Glaucoma (ရေတိမ်)
27-Oct-2016
မျက်လုံးထဲတွင် ဖိအား(ရေပေါင်)များ တက်လာပြီး Optic nerve ဟုခေါ်သော အာရုံကြောကို ထိခိုက်သွားကာ အမြင်အာရုံ ဆုံးရှူံးသွားစေသော ရောဂါတစ်မျိုးဖြစ်သည်။
လက္ခဏာများ
၁။ Open-angle glaucoma - အမြင်အာရုံတွင် အမဲစက်များ မြင်နေရခြင်း၊ ၂ ဖက်စလုံးတွင် မကြာခဏ ဖြစ်တတ်ပါသည်။
၂။ Acute angle-closure glaucoma - ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မျက်လုံးကိုက်ခြင်း၊ ပျို ့ခြင်း၊ အန်ခြင်း၊ အမြင်ဝေဝါးခြင်း၊ အရိပ်များ မြင်နေရခြင်းနှင့် မျက်လုံးနီခြင်း တို ့ဖြစ်နိုင်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
- Open-angle glaucoma - မျက်လုံးထဲတွင် ရှိသော Trabecullar meshwork ပိတ်သွား၍ မျက်လုံးထဲတွင် ရေပေါင်များ တဖြည်းဖြည်း တက်လာကာ Optic nerve ကိုသွားထိ၍ အမြင်အာရုံ ဆုံးရှူံးသွားခြင်း ဖြစ်သည်။
- Angle-closure glaucoma - မျက်နက် အရှေ ့ကိုဖောင်းလာကာ အရည်စီးသော လမ်းကြောင်းကို သွားပိတ်၍ အရည်များ မစီးဆင်းနိုင်ဖြစ်ကာ ရေပေါင်များ ရုတ်တရက် များလာပြီး ရေတိမ်ဖြစ်သွားခြင်း ဖြစ်ပါသည်။ ဤရောဂါသည် အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်ပေသည်။
ထို ့ပြင် ဖိအား ပုံမှန်ဖြစ်သော်လည်း Optic nerve သို ့သွားသော သွေးမလုံမလောက် ဖြစ်၍လည်းကောင်း၊ နဂိုခံကပင် Optic nerve မကောင်းလျှင်လည်းကောင်း ရေတိမ်ဖြစ်ကာ အမြင်အာရုံ ဆုံးရှူံးနိုင်ပါသည်။
- မွေးကင်းစ ကလေးငယ်များနှင့် ကလေးများတွင်လည်း ရေတိ်မ်ရောဂါ စွဲကပ်နိုင်ပြီး မွေးမွေးချင်း/မွေးပြီး နှစ်အနည်းငယ် အကြာတွင် ဖြစ်နို်င်ပါသည်။ အရည်အဝင်အထွက် လမ်းကြောင်းများ ပိတ်ခြင်း (သို ့) တခြား နဂိုရှိပြီးသားရောဂါ အခြေအနေများကြောင့်လည်း ဖြစ်နိုင်ပါသည်။
- Pigmentary glaucoma တွင်လည်း Pigment granules များ အဝင်အထွက် လမ်းကြောင်းတွင် ပိတ်ဆို ့ကာ ရေတိမ်ဖြစ်ပွားစေနိုင်ပါသည်။
ဖြစ်နိုင်ချေများသူများ
ရေတိမ်ရောဂါ ကြာရှည် ဖြစ်ပွားလျှင် ရောဂါ လက္ခဏာ သေချာမပြခင်မှာ အမြင်အာရုံ ဆုံးရှူံးသွားနို်င်သည့် အတွက် အောက်ပါအချက်များကို ဂရုပြုသင့်ပါသည်။
၁။ မျက်လုံးထဲတွင် ရေပေါင်များ များနေခြင်း
၂။ အသက် ၆၀ အထက် ကြီးရင့်သူများ
၃။ မျိုးရိုးထဲတွင် ရေတိမ်ရောဂါ ရှိသူများ
၄။ ဆီးချို၊ နှလုံးရောဂါ ၊ သွေးတိုးရောဂါနှင့် Sickle cell anaemia ရောဂါ ရှိသူများ
၅။ အနီးမှုန် ရောဂါရှိသူများ
၆။ မျက်လုံးထိခိုက်ဖူးသူ/ မျက်လုံးခွဲစိတ်မှု ပြုလုပ်ဖူးသူများ
၇။ Oestrogen ဟော်မုန်း ချို ့တဲ့နေသူများ
၈။ မျက်စဉ်းခပ်ဆေးရည်ကို အချိန်ကြာမြင့်စွာ သုံးစွဲသူများသည် ရေတိမ်ရောဂါ အဖြစ်များနိုင်သည့်အတွက် သတိထားသင့်ပါသည်။
နောက်ဆက်တွဲ ပြဿနာများ
ရေတိမ်ရောဂါ ရှိသူများ အနေနှင့် နောက်ဆုံးတွင် အမြင်အာရုံ ဆုံးရှူံးခြင်း၊ ခွဲစိတ်ကုသမှုများ ပြုလုပ်ရ၍ ပိုးဝင်နိုင်ခြင်း၊ မျက်စဉ်းခပ်ဆေးများကို ဓာတ်မတည့်မှုများ ဖြစ်ပေါ်စေနိုင်ခြင်းနှင့် ကားမမောင်းနိုင်ခြင်းများ ဖြစ်စေနိုင်မည် ဖြစ်သည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
ရေတိမ်ရောဂါသည် သိသာမြင်သာသော လက္ခဏာများ မပြတတ်ပဲ မျက်လုံးကွယ်သည့် အဆင့်အထိ ရောက်နိုင်သည့်အတွက် အထက်ဖော်ပြပါ အချက်များ အပြင် မျက်စိနှင့် ပတ်သက်၍ တစ်ခုခု ခံစားရသည်နှင့် နီးစပ်ရာ ကျန်းမာရေးဆေးခန်း/မျက်စိအထူးကု ဆရာဝန်နှင့် သွားရောက် ပြသသင့်ပါသည်။
စစ်ဆေးမှုများ
ရောဂါအခြေအနေ အကြောင်းမေးမြန်းခြင်းနှင့် လိုအပ်သော Eye examination (မျက်လုံးစမ်းသပ်မှုများ) လုပ်ခြင်း၊ မျက်လုံးတွင်း ရေပေါင် တိုင်းခြင်းများ ပြုလုပ်နို်င်ပါသည်။
ကုသခြင်း
ရေတိမ်ရောဂါကြောင့် အမြင်အာရုံကြော ထိခိုက်မှုသည် ပြန်မကောင်းနို်င်သော်လည်း ရောဂါဖြစ်စတွင် စောစီးစွာ ကုသမှု ခံယူပါက အမြင်အာရုံ ဆုံးရှူံးခြင်းကို ကာကွယ်နို်င်ပါသည်။ ရေတိမ်ရောဂါကို အဓိက ကုသရန်မှာ တက်နေသော မျက်လုံးတွင်းဖိအားကို လျှော့ချရန်ဖြစ်ပါသည်။ အစပထမ အနေဖြင့် မျက်စဉ်းဆေးများ ဖြစ်သော Prostaglandins, Beta blockers, Alpha-adrenergic agonists, Carbonic anhydrase inhibitors နှင့် Miotic or cholinergic agents များဖြင့် မျက်လုံးမှ အရည်များထွက်ခြင်းကို များစေကာ ဖိအားကျသွားစေရန် လုပ်ဆောင်ရမည်။
အကယ်၍ မျက်စဉ်းဆေး တစ်မျိုးတည်းနှင့် ရေပေါင်မကျနိုင်ပါက Carbonic anhydrase inhibitor သောက်ဆေးနှင့်လည်း ပေါင်းကာ ရေပေါင်ချနိုင်သည်။ Carbonic anhydrase inhibitor ၏ ဘေးထွက်ဆိုးကိျုးများ အနေဖြင့် ဆီးခဏ ခဏသွားခြင်း၊ ခြေလက်များ ထုံကျဉ်ခြင်း၊ စိတ်ကျရောဂါ ဖြစ်ခြင်း၊ ဝမ်းဗိုက်မအီမသာ ဖြစ်ခြင်းနှင့် ကျောက်ကပ်ကျောက်တည်ခြင်းများ ခံစားရစေနိုင်ပါသည်။
မျက်စဉ်းဆေးနှင့် သောက်ဆေးများဖြင့် ရေပေါင်ချပြီးပါက ခေတ်မီ လေဆာနည်းပညာများနှင့် ကုသခြင်းအပြင် ခွဲစိတ်ကာလည်း ကုသနိုင်ပါသည်။ သို ့သော် ခွဲစိတ်မှု ပြုလုပ်ပါက နာကျင်ခြင်း၊ နီရဲခြင်း၊ ပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ သွေးထွက်ခြင်းနှင့် အမြင်အာရုံ ဆုံးရှူံးခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို ့ကြောင့် ခွဲစိတ်ပြီးပါကလည်း ဆရာဝန်နှင့် မကြာခဏ ပြန်လည်ပြသရန် လိုအပ်ပါသည်။
ကာကွယ်ခြင်း
ရေတိမ် မဖြစ်စေရန် ကာကွယ်၍ မစွမ်းနိုင်သော်လည်း မျက်လုံး စမ်းသပ်စစ်ဆေးမှုများ ပုံမှန်လုပ်ပေးခြင်း၊ မိဘမျိုးရိုးတွင် ရေတိမ်ရောဂါ ရှိပါက မိမိတွင်လည်း ရှိမရှိ စစ်ဆေးခြင်း၊ လေ့ကျင့်ခန်းများ ပုံမှန် လုပ်ပေးခြင်း၊ ဆရာဝန် ညွှန်ကြားထားသော မျက်စဉ်းဆေးများ ပုံမှန်ခပ်ပေးခြင်း၊ မျက်လုံးကို ထိခိုက်နို်င်သော အလုပ်များ လုပ်ဆောင်ပါက မျက်လုံးကာများ တပ်ပေးခြင်းတို ့ကို အစဉ်တစိုက် လုပ်ဆောင်ပေးပါက ရောဂါ အခြေအနေ ဆိုးရွားမသွားစေရန်နှင့် အမြင်အာရုံဆုံးရှူံးခြင်းတို ့မှ နည်းပါးစေပါသည်။
Ref: Mayo Clinic