Appendicitis (အူအတက်ရောင်ခြင်း)
09-May-2017အကျဉ်းရှင်းလင်းချက်
အူအတက်သည် ဝမ်းဗိုက်၏ညာဘက်အောက်ပိုင်းနားတွင်ရှိသည်။ လက်ညှိုုးပုံသဏ္ဍာန်ရှိပြီး အူမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
အူအတက်ရောင်လျှင် ချက်ပတ်ပတ်လည်မှ စတင်၍နာပြီးနောက် ဝမ်းဗိုက်ညာဘက်အပိုင်းသို ့ရွေ ့သွားတတ်သည်။တစ်ယောက်နှင့်တစ်ယောက်မတူတတ်ပါ။အချို ့လူများတွင် ဗိုက်တစ်ပြင်လုံး ဒါမှမဟုတ် ဗိုက်ညာဘက်အောက်ပိုင်းနာတာမျိုးလည်းရှိတတ်သည်။
လူတိုင်းအူအတက်ရောင်နိုင်သည်။အသက် ၁၀-၃၀ နှစ်အရွယ်အပိုင်းအခြားသည် အဖြစ်များဆုံးဖြစ်သည်။
လက္ခဏာများ
၁။ဝမ်းဗိုက်ညာဘက်အောက်ပိုင်း ရုတ်တရက် နာကျင်ခြင်း
၂။တခါတရံ ချက်ပတ်ပတ်လည်မှစနာတတ်ပြီး ညာဘက်အခြမ်းသို ့ရွေ ့သွားခြင်းလည်းဖြစ်တတ်သည်။
၃။ချောင်းဆိုးခြင်း၊လမ်းလျှောက်ခြင်း နှင့်လှုပ်လှုပ်ရှားရှားလုပ်သည့်အခါတွင် ဗိုက်အောင့်ခြင်း
၄။ပျို ့ခြင်း၊ အန်ခြင်း
၅။အစားအသောက်ပျက်ခြင်း
၆။အဖျားတက်ခြင်း
၇။ဝမ်းပျက်ခြင်း သို ့မဟုတ် ဝမ်းချုပ်ခြင်း
၈။လေပွခြင်း
*ဗိုက်အောင့်သောနေရာသည် အသက်အရွယ်နှင့် အူအတက်၏တည်နေရာကိုလိုက်၍ ပြောင်းလဲမှုရှိနိုင်ပါတယ်။ဥပမာ-ကိုယ်ဝန်ဆောင်များတွင် အူအတက်ရောင်ပါက ဗိုက်အပေါ်ပိုင်းမှစ၍အောင့်လာတတ်ပါတယ်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ဘက်တီးရီးယားပိုးများကြောင့် အူအတက်ကို ဖုံးအုပ်ထားသောအလွှာပါးရောင်ပြီး ပိတ်သွားပါက အူအတက်ရောင်ခြင်း ဖြစ်လာသည်။ ပိတ်နေသောအူအတက်ထဲတွင် ဘက်တီးရီးယားများသည် အလျင်အမြန် ပွားများလာကြသည်။ ထိုအခါအူအတက်မှာ ပို၍ရောင်လာခြင်း၊ ဖောင်းလာခြင်း၊ ပြည်များဖြင့်ပြည့်လာခြင်းဖြစ်လာပါတယ်။အချိန်မှီ မကုသပါက အူအတက်ပေါက်ပြီး ပိုးဆိပ်တက်ကာ အသက်အန္တရာယ်ကို ထိခိုက်စေပါတယ်။
နောက်ဆက်တွဲ ပြဿနာများ
၁။အူအတက်ပေါက်ထွက်ခြင်း-ပေါက်သွားပါက ဘက်တီးရီးယားပိုးမွှားများသည် နေရာအနှံ ့သို ့ပျံ ့နှံ ့သွားနိုင်ပါတယ်။အရေးပေါ်ခွဲစိတ်မှုပြုလုပ်ပြီး ရောင်နေသောအူအတက်ကို ဖြတ်တောက်ဖယ်ရှားခြင်း၊ဝမ်းဗိိုက်အတွင်းပိုင်းကိုဆေးကြောခြင်းများပြုလုပ်ရပါတယ်။
၂။တစ်ခါတစ်ရံ အူအတက်မှာပေါက်ထွက်သွားပြီး အနားပတ်ပတ်လည်တွင် ပြည်စုဖြစ်ပေါ်လာတတ်ပါတယ်။ထိုအခါ ဗိုက်အတွင်းသို ့့ပြွန်သွင်းကာစုပ်ထုတ်ခြင်းပြုလုပ်ရတတ်ပါတယ်။အဆိုပါပြွန်ကို ဝမ်းဗိုက်အတွင်းတွင် ၂ပတ်ကြာအောင်ထည့်ထားပြီး ပါးစပ်မှလည်းပဋိဇီဝပိုးသတ်ဆေးတိုက်ကျွေးခြင်း ကိုပြုလုပ်ရပါတယ်။
ရောဂါပိုးများ၊ပြည်များမရှိတော့သည့်အခါမှသာ အူအတက်ကို ဖြတ်တောက်ဖယ်ရှားရပါတယ်။တစ်ခါတစ်ရံ ပြည်စုပ်ထုတ်ခြင်းနှင့် အူအတက်ဖြတ်ခြင်းကို တပြိုက်နက်ထဲလညး်ပြုလုပ်တတ်ပါတယ်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အထက်ဖော်ပြပါလက္ခဏာများပို၍ဆိုးလာသည့်အပြင် ဗိုက်အလွန်အမင်းအောင့်လာပါက ဆရာဝန်နှင့်အမြန်ဆုံးတိုင်ပင်ပြသသင့်ပါတယ်။
စစ်ဆေးမှုများ
- ဆရာဝန်မှ ရောဂါရာဇဝင်မေးခြင်းနှင့် လက်ဖြင့်စမ်းသပ်စစ်ဆေးခြင်း
- သွေးစစ်ခြင်း-သွေးစစ်ရာတွင် ကိုယ်ခန္ဓာတွင်းဘက်တီးရီးယားပိုးဝင်ရောက်နေပါက သွေးဖြူဥများနေသည်ကို တွေ ့နိုင်သည်။
- ဆီးစစ်ခြင်း-အူအတက်ရောင်ခြင်းကြောင့် ဗိုက်အောင့်ခြင်းသည် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးကျောက်တည်ခြင်းများနှင့် မှားနိုင်သောကြောင့်ဖြစ်သည်။
- ပုံဖော်ခြင်း-အာထရာဆောင်းရိုက်ခြင်း၊လိုအပ်ပါက ဝမ်းဗိုက်ကို ဓတ်မှန်ရိုက်ခြင်း၊ကွန်ပျူထားဓာတ်မှန်ရိုက်ခြင်းများပြုလုပ်ရတတ်ပါတယ်။
ကုသခြင်း
၁။ရောင်နေသောအူအတက်ကို ဝမ်းဗိုက်တွင် ၂-၄လက်မခန် ့ရှိသောခွဲကြောင်းရာပေး၍ ဖြတ်တောက်ခြင်း သို ့မဟုတ် ဝမ်းဗိုက်တွင်အပေါက်ငယ်များပြုလုပ်၍ မှန်ပြောင်းဖြင့်ဖြတ်တောက်ဖယ်ရှားခြင်း။
၂။အူအတက်ပေါက်၍ပြည်စုဖြစ်လာပါ အရေပြားကိုဖောက်ပြီး ဝမ်းဗိုက်အတွင်းသို ့ပြွန်ထည့်ကာစုပ်ထုတ်ခြင်း၊ ပိုးသတ်ဆေးများဖြင့် ဘက်တီးရီးယားကို ထိန်းချုပ်နိုင်မှသာ အူအတက်ဖြတ်တောက်ခြင်း။
အူအတက်ခွဲပြီးလို်က်နာရန်အချက်များ
၁။ အူအတက်ခွဲပြီး ၂ပတ်ခန် ့ပြင်းပြင်းထန်ထန် လှုပ်ရှားမှုမလုပ်ရပါ။မှန်ပြောင်းဖြင့်ခွဲပါက ၃-၅ရက်ခန် ့သာအနားယူရန်လိုအပ်ပါတယ်။
၂။ ချောင်းဆိုးခြင်း၊ရယ်မောခြင်းများပြုလုပ်သည့် အခါသတိထားပါ။ဖြစ်နိုင်လျှင်ခေါင်းအုံးတစ်လုံးဖက်ထားပေးပါ။
၃။ ပြုလုပ်နေကျ လုပ်ငန်းဆောင်တာများကို တဖြည်းဖြည်းချင်း၍တိုးပြီး လုပ်ဆောင်ပါ။
၄။ ဗိုက်အောင့်ခြင်းသည် အကိုက်အခဲပျောက်ဆေးများ သောက်တာတောင် မသက်သာလျှင် ဆရာဝန်နှင့်ပြပါ။
၅။ ကောင်းစွာအိပ်စက်အနားယူပါ။
Translated by: Khin JyuJyu Ko
Ref:Mayo clinic