Print

စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်အလွန် စိတ်ဖိစီးမှုရောဂါဆိုင်ရာ ရောဂါလက္ခဏာမျာ...

  10-Jun-2017
Preview Image


စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ် အလွန် စိတ်ဖိစီးမှုရောဂါ (PTSD) ခံစားနေရာသူတွေဟာ တုန်လှုပ်ချောက်ချားမှု ဒါမှမဟုတ် အလွန်အကျွံကြောက်ရွံ့မှုတွေကို မကြာခဏ ခံစားမှုတွေ ပြန်ပေါ်တာပါ။ အဲဒီဝေဒနာခံစားနေရ သူတွေဟာ အောက်ဖော်ပြပါ အခက်အခဲကြီး ၄ ခုနဲ့ ကြုံတွေ့ရပါတယ်။


၁။ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်နဲ့အတူ ပြန်လည်နေထိုင်နေရခြင်း

မလိုလားအပ်တဲ့ မှတ်ဉာဏ်တွေ ပြန်ပြန်ပေါ်နေပါတယ်။ ထင်ရှားပြတ်သားတဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်တာရော၊ အိပ်မက်ဆိုးတွေ မက်တာပါ မကြာခဏဖြစ်ပါတယ်။ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်ကို ပြန်သတိရလိုက်တဲ့အခါတိုင်း ချွေးထွက်တာ၊ နှလုံးခုန်မြန်တာ အစရှိတဲ့ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေ ပေါ်ပေါက်လာသလို ထိတ်ထိတ်ပျာပျာဖြစ်တဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေလည်း ပေါ်ပေါက်လာပါတယ်။


၂။ အလွန်အကျွံသတိထားနေခြင်း ဒါမှမဟုတ် အလွန်အကျွံချောက်ချားနေခြင်း

ကောင်းကောင်းအိပ်မပျော်ခြင်း၊ စိတ်ကသိကအောက်ဖြစ်ခြင်း၊ အာရုံစူးစိုက်လို့ မရခြင်း၊ အလွယ်တကူ တုန်လှုပ် တုန်လှုပ်ချောက်ချားခြင်း၊ အန္တရာယ်ရှိတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာမှာကို အမြဲတစေ သတိထားနေခြင်း အစရှိတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။


၃။ ဖြစ်ရပ်ကို သတိရစေမယ့်အရာတွေကို ရှောင်ကြဉ်ခြင်း

စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်ကို ပြန်သတိရစေနိုင်တဲ့ လူတွေ၊ နေရာတွေ၊ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်နေပါတော့တယ်။ ပြန်သတိရရင် နာကျင်ခံစားခဲ့ရတဲ့ ဝေဒနာတွေ အသစ်တစ်ဖန်ပြန်ပြီး ခံစားရမှာ ကြောက်လို့ဖြစ်ပါတယ်။


၄။ စိတ်ခံစားမှုအရ ထုံထိုင်းလာခြင်း

နေ့စဉ်နေ့တိုင်း ပြုမူဆောင်ရွက်နေရတဲ့ လှုပ်ရှားမှုတွေအပေါ် စိတ်ဝင်စားမှုမရှိတော့ပါဘူး။ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေအပေါ် ဆက်ဆံရေးကျဲလာပါတယ်။ စိတ်ခံစားမှုပိုင်းမှာလည်း တက်ကြွမှုမရှိတော့ဘဲ ထုံထိုင်းသွားပါတယ်။


အထက်ဖော်ပြပါ လက္ခဏာတွေကြောင့် ကာယကံရှင်ရဲ့ အလုပ်လုပ်နိုင်စွမ်း၊ လေ့လာနိုင်စွမ်းတွေ ကျဆင်းကုန်ပါတယ်။ လူမှုဆက်ဆံရေး နယ်ပယ်နဲ့လည်း ကင်းသွားပါတယ်။ ဒီ PISD ဝေဒနာရှင်တွေဟာ တစ်ချိန်ထဲမှာ တခြားစိတ်ရောဂါတွေ မဖြစ်ပါဘူး။ ဒီရောဂါကို မကုဘဲထားလို့ အချိန်သိပ်ကြာလာရင်သာ စိတ်ကျရောဂါ၊ စိုးရိမ်သောက ရောက်မှုဆိုင်ရာ စိတ်ရောဂါတွေ ပေါင်စပ်ဖြစ်ပေါ်လာတတ်ပါတယ်။

Credit:

အောင်အေး (ရန်ကုန်တက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18