ဆေးအမည် | Easium (အီစီယမ်) |
ပါဝင်ပစ္စည်း | စအိုတွင်းထည့်ဆေး တစ်တောင့်တွင် Diazepam BP … 10 mg. |
ဆေးအမျိုးအစား | စိတ်ငြိမ် အိပ်ဆေး။ |
အသုံးပြုနိုင်သောရောဂါများ | စိတ်ပူပန်မှု၊ စိတ်လှုပ်ရှားမှုများသော အခြေအနေများ၊ အဖျားကြီး၍တက်ခြင်း၊ ဆေးရုံတက်လူနာများတွင် ညဘက် အိပ်မပျော်ခြင်းဖြစ်သော အခြေအနေများ။ |
ဆေး၏ပုံသဏ္ဍာန် | စအိုတွင်းထည့်ဆေးတောင့်။ |
ဆေးအချိန်အဆ | ရောဂါအခြေအနေပေါ်မူတည်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း သုံးစွဲနိုင်သည်။ ကလေးငယ်များတွင် ကိုယ်အလေးချိန်နှင့်တွက်၍ ဆေးပမာဏ ချိန်ဆပေးရန် လိုသည်။ |
ဘေးထွက်ဆိုးကျိုးများ | ခေါင်းနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ထွေပြားခြင်းများ ရှားပါးစွာဖြစ်နိုင်သည်။ |
ဆရာ၀န်ညွှန်ကြားချက် | လို။ |
ကြိုတင်သတိပြုရန်အချက်များ | တာရှည်စွဲသုံးရာမှ ရုတ်တရက် ဖြတ်လိုက်ခြင်းမျိုး မလုပ်သင့်။အသက်ရှူလမ်း ကြောင်း ရောဂါရှိသူများ၊ ြွကက်သားအားနည်းသူများ၊ မူးယစ်ဆေး စွဲဖူးသူများနှင့် အရက်စွဲနေသူများ၊ အသည်းနှင့် ကျောက်ကပ် မကောင်းသူများ အထူးသတိပြု သုံးသင့်သည်။ |
ထုတ်လုပ်သည့် Company | Opsonin Pharma Ltd. (ဘင်္ဂလားဒေ့ရှ်) |
တင်သွင်းသည့် Company | Model Pharma Co., Ltd. |