FlatFeet (ခြေဖဝါးအခုံးပျောက်၍ ခြေထောက်ပြားခြင်း )
16-Aug-2018ခြေဖဝါးအခုံးများ ပျောက် (သို့မဟုတ်) ပြားပြီး မတ်တပ်ရပ်သောအခါ ခြေဖဝါးတစ်ခုလုံး အောက်ခြေကြမ်းပြင်ကို ထိနေခြင်းကို “FlatFeet” ဟုခေါ်သည်။ ခြေဖဝါးများ၏ အခုံးများသည် ငယ်စဉ်ကလေးဘဝကတည်းက ကောင်းစွာ မဖွံ့ဖြိုး၍ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရခြင်းကြောင့်ဖြစ်စေ၊ အသက်ကြီးလာခြင်းကြောင့်ဖြစ်စေ ခြေဖဝါးအခုံးများပျောက်ပြီး ခြေထောက်ပြားခြင်းဖြစ်နိုင်ပါသည်။ ပုံမှန်အားဖြင့် ခြေထောက်တွင် နာကျင်ကိုက်ခဲခြင်း မရှိပါ။
လက္ခဏာများ
- များသောအားဖြင့် လက္ခဏာ မရှိပါ။
- သို့သော် တစ်ချို့သော သူများတွင် ခြေဖနောင့်နှင့် ခြေဖဝါးတွင် နာကျင်ကိုက်ခဲခြင်းကို ခံစားရတတ်ပါသည်။ လှုပ်ရှားမှုများလျှင် ပိုနာတတ်ပါသည်။
- ခြေကျင်းဝတ် အနီးတစ်ဝိုက်တွင်လည်း ရောင်လာတတ်ပါသည်။
ဖြစ်ပွားရသော အကြောင်းအရင်းများ
- ခြေဖဝါးအခုံးများ ကောင်းစွာ မဖွံ့ဖြိုးခြင်း
- ခြေဖဝါး နှင့် ခြေကျင်းဝတ်အရွတ်တို့ ထိခိုက်ဒဏ်ရာရရှိခြင်း
ဖြစ်နိုင်ချေ များသူများ
- အဝလွန်သူများ
- ခြေဖဝါး (သို့မဟုတ်) ခြေကျင်းဝတ်တွင် ထိခိုက်ဒဏ်ရာ ရရှိထားသူများ
- သွေးလေးဖက်နာရောဂါရှိသူများ
- အသက်အရွယ်ကြီးသူများ
- သွေးချိုဆီးချိုရောဂါရှိသူများ
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
- ခြေဖဝါးတွင် နာကျင်မှု ခံစားနေရလျှင် ဆရာဝန်နှင့် ပြသင့်ပါသည်။
စစ်ဆေးမှုများ
- ဓာတ်မှန်ရိုက်ခြင်း
- အရွတ်ကို အာထရာဆောင်း ရိုက်ခြင်း
- ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်း
- သံလိုက်ဓာတ်မှန် ရိုက်ခြင်း
ကုသခြင်း
- မနာလျှင် ကုသစရာ မလိုပါ။
- နာလျှင် - အနားယူပါ
- အဝလွန်နေလျှင် ဝိတ်ချပါ။
-အကိုက်အခဲပျောက်ဆေးများ သောက်ပေးနိုင်ပါသည်။
-အရမ်းနာနေလျှင် ဆရာဝန်မှ အောက်ပါတို့ကို ညွှန်ကြားနိုင်ပါသည်။
-ခြေဖဝါးအခုံးကို ထောက်ပံ့ပေးသော ပတ်တီးဖြင့် စည်းထားခြင်း
-ပြင်းပြင်းထန်ထန်မဟုတ်ပဲ ပေါ့ပါးသော လေ့ကျင့်ခန်းကိုပြုလုပ်ခြင်း (အကြောဆန့်လေ့ကျင့်ခန်းများ)
-ခြေဖဝါးအခုံး ထောက်ပံ့ပေးရန် သီးသန့်ထုတ်ထားသော ဖိနပ်စီးခြင်း
-ခြေဖဝါးပြားခြင်းသည် အရွတ်ဒဏ်ရာကြောင့်ဆိုလျှင် ခွဲစိတ်ကုသမှုကို ခံယူသင့်ပါသည်။
Dr. Rainnie
Credit to: Mayoclinics