ဆေးအမည် | Ponstan (ပွန်စတန်) |
ပါဝင်ပစ္စည်း | ဆေး (၁) ပြားတွင် Mefenamic acid … 500 mg. |
ဆေးအမျိုးအစား | အကိုက်အခဲပျောက်ရောင်ရမ်းကျဆေး။ |
အသုံးပြုနိုင်သောရောဂါများ | အရိုးအဆစ်ရောင်ရောဂါ၊ နာကျင်ကိုက်ခဲခြင်းများ၊ ခေါင်းကိုက်ခြင်း၊ ရာသီဓမ္မတာကြောင့် နာကျင်ကိုက်ခဲခြင်း၊ ခွဲစိတ်ပြီး (သို့) မီးဖွားပြီးနောက် နာကျင်ကိုက်ခဲခြင်းများ။ |
ဆေး၏ပုံသဏ္ဍာန် | ဆေးပြား။ |
ဆေးအချိန်အဆ | တစ်ခါသောက် ဆေး (၁) ပြား၊ တစ်နေ့ (၃) ကြိမ် (သို့) ရောဂါအခြေအနေ အလိုက် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးပါ။ |
ဘေးထွက်ဆိုးကျိုးများ | ခေါင်းမူးခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ အမြင်မှုန်ဝါးခြင်း၊ အရောင် ခွဲခြားမြင်နိုင်စွမ်းလျော့နည်းခြင်း၊ နားကိုက်ခြင်း၊ ရင်တုန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ ပျို့ခြင်း။ |
ဆရာ၀န်ညွှန်ကြားချက် | လို။ |
ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ၊ အစာအိမ်အူလမ်းကြောင်းအနာနှင့် ရောဂါ ရှိသူများ၊ နှလုံး၊ အသည်းနှင့် ကျောက်ကပ်မကောင်းသူများ မသောက်သုံးသင့်ပါ။ |
ထုတ်လုပ်သည့် Company | Pfizer Co., Ltd. |
တင်သွင်းသည့် Company | Mega Lifesciencies Ltd. |