ကျေနပ်ပျော်ရွှင်ဝမ်းမြောက်မှု အနုပညာ
24-Jul-2019မိမိကိုယ်ကို
ကျေနပ်ပျော်ရွှင် ဝမ်းမြောက်စေဖို့ . . .
-
သူတစ်ပါးအပေါ်
မိမိအသက်နှင့် ထပ်တူ မေတ္တာတရားထားရှိပါ။
-
လူ့ဘဝပတ်ဝန်းကျင်တစ်ခုလုံးကို
လွှမ်းခြုံထွေးပိုက်၍ အံ့သြဖွယ်ရာများနှင့် စကြဝဠာ၏ ကောင်းကွက်များတည်းဟူသော အလှအပအားလုံးကို
သင် အနီးကပ်ဆွဲယူထားပါ။
-
ဘဝခရီးမှာ
သင်၏ အပေါင်းအဖော်များ အားလုံးအတွက် အေးတိအေးစက်မနိုင်ဘဲ လှုပ်ရှားတက်ကြွ နွေးထွေးသည့်နှလုံး
ထားရှိပါ။
-
ရယ်စရာဟာသနှင့်
မျက်ရည်စရော သွားသည့်အခါလည်းရှိသည်။ ဆိုလိုရင်းမှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်သော ပျော်ရွင်ကြည်နူးစရာများသည်
နှစ်တွေကြာလာသည်နှင့်အမျှ မှုန်ဝါးဝါးဖြစ်ကာ ရေးတေးတေး ပြန်လည် သတိရသည့်အခါ လှိုက်လှဲဝမ်းသာရသလို
ဝမ်းနည်းတသ ခံစားရခြင်းမျိုးဖြစ်တတ်သည်။
-
သင်၏
ပျော်ရွှင်ဝမ်းမြောက်မှုကို မျှဝေပေးပါ။
-
မိမိ၏
တန်ဖိုးအစွမ်းအစရှိသမျှကို ဖော်ထုတ်ပြသပါ။ စိတ်ကူးဉာဏ် ကွန့်မြူးမှုကလည်း ထူးကဲဒီရေအလား
ပြည့်လျှံသွားသလို ဖန်တီးမှု၏ ဂုဏ်ကျက်သရေလည်း ဖြစ်သည်။ ပျော်ရွှင်ဝမ်းမြောက်စွာ အလုပ်လုပ်သည်
နှင့်အမျှ မိမိအလုပ်ခွင်မှာ ပျော်ရွှင် ဝမ်းမြောက်စရာတွေ တွေ့ရပါမည်။
-
သေးငယ်မှေးမှိန်သော
ဌာနများမှာ ပျော်စရာဖွေရှာပါ။
-
လက်ဝယ်ရှိတာကို
ပျော်ရွှင်ခံစား၍ စိတ်ကျေနပ်ရောင့်ရဲအောင်ကြိုးစားပါ။
-
တစ်နေ့စီ၊
တစ်နေ့စီကို အံ့သြစရာ အကောင်းဆုံးဖြစ်အောင် စီမံလုပ်ဆောင်ပါ။
Credit :
မောင်ကျေးဇူး