင်း )
@ ဥပမာ ၃ - အလုပ်၏ စိတ်ဖိစီးမှုကို မိသားစုအပေါ် အော်မိခြင်း၊ အိမ်မွေးတိရိစ္ဆာန်များကို ညှင်းပန်းနှိပ်စက်မိခြင်း
## မိမိ၏ ခံစားချက်များကို စိတ်ထဲရှိသည့်အတိုင်းမလုပ်နိုင်သည့်အခါ၊ မိမိမလုပ်ချင်သောအရာကို မဖြစ်မနေလုပ်နေရသောအခါ စသည့်အခြေအနေများတွင် မသိစိတ်မှစိတ်ထွက်ပေါက်ရှာမိတတ်သည်။ ထိုအခါ အခြားအရာတစ်ခုအပေါ်သို့ ထိုခံစားချက်များကို ပုံချမိတတ်သည်။ အနည်းငယ်မျှတော့ စိတ်ဖိစီးမှုများ လျော့သွားလေ့ရှိသည်။
(၄) အပြစ်ပုံချတတ်ခြင်း (Projection)
@ ဥပမာ - အလုပ်တွင် ကြိုးစားချင်လိုစိတ်ရှိသော်လည်း အပျင်းကြီးနေမိသောကြောင့် ကိုယ့်ထက်ရာထူးငယ်သူများအား အပျင်းခိုသည်ဟု ပုံချမိတတ်သည်။
## စိတ်ထဲတွင်ဖြစ်နေသော လက်မခံနိုင်သော ခံစားချက်များ၊ အတွေးဆိုးများကို တခြားတစ်ယောက်မှ ဖြစ်နေသည်ဟု ပြောခြင်းဖြစ်သည်။ ထိုကဲ့သို့ တစ်ခြားတစ်ယောက်မှဖြစ်သည်ဟု ယူဆလိုက်ပါက စိတ်ထဲတွင် အတော်လေး စိတ်ချမ်းသာရာရသွားတတ်သောကြောင့် အပြစ်ပုံချမိတတ်သည်။
(၅) ကလေးကဲ့သို့ပြန်ဖြစ်သွားခြင်း (Regression)
@ ဥပမာ - စိတ်ဖိစီးမှု၊ စိတ်ညစ်စရာများဖြစ်လျှင် အိပ်ယာထဲတွင်သာ မိခင်ဝမ်းထဲသကဲ့သို့ ကွေးကွေးလေးနေလိုခြင်း၊ အပြင်လောကနှင့်မတွေ့ချင်ခြင်း
## အသက်နှင့်အမျှ အခက်အခဲ ပြဿနာများနှင့် တွေ့ကြုံရလျှင် ကလေးဘဝနေခဲ့တုန်းကလို ပြန်နေမိသွားခြင်း
(၆) စိတ်လွှဲခြင်း (Sublimation)
@ ဥပမာ ၁ - ဆေးလိပ်စွဲနေသူတစ်ယောက် ဆေးလိပ်ဖြတ်ချင်သောအခါ အခြားဆေးလိပ်အစားထိုးပစ္စည်းများ(ဥပမာ- ပီကေ)ကို အသုံးပြုခြင်း
@ ဥပမာ ၂ - အရမ်းစိတ်ညစ်နေသူတစ်ယောက်သည် အိမ်အလုပ်တစ်နေကုန်လုပ်နေခြင်းအားဖြင့် စိတ်ဖိစီးမှုကို လျှော့ချခြင်း
## မကောင်းသောအရာများကို မကောင်းမှန်းသိသော်လည်း ပြုလုပ်ချင်သောအခါ ကောင်းသောအရာများနှင့် အစားထိုးပြုလုပ်ခြင်းဖြစ်သည်။
(၇) စိတ်ကွဲပြားခြင်း (Dissociation)
- မြန်မာရုပ်ရှင် "မိုးညအိမ်မက်မြူ" ရုပ်ရှင်ကားထဲက မင်းသားဖြစ်တဲ့ရောဂါ Multiple personality disorders နှင့် အတော်ဆင်တူပါတယ်။ စိတ်ဒဏ်ရာ၊ စိတ်ဖိစီးမှု ဆိုးဆိုးရွားရွားရရှိသောအခါမျိုးတွင်လူတစ်ကိုယ်တည်း စိတ်တစ်ကိုယ်တည်းဖြစ်ရမယ့်အစား လူတစ်ကိုယ်တည်းပေမယ့် စိတ်အမျိုးမျိုးဖြစ်နေခြင်းဖြစ်သည်။(ကိုယ်ကိုယ်တိုင်မသိဘဲ ဖြစ်သွားခြင်းဖြစ်သည်)။ ဥပမာအနေနဲ့ စိတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားပါက ထိုလူတစ်ယောက်တည်းကပင် မသိစိတ်မှ နောက်တစ်ယောက်ပုံစံ မှတ်ညဏ်၊ ကိုယ်ပိုင်ပုံစံ၊ သိမှု စသည်တို့ လုံးဝပြောင်းလဲသွားခြင်းမျိုးဖြစ်သည်။ ဘေးပတ်ဝန်းကျင်မှသာ သတိထားမိမည်ဖြစ်သည်။
(၈) စိတ်ကို အကန့်ခွဲထားခြင်း (Compartmentalization)
@ ဥပမာ ၁ - အလုပ်တွင် အရမ်းတိကျပြီး စည်းကမ်းကြီးလွန်းသူသည် အိမ်ကိုရောက်သည်နှင့် နူးညံ့သောသူဖြစ်သွားတတ်ခြင်း။
## နေရာနှင့် အခြေအနေပေါ် မူတည်ပြီး အပြုအမူပြောင်းလဲသွားခြင်းဖြစ်သည်။
(၉) စိတ်တစ်မျိုး ကိုယ်တစ်မျိုး (Reaction Formation)
@ ဥပမာ - အလုပ်ရှင်ကို အလွန့်အလွန် ဒေါသထွက်နေသော အမျိုးသမီးတစ်ယောက်သည် အလုပ်မှချက်ချင်းပင် ထွက်စာတင်လိုသော်လည်း အပြင်လောကတွင်မူ အလုပ်ရှင်အပေါ် အရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံကာ တစ်သက်လုံးဤအလုပ်မှာပင် သစ္စာရှိရှိလုပ်မည့်သူလို နေထိုင်မိတတ်သည်။
## မလိုချင်သော အတွေးများ၊ အန္တရာယ်ဖြစ်စေနိုင်သော ခံစားချက်များ၊ လုပ်ဆောင်ချက်များကို ဆန့်ကျင်ဘက်အရာတစ်ခုသို့ ပြောင်းလဲခြင်းဖြစ်သည်။
(၁၀) ဖြေထုတ်ခြင်း (Rationalization)
@ ဥပမာ ၁ - အလုပ်လျှောက်ပေမယ့် မရသောလူတစ်ယောက်သည် သူကိုယ်တိုင် ထိုအလုပ်ကို မလုပ်ချင်သောကြောင့်ဖြစ်ကြောင်းပြောလေ့ရှိတတ်သည်။
@ ဥပမာ - မကောင်းမှုများစွာ ပြုလုပ်ထားသောလူတို့သည် နောက်ပိုင်းတွင် ကောင်းမှုကို အလွန်အမင်းပြုလုပ်တတ်သည်။
## စိတ်ညစ်စရာ၊ စိတ်ပျက်စရာ၊ စိတ်ဓာတ်ကျစရာ၊ ရှက်ရွံစရာများကို ဖြေထုတ်နည်းတစ်မျိုးဖြစ်သည်။ ဖြစ်သင့်ဖြစ်ထိုက်သော အနေအထားတစ်ခုအနေနဲ့ သတ်မှတ်ခြင်းဖြစ်သည်။(မသိစိတ်မှဖြစ်နိုင်သလို၊ သိစိတ်မှဖြစ်တာမျိုးလည်းရှိသည်)
အထက်ပါအချက်များသည် ပုံမှန်အပြုအမူများဖြစ်သည်။သို့သော် အစွန်းရောက်သွားလျှင်မူ ပုံမမှန် Abnormal ဟု သတ်မှတ်နိုင်သည်။ အသေးစိတ်သတ်မှတ်နိုင်ရန် စိတ်ကျန်းမာရေးနှစ်သိမ့်ဆွေးနွေးအတိုင်ပင်ခံ ဆရာဝန်များနှင့် တိုင်ပင်သင့်သည်။
Dr.Greenbud ( 7887 Healthcare Call Center )
ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင် ..........