Print

ဝမ်းနည်းပူဆွေးခြင်းနဲ့ စိတ်ဓာတ်ကျခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း

  15-Apr-2017
Preview Image

* စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်ရဲ့ အကျိုးဆက်အဖြစ် မိမိဆုံးရှုံးသွားခဲ့တာမှန်သမျှကို စဉ်းစားကြည့်ပါ။ သူငယ်ချင်း မိတ်ဆွေ ၊ မိသားစုဝင်တွေ ဒါမှမဟုတ ပိုင်ဆိုင်မှု ဥစ္စာပစ္စည်းတွေ ဆုံးရှုံးခဲ့ရတာမျိုးဖြစ်နိုင်ပါတယ်။ မိမိခန္ဓာကိုယ်ကိုယ်က တစ်စုံတစ်ခု ဆုံးရှုံးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မိမိရဲ့ လွတ်လပ်ခွင့် ၊ ကျန်းမာရေး ဒါမှမဟုတ် ဘေးကင်းလုံခြုံရေး အစရှိတဲ့တစ်စုံတစ်ခု ဆုံးရှုံးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။


* မိမိဘာတွေ ဆုံးရှုံးသွားတယ်ဆိုတဲ့ အကြောင်းနဲ့ အဲဒီဆုံးရှုံးသွားတဲ့အရာတွေအတွက် မိမိဘယ်လိုခံစားရတဲ့ အကြောင်းတွေကို ပြန်ပြောင်းပြောပြ ဒါမှမဟုတ် ရေးပြပါ။


* အဲ့ဒီ့ဆုံးရှုံးသွားတဲ့ အရာတွေကို ဘယ်လိုပြန်လည် တည်ဆောက်လို့ ရနိုင်မလဲဆိုတာကို စဉ်းစားပါ။ ဥပမာအားဖြင့် - မိမိရဲ့ထိန်းချုပ်နိုင်စွမ်းကို ဘယ်လိုပြန်လည်တည်ဆောက်မလဲ ၊ နေ့စဉ်နဲ့အမျှ ဆုံးဖြတ်ချက်ချနေရတဲ့ အရာကိစ္စတွေကို ကိုယ့်ဘာသာ ဘယ်လိုကြိိုးစားဆုံးဖြတ်မလဲအစရှိတာမျိုးတွေပေါ့။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ဘဝအပေါ် ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ခံစားမှု ပိုမိုရှင်သန်လာပါလိမ့်မယ်။


* ဒီစိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်ကနေ ဘယ်လိုမျိုးကိစ္စကောင်းတွေ ဆွဲထုတ်လို့ရနိုင်သလဲဆိုတာ စဉ်းစားပါ။ မိမိကိုယ်တိုင်နဲ့ တခြားလူတွေအတွက် သင်ခန်းစာဖြစ်စေနိုင်တဲ့ အကြောင်းအရာမျိုးတွေပေါ့။ လမ်းညွှန်ချက် အသစ်တွေ ၊ ဦးစားပေးဆောင်ရွက်သင့်တဲ့အချက်တွေ ပေါ်ထွက်လာနိုင်ပါတယ်။


Credit: အောင်အေး (ရန်ကုန်တက္ကသိုလ်)

By Dr May Hnin Phyu



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18