ဆေးအမည် | Unasyn (ယူနဆန်) |
ပါဝင်ပစ္စည်း | ထိုးဆေး (၁) ပုလင်းတွင် Subactam … 500 mg. Ampicillin Sodium … 1000 mg. သောက်ဆေးတွင် Ampicillin / Sulbactam … 375 mg. |
ဆေးအမျိုးအစား | ပဋိဇီဝပိုးသတ်ဆေး။ |
အသုံးပြုနိုင်သောရောဂါများ | အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ရောဂါ၊ သည်းခြေအိတ် ရောင်ရောဂါ၊ သားအိမ်အတွင်းမြှေးပါးရောင်ရောဂါ၊ အရေပြားပိုးဝင်ရောဂါ၊ အရိုးအဆစ်ပိုးဝင်ရောင်ရမ်းရောဂါ၊ ဂနိုရောဂါ။ |
ဆေး၏ပုံသဏ္ဍာန် | ပေါင်းခံရည်နှင့်ရောစပ်ထိုးရသော ဆေးမှုန့်။ |
ဆေးအချိန်အဆ | ရောဂါအခြေအနေအလိုက် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသုံးစွဲပါ။ |
ဘေးထွက်ဆိုးကျိုးများ | ပျို့အန်ခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း၊ အရေပြားယားယံနီရဲခြင်း၊ မောပန်းလွယ်ခြင်း၊ နုံးချည့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက်ခြင်း။ |
ဆရာ၀န်ညွှန်ကြားချက် | လို။ |
ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ မသောက်သုံးသင့်ပါ။ |
ထုတ်လုပ်သည့် Company | Pfizer Co., Ltd. |
တင်သွင်းသည့် Company | Mega Lifesciences Pty Ltd. |