စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ နည်းလမ်းကောင်းများ
03-Jun-2017(၁) ချစ်ခင်သူများနဲ့ ရင်းနှီးစွာနီးနီးကပ်ကပ် နေထိုင်ပါ။
ခိုင်မြဲတဲ့ချစ်ခင်ရင်းနီုးမှု သံယောဇဉ်နှင့် ထောက်ကူပေးမှုဟာ စိတ်ဖိအားကို သိသာစွာ လော့ကျစေတာ တွေ့ရတယ်။ ခက်ခဲပင်ပန်းနေတဲ့အချိန်မှာ ချစ်ခင်ရင်းနီုးသူ များရဲ့ ထွေးပိုက်နွေးထွေးမှု၊ ပွေ့ပိုက်နွေးထွေးမှု၊ အားပေးစကား နွေးထွေးစွာ ပြောဆို ကူညီမှုတို့ဟာ စိတ်ဆင်းရဲ့မှုနှင့် အင်အားတွေပြေလျှော့စေပြီး၊ အခက်အခဲတွေကို ကြ့ံကြံ့ခံ ဖြေရှင်းနိုင်တာကို တွေ့ရှိရပါတယ်။
(၂) အပြင်ထွက်လမ်းလျှောက်ခြင်းဖြင့် မျက်နှာပေါ်နေရောင်ခြည်ထိတွေ့ပါစေ
မနက်ခင်း (သို့) ညနေခင်းနေရောင်ခြည်နုနုအောက် လမ်းလျှောက်ပေး ရင် နေရောင်ခြည်က စိတ်ဖိအားကျဆင်းပါတယ်။ နေရောင်ခြည်ရဲ့ အရေးပါမှုကို ဘယ်လိုသိနိုင်လဲဆိုတော့ ဆောင်းရာသီ အေးစက်ပြီးနေရောင်သိပ်မမြင်ရတဲ့ တိုင်းပြည်တွေမှာ နေထိုင်သူတွေဟာ နေရောင်နဲ့ အထိအတွေ့နည်းလေလေ စိတ်ဖိစီးမှုကို ခံစားရပြီး စိတ်ဓာတ်ကျရောဂါတွေ ခံစားရလေလေ ဖြစ်တာတွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ခနွာကိုယ်ထဲက စိတ်ပျော်ရွှင်ချမ်းမြေ့မှုတွေပေးတဲ့ ဆီရိုတိုနင်ဟော်မုန်း ပမာဏဖြင့်မားစေအောင် နေရောင်ခြည် က ပြုလုပ်ပေးနိုင်လို့ဖြစ်ပါတယ်။
(၃) ကခုန်ခြင်း
မိနစ်လေးဆယ်ကြာအောင် လေ့ကျင့်ခန်းလုပ်ရင် စိတ်ဓာတ်တက် ကြွမြူးကြွလာတာ တွေ့ရပါတယ်။ တကယ်လို့ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်မဝင်မစားရင် အခွေဖွင့်ပြီး တစ်ယောက်တည်း စိတ်ရှိလက်ရှိ လွတ်လပ်စွာ ကခုန်နိုင်ပါတယ်။
(၄) တရားထိုင်ပါ
သက်သာတဲ့အနေအထားမှာထိုင်ပြီး မျက်စိမှိတ်ကာ စိတ်ကို အရှင်းဆုံးထားပြီး ဝင်လေထွက်လေကိုပဲမှတ်ခြင်း၊ စိတ်ကိုအစွမ်းကုန်ထိန်းပြီး တခြားဘယ်လိုမှ စိတ်မပျံ့စေဘဲ စိတ်ကိုတည်ငြိမ်အောင်ထားမယ်ဆိုရင် စိတ်ရောကိုယ်ပါ ငြိမ်းချမ်းလာ ပါလိမ့်မယ်။ စိတ်ဖိအားများလည်း သက်သာကျဆင်းလာပါမယ်။ နေ့စဉ်လေ့ကျင့်ရင်း တရားထိုင်မယ်ဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာရေးလည်း ပိုကောင်းလာပါတယ်။
(၅) ချစ်စရာ အိမ်မွေးတိရစ္ဆာန်မွေးပါ။
ခွေး၊ ကြောင်၊ ကြက်တူရွေး၊ ကတ္တဝါ စသဖြင့် အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူထားရင် သံယောဇဉ် အပြန်အလှန်ဖြစ်ပြီး အထီးကျန်စိတ်လည်းပျောက်ကာ အဖော်လည်းရ၊ စိတ်ဖိအားလည်း ကျစေပါတယ်။
(၆) မွှေးရနံ့ ကုထုံးခံယူပါ
လာဗင်ဒါအဆီနဲ့ ရနံ့ကုထုံးခံယူလိုက်ရင် စိတ်ညစ်နေတာတွေ ပင်ပန်းဆင်းရဲနေ တာတွေ၊ စိတ်ဖိအားခံစားနေရတာတွေ သက်သာသွားစေမယ်။ ရေချိုးကန်ထဲရေကြက်သီးနွေးဖြည့်ကာ လာဗင်ဒါအဆီ ၄-၅ စက် ထပ်ထည့်ပြီး မီးရောင်မှိန်မှိန်နဲ့ သီးချင်းအေးအေးတိုးတိုးဖွင့်ထားရင်း ရေစိမ်ချိုးလိုက်ပါက ချက်ချင်းလို ပေါ့ပါးလန်းဆန်း စိတ်ရွှင်လန်းလာစေပါတယ်။ အိပ်ခန်းထဲ နှစ်သက်ရာရေမွှေးနံ့လေး ဖျန်းထားပြီး အနားယူအပန်းဖြေရင်လည်း အလားတူ အကျိုးကျေးဇူး ရရှိစေပါတယ်။ လောကဓံတရားကိုလည်း ကြံ့ကြ့ံခံ ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေ။
Credit:
ဒေါက်တာအေးမြချယ်
Ziwaka magazine, July 2016