Print

Amnesia (အတိတ်မေ့ရောဂါ)

  13-May-2017
Preview Image


Amnesia ခေါ် အတိတ်မေ့ရောဂါသည် မိမိဘဝတွင်တွေ ့ကြုံခဲ့ရသည့် အဖြစ်အပျက်များစွာထဲမှ အကြောင်းအရာတစ်ခုခု ဒါမှမဟုတ် လတ်တလောဖြစ်ပျက်ခဲ့သည့်အကြောင်းအရာနှင့် ပတ်သက်သည့် အသိဉာဏ်ပျောက်ဆုံးသွားခြင်း၊ မေ့လျော့သွားခြင်းဖြစ်သည်။အဆိုပါ အတိတ်မေ့ရောဂါဖြစ်ခြင်းသည် မိမိကိုယ်ကို မည်သူမှန်းမသိအောင် မေ့လျော့သွားခြင်းမဟုတ်ပါ။ဦးနှောက်၏ မှတ်ဉာဏ်ထိန်းချုပ်သောအစိတ်အပိုင်းကို ထိခိုက်မိသွားခြင်းကြောင့်ဖြစ်ပါတယ်။အတိတ်မေ့ခြင်းအတွက် တိကျတဲ့ကုသမှုမရှိပါ။ မိသားစုဝင်များနှင့် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်များမှမှတ်ဉာဏ်များပြန်ရလာအောင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်ပြောခြင်း၊ အားပေးခြင်းများဖြင့်သာ ကုစားနိုင်ပါတယ်။အဓိကလက္ခဏာ ၂မျိုးရှိပါတယ်။


၁။Anterograde amnesia - သတိလစ်မေ့မြောပြီးသည့်နောက်ပိုင်း အသစ်ဖြစ်ပေါ်လာသည့် အဖြစ်အပျက်များကို မမှတ်နိုင်တော့ခြင်း။


၂။Retrograde amnesia - သတိမလစ်ခင် လတ်တလော ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို မမှတ်မိတော့ခြင်း။


အတိတ်မေ့ခြင်းသည် လူတစ်ယောက်၏ အသိဉာဏ်၊ ဗဟုသုတ၊ ကိုယ်ရည်ကိုယ်သွေး၊အကျင့်စရိုက်များကို ပြောင်းလဲသွားခြင်း၊ထိခိုက်စေနိုင်ခြင်းမရှိပါဘူး။နေ ့စဉ်ဆောင်ရွက်နေကျ ကိစ္စများကို လုပ်ဆောင်နိုင်ပါတယ်။အတိတ်မေ့ခြင်းသည် Dementia ဟုခေါ်သော အသိဉာဏ်ချို ့ယွင်းခြင်းနှင့် မတူညီပါဘူး၊Dementia တွင် မှတ်ဉာဏ်ချို ့ယွင်းခြင်း၊ သတိမေ့လျော့ခြင်း၊အာရုံမစူးစိုက်နိုင်မှု နှင့် နေ ့စဉ် လုပ်ငန်းဆောင်တာများကို မလုပ်နိုင်ခြင်းများထိ ဖြစ်တတ်ပါတယ်။


ဖြစ်ပွားရသော အကြောင်းရင်းများ

အတိတ်မေ့ခြင်းသည် ဦးနှောက်ရှိ စိတ်ခံစားမှုနှင့် မှတ်ဉာဏ်လုပ်ဆောင်မှုကို ထိန်းချုပ်သည့် Limbic system ကိုထိခိုက်သွားသောကြောင့်ဖြစ်သည်။ ဦးနှောက်ထိခိုက်ရာမှတဆင့်အတိတ်မေ့ခြင်းကို ဖြစ်စေနိုင်သောအကြောင်းရင်းများမှာ

-လေဖြတ်ခြင်း

-ဦးနှောက်ရောင်ခြင်း

-ဦးနှောက်တွင်းအောက်ဆီဂျင်ပြတ်လတ်ခြင်း (နှလုံးရုတ်တရက်တိုက်ခိုက်ခံရခြင်း၊ အသက်ရှုကြပ်ခြင်း၊ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ ့အဆိပ်သင့်ခြင်း တို ့ကြောင့်ဖြစ်နိုင်ပါတယ်)

-ဦးနှောက်တွင် အလုံးအကျိတ်ဖြစ်ခြင်း

-အယ်လ်ဇိုင်းမားရောဂါ နှင့် အခြားမှတ်ဉာဏ်ချို ့ယွင်းသည့်ရောဂါများ

-အတက်ရောဂါ

-Benzodiazepine ဆေးသောက်နေရသူများ

-အက်ဆီးဒင့်ဖြစ်ခြင်းမှတစ်ဆင့် ဦးခေါင်းထိခိုက်ဒဏ်ရာရထားသူများ

-စိ်တ်ဒဏ်ရာအပြင်းအထန်ရဖူးသူများ (ဥပမာ- ပြန်ပေးဆွဲခံရဖူးသူများ၊ နှိပ်စက်ခံရဖူးသူများ)


ဖြစ်နိုင်ချေများသူများကတော့

-ဦးနှောက်ခွဲစိတ်မှုပြုလုပ်ဖူးသူများ၊ ဦးခေါင်းပိိုင်းထိခိုက်ဒဏ်ရာရဖူးသူများ၊

-လေဖြတ်ဖူးသူများ

-အရက်စွဲရောဂါရှိသူများ

-အတက်ရောဂါရှိသူများ


နောက်ဆက်တွဲ ပြဿနာများအနေဖြင့်

ရောဂါပြင်းထန်လျှင် နေ ့စဉ်လုပ်ငန်းဆောင်တာများနှင့် လူနေမှုဘဝကိုပါ ထိခိုက်လာနိုင်ပါတယ်။ အလုပ်၊ကျောင်းနှင့် လူမှုရေးဆိုင်ရာပြဿနာများပေါ်ပေါက်လာနိုင်ပါတယ်။အတိတ်မေ့ပြီးပျောက်သွားသောမှတ်ဉာဏ်များကို ပြန်ရနိုင်ရန် ခက်ခဲပါတယ်။ မှတ်ဉာဏ်ချို ့ယွင်းမှုဆိုးရွားလာသည့် အချိန်တွင်စိိတ်ကျန်းမာရေးစောင့်ရှောက်မှုဌာနများ သို ့မဟုတ် မိသားစုများ၏ စောင့်ရှောက်မှုအောက်တွင် နေထိုုင်သင့်ပါတယ်။အကြောင်းရင်းမသိဘဲ မှတ်ဉာဏ်များဆုံးရှုံးခြင်း၊ ဦးခေါင်းထိခို်က်ဒဏ်ရာရခြင်း၊စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်း၊မိမိကိုယ်ကိုမမှတ်မိနိုင်တော့ခြင်းများဖြစ်လာလျှင်ဆရာဝန်နှင့်ပြသသင့်ပါတယ်။


Dr.Moon(7887 Healthcare Call Center)

Ref:Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18