Fever (ဖျားခြင်း)
27-Oct-2016
ဖျားခြင်း ဆိုသည်မှာ ခန္ဓာကိုယ်ထဲသို ့ရောဂါတစ်ခုခု ဝင်ရောက်လာခြင်းကြောင့် လူ ့ခန္ဓာကိုယ်၏ အပူချိန် ယာယီမျှ သာမန်အပူချိန်ထက် ကျော်လွန်၍ တက်ခြင်းကို ခေါ်ပါသည်။
လက္ခဏာများ
အပူတက်ခြင်းနှင့် တွဲ၍
- ချေွးထွက်ခြင်း
- အပူတက်ခြင်းကြောင့် တုန်ခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားများ နာကျင်ခြင်း
- အစားအသောက် ပျက်ခြင်း
- ရေဓာတ်ခမ်းခြောက်ခြင်းနှင့်
- မလှုပ်ချင် မကိုင်ချင် ဖြစ်နေခြင်းများ ဖြစ်လေ့ရှိသည်။
အပူအရမ်းကြီးလျှင်မူ အောက်ပါ လက္ခဏာများ ဖြစ်သော
- ကယောင်ချောက်ချားဖြစ်ခြင်း
- တွေဝေခြင်း
- စိတ်ဂနာမငြိမ်ဖြစ်ခြင်း
- တက်ခြင်း များဖြစ်စေနိုင်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
- ဗိုင်းရပ်စ်(သို ့) ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်း
- နေပူရှိန် အရမ်းများ၍ မောပန်းခြင်း
- အလွန်ပြင်းထန်သော နေလောင်ဒဏ် ခံစားရခြင်း
- သွေးလေးဖက်နာ ရောဂါကြောင့် အဆစ်များ ရောင်ရမ်းခြင်း
- ကင်ဆာရောဂါ၊ ပိုးသတ်ဆေးများနှင့် သွေးတိုးရောဂါနှင့် အတက်ရောဂါတွင် သုံးသော ဆေးများ
- မေးခိုင်ကာကွယ်ဆေးနှင့် ကြက်ညှာချောင်းဆိုး ကာကွယ်ဆေးများကြောင့်လည်း အဖျားတက်ခြင်းကို ဖြစ်စေနိုင်ပါသည်။
နောက်ဆက်တွဲ ပြဿနာများ
အဖျားကြီးခြင်း၏ နောက်ဆက်တွဲ လက္ခဏာများ အနေဖြင့် ရေဓာတ် အလွန်အကျွံ ခမ်းခြောက်ခြင်း၊ ကယောင်ကတမ်း ဖြစ်ခြင်းနှင့် တက်ခြင်းများ (၆လမှ ၅ နှစ်အတွင်း ကလေးများတွင် အဖြစ်များ) ဖြစ်တတ်ပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အဖျား သိပ်မတက်လျှင် ဆရာဝန်ထံ ပြရန်မလိုဘဲ ပြန်ကောင်းနိုင်သော်လည်း အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို ့သွားရောက်ကာ လိုအပ်သော ကုသမှုများ ခံယူရန် လိုအပ်ပါသည်။
စစ်ဆေးမှုများ
ဆရာဝန်မှ ရောဂါအခြေအနေအကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ အပြင် ဖြစ်ပွားရသော အကြောင်းရင်းကို ရှာဖွေရန် စမ်းသပ်တွေ ့ရှိချက်များ အပေါ်မူတည်၍ လိုအပ်လျှင်
- သွေးစစ်ခြင်းနှင့်
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်ရပါမည်။
ကုသခြင်း
ကုသမှုများ အနေဖြင့် အပူသိပ်မကြီးပါက ကုသရန် မလိုအပ်သော်လည်း အဖျားကြီးလျှင်မှု ကိုယ်ပူကျဆေး၊ ကိုယ်လက်များ နာကျင်ကိုက်ခဲပါက အကိုက်အခဲပျောက်ဆေးများအပြင် အဖျားတက်ရသော အကြောင်းရင်းကိုလိုက်၍ ဘက်တီးရီးယားကြောင့် ဖြစ်ပါက ပိုးသတ်ဆေး၊ ဗိုင်းရပ်စ်ကြောင့် ဆိုပါက အရည်များများ သောက်ပေးခြင်းနှင့် အနားယူခြင်းများ ပြုလုပ်ပေးနိုင်ပါသည်။
ကာကွယ်ခြင်း
ရောဂါပိုး ဝင်ရောက်၍ အဖျားတက်ခြင်းကို လျှော့ချနိုင်ရန်အတွက် အောက်ပါအချက်များ ဖြစ်သော
. လက်မကြာခဏ ဆေးကြောပေးခြင်း
. ကလေးများအား လက်သေချာ ဆေးကြောတတ်စေရန် သင်ကြားပြသပေးခြင်း
. လက်သန် ့စင်ဆေးရည်များ ဆောင်ထားခြင်း
. နှာခေါင်း၊ မျက်စိနှင့် ပါးစပ်အား မကြာခဏ ထိခြင်းမှ ရှောင်ကြဉ်ခြင်း
. ချောင်းဆိုးလျှင် ပါးစပ်အုပ်ထားခြင်းနှင့် နှာစေးလျှင် နှာခေါင်း အုပ်ထားခြင်း
. ခွက်၊ ရေဘူးနှင့် မီးဖိုချောင်သုံး ပစ္စည်းများအား မျှဝေသုံးစွဲခြင်းအား ရှောင်ကြဉ်ခြင်းတို ့ကို လုပ်ဆောင်ပေးရပါမယ်။
Ref: Mayo Clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
