ဆေးလိပ်သောက်သူတို့ စိတ်ဓာတ်ကျခြင်းနှင့် ပူပင်သောကများနိုင်ခြေ ၇၀ ရာခို...
20-May-2017
ဆေးလိပ်သောက်သူတို့သည် စိတ်ဓာတ်ကျခြင်းနှင့် ပူပင်သောကများခြင်းတို့ ခံစားရနိုင်ခြေ ၇၀ ရာခိုင်နှုန်းပိုများကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။ ဆေးလိပ်ဖြတ်ခြင်းဖြင့် အဆိုပါအခြေအနေကို ပြောင်းလဲနိုင်ပြီး စိတ်ကျန်းမာရေးအခြေအနေကို တိုးတက်ကောင်းမွန်စေနိုင်ကြောင်း လေ့လာသူတို့ကဆိုသည်။ ရေရှည်ဆေးလိပ်သောက်သူတို့ ခံစားရသော ပူပင်သောကများခြင်းနှင့် စိတ်ဓာတ်ကျခြင်းအဆင့်သည် ဆေးလိပ်မသောက်ဖူးသူများနှင့် ယှဉ်လျှင် သိသိသာသာမြင့်တက်မှုရှိနေကြောင်း လေ့လာသူတို့ကဆိုသည်။
ယခင်လေ့လာမှုများအရ ဆေးလိပ်ဖြတ်ခြင်းသည် စိတ်ကျရောဂါကုသဆေးသောက်သကဲ့သို့ပင် တူညီသော ကောင်းကျိုးရရှိကြောင်း တွေ့ရှိခဲ့ရပြီး ဖြစ်သည်။ လေ့လာမှုအရ အသက် ၄၀ ကျော် လူဦးရေ ၆၅၀၀ ဦးအား လေ့လာခဲ့ရာ ဆေးလိပ်သောက်သူ ၁၈ ဒသမ ၃ ရာခိုင်နှုန်းသည် ဆေးလိပ်မသောက်သူ ၁၀ ရာခိုင်နှုန်း၊ ဆေးလိပ်သောက်ဖူးသူ ၁၁ ရာခိုင်နှုန်းကျော်တို့နှင့် နှိုင်းယှဉ်လျှင် စိတ်ဓာတ်ကျခြင်းနှင့် ပူပင်သောကများခြင်းကို ခံစားနေရကြောင်း တွေ့ရှိခဲ့ကြရသည်။
ဆေးလိပ်ဖြတ်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေရုံသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဆေးလိပ်သောက်သူတွေက ဆေးလိပ်သောက်တာကြောင့် ပူပင်သောကများတာနှင့် စိတ်ဖိစီးမှုများတာကို လျော့ပါးစေတယ်လို့ လွဲမှားပြီး ယုံကြည်နေကြပါတယ်။ တကယ်က ဆေးလိပ်ဖြတ်လိုက်မှသာ ပူပင်သောကနဲ့ စိတ်ဖိစီးမှု လျော့ကျသွားတာပါဟု လန်ဒန်ကောလိပ်မှ လေ့လာသူ ရောဘတ်က ဆိုသည်။ ယူကေတွင် အရွယ်ရောက်သူ ငါးဦးအနက် တစ်ဦးနီးပါးသည် ဆေးလိပ်သောက်နေကြကြောင်း ဗြိတိန်နှလုံး ဖောင်ဒေးရှင်း၏ တွေ့ရှိချက်အရ သိရသည်။
Credit:
Arogyam magazine
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

