Uterine Polyp(သားအိမ်တွင်း အသားလုံးတည်ခြင်း)
16-Aug-2018အကျဉ်းရှင်းလင်းချက်
သားအိမ်နံရံတွင် ပုံမှန်မဟုတ်ပဲ ဆဲလ်များပွားလာသည့်အတွက်ကြောင့် သားအိမ်တွင်း အသားလုံးတည်ခြင်း ဖြစ်လာပါသည်။ ထိုအသားလုံးသည် သားအိမ်နံရံကို အညှာဖြင့် တွယ်ထားသည်၊
လက္ခဏာများ
- ပုံမမှန်
သွေးဆင်းခြင်း ( ခဏခဏသွေးဆင်းခြင်း ၊ ရက်ရှည် သွေးဆင်းခြင်း၊ သွေးဆင်းသည့် ပမာဏများခြင်း)
- ဓမ္မတာ တစ်ခါနှင့်
တစ်ခါကြား သွေးဆင်းခြင်း
- ဓမ္မတာပေါ်သည့်အခါ
ပုံမှန်ထက် သွေးဆင်းများခြင်း
- သွေးဆုံးပြီးနောက်
သွေးပြန်ပေါ်ခြင်း
- မျိုးမအောင်ခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
- အီစထရိုဂျင်ဟု ခေါ်သော "မ" ဟော်မုန်းများခြင်းကြောင့် ဖြစ်ပါသည်။
ဖြစ်နိုင်ချေများသူများ
- သွေးဆုံးခါနီးဝန်းကျင်
နှင့်သွေးဆုံးပြီးသော အမျိုးသမီးများ
- သွေးတိုးရှိသောအမျိုးသမီးများ
- အဝလွန်သည့်အမျိုးသမီးများ
- ရင်သားကင်ဆာအတွက် tamoxifen ဆေးသောက်နေရသည့်အမျိုးသမီးများ
နောက်ဆက်တွဲ ပြဿနာများ
- ကလေးရရန် ခက်ခဲခြင်း
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
- သွေးဆုံးပြီးနောက် သွေးပြန်ပေါ်ခြင်း၊ ဓမ္မတာ တစ်ခါနှင့် တစ်ခါကြား သွေးဆင်းခြင်း ၊ ပုံမမှန် သွေးဆင်းခြင်းများရှိလျှင် ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။
စစ်ဆေးမှုများ
- မိန်းမကိုယ်မှတစ်ဆင့်
တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း
- သားအိမ်တွင်းသို့
မှန်ပြောင်းကြည့်ခြင်း
- သားအိမ်အတွင်းနံရံမှ အသားစယူခြင်း
ကုသခြင်း
- စောင့်ကြည့်ခြင်း
- ဟော်မုန်းဖြင့်
ကုသခြင်း
- မှန်ပြောင်းကိုအသုံးပြု၍ အသားလုံးကို ဖယ်ရှားခြင်း
ကာကွယ်ခြင်း
- ကာကွယ်ရန် နည်းလမ်းမရှိပါ။
Ref:
Mayo Clinic
By Dr
May Hnin Phyu/ May Thu Hein (7887 Healthcare Call Center)