ဆေးအမည် | Biogesic For Kids (ဘိုင်အိုဂျက်ဆစ် - အရည်) |
ပါဝင်ပစ္စည်း | ဆေးရည် (5 ml) တွင် Paracetamol … 120 mg (သို့) Paracetamol … 250 mg. အစက်ချဆေးရည် (1 ml) တွင် Paracetamol … 100 mg. |
ဆေးအမျိုးအစား | ကိုယ်ပူကျအကိုက်အခဲပျောက် သောက်ဆေးရည်။ |
အသုံးပြုနိုင်သောရောဂါများ | ကလေးငယ်များ ဖျားနာခြင်း၊ အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်းနှင့် အာသီးရောင် ခြင်းကြောင့်ဖြစ်သော ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ သွားပေါက်စအရွယ်နာကျင် ခြင်းနှင့် ကာကွယ်ဆေးထိုးပြီးနောက် ဖျားနာခြင်း။ |
ဆေး၏ပုံသဏ္ဍာန် | ဆေးရည် (120 mg/ 250 mg) (လိမ္မော်၊ စတော်ဘယ်ရီ)။ အစက်ချဆေးရည် (လိမ္မော်)။ |
ဆေးအချိန်အဆ | မွေးစမှ ၃ လ - 0.3-0.6 ml, ၄ လမှ ၆ လ - 0.6-1ml ၁ နှစ်မှ ၂ နှစ် - 1 ml – 1.2 ml (အစက်ချဆေးရည်)။ ကလေးအသက် ၁ နှစ်မှ ၂ နှစ်အထိ တစ်ကြိမ်လျှင် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ကလေးအသက် ၃ နှစ်မှ ၆ နှစ်အထိ တစ်ကြိမ်လျှင် လက်ဖက် ရည်ဇွန်းတစ်ဝက်မှ တစ်ဇွန်း၊ ကလေးအသက် ၇ နှစ |
ဘေးထွက်ဆိုးကျိုးများ | နည်းပါသည်။ အရေပြားယားနိုင်သည်။ အစာအိမ်နှင့်ပတ်သက်၍ မအီမသာ ဖြစ်နိုင်သည်။ |
ဆရာ၀န်ညွှန်ကြားချက် | လို။ |
ကြိုတင်သတိပြုရန်အချက်များ | ဓာတ်မတည့်သူများ၊ သွေးအားနည်းရောဂါရှိသူများ၊ နှလုံး၊ ကျောက်ကပ်၊အဆုတ်နှင့် အသည်းမကောင်းသူများ မသောက်သင့်ပါ။ |
ထုတ်လုပ်သည့် Company | United Pharmaceutical Co., Ltd. (အင်ဒိုနီးရှား) |
တင်သွင်းသည့် Company | JDS Co., Ltd. |