ဆေးအမည် | Orlivex 120 (အော်လီဗက်စ်ခ် ၁၂၀) |
ပါဝင်ပစ္စည်း | ဆေး (၁) တောင့်တွင် Orlistat USP … 120 mg. |
ဆေးအမျိုးအစား | အဆီကျဆေး။ |
အသုံးပြုနိုင်သောရောဂါများ | ကိုယ်အလေးချိန်များနေသူများ၊ ကိုယ်အလေးချိန် လျှော့ချလိုသူများ။ |
ဆေး၏ပုံသဏ္ဍာန် | ဆေးတောင့်။ |
ဆေးအချိန်အဆ | တစ်ခါသောက် ဆေး (၁) တောင့်၊ တစ်နေ့ (၂-၃) ကြိမ် (သို့) ရောဂါအခြေအနေ အလိုက် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာ သောက်သုံးပါ။ |
ဘေးထွက်ဆိုးကျိုးများ | ခေါင်းကိုက်ခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဝမ်းမထိန်းနိုင်ခြင်း၊ ဝမ်းတွင် အဆီပါခြင်း၊ လေပွခြင်း၊ ဗိုက်တောင့်တင်းခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ သွေးတွင်းအချိုဓာတ်လျော့နည်းခြင်း၊ မောပန်းလွယ်ခြင်း၊ ဓမ္မတာ မမှန်ခြင်း၊ ပူပန်သောကများခြင်း။ |
ဆရာ၀န်ညွှန်ကြားချက် | မလို။ |
ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ၊ နာတာရှည် အစာစုပ်ယူနိုင်စွမ်း အားနည်း နေသူများ၊ နို့တိုက်မိခင်များ မသောက်သုံးသင့်ပါ။ |
ထုတ်လုပ်သည့် Company | Vexxa Lifesciences Pvt. Ltd.(အိန္ဒိယ) |
တင်သွင်းသည့် Company | Vimal Co., Ltd. |