စိတ်ကျန်းမာရေးဟာ ကိုယ်ဝန် ဆောင် မိခင် တွေ အတွက် အရေးကြီးတဲ့အရာဖြစ်တယ်ဆ...
09-May-2025
ကိုယ်ဝန်ဆောင်စဉ် မိခင်ရဲ့စိတ်အခြေအနေ အဖုံဖုံဟာ ရင်သွေးလေးရဲ့ကျန်းမာရေး နဲ့ ကြီးထွားဖွံ့ဖြိုးမှု အပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ ဆိုပါတယ်။
ကိုယ်ဝန် ဆောင်စဉ် စိတ်ပူပန်မှုများခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် စိတ်ကျရောဂါခံစားရခြင်း များရှိပါက လမစေ့ဘဲစော မွေးခြင်း၊ ကလေးပေါင်မပြည့်ခြင်းတို့ ကြုံရနိုင်ပါတယ်။ မွေးဖွားလာသော ကလေးငယ်သည်လည်း နောင်အခါ ဂနာမငြိမ်အာရုံစူးစိုက်နိုင်စွမ်း ချို့တဲ့သော ADHD ရဲ့ရောဂါ လက္ခဏာ များ ပိုမိုတွေ့ရှိရတတ်ကြောင်း တွေ့ရှိရပါတယ်။
ဒါ့အပြင် မိခင်၏ စိတ်ကျန်းမာ ရေးအခြေအနေဟာ ကလေးငယ်ရဲ့ အသိဉာဏ်နှင့် ဦးနှောက် အာရုံကြောဖွံ့ဖြိုးရေးနှင့် ရေရှည်စိတ်ကျန်းမာရေး အပေါ် များစွာသက်ရောက်နိုင်တာ ဖြစ်တဲ့အတွက် ဂရုပြု နေထိုင်ရန် အထူးလိုအပ်လှပါတယ်။
အာဟာရမျှတ အောင် စားသောက်ပါ။
အရက်၊ဆေးလိပ်နှင့် မူးယစ်ဆေးများ ရှောင်ရှားပါ။
အိပ်ရေးဝဝ အိပ်ပါ။
ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။
စိတ်အေးချမ်းရာကို ရှာဖွေပါ။ တရားထိုင်ပါ။
မိမိကိုယ်ကိုချစ်ပါ။
သူငယ်ချင်းများနှင့် စကားပြောပါ။
စိတ်ပူစရာများရှိလျှင် မိသားစုနှင့် ဆွေးနွေးပါ။
လိုအပ်လျှင် ဆရာဝန်၊ ဆရာမများနှင့် တိုင်ပင် ဆွေးနွေးမှု ခံယူပါ။
Dr. NY
(7887 Healthcare)
Reference : American Psychological Association, National Institutes of Health

