ပလတ်စတစ် လူသုံးကုန်ပစ္စည်းများဟာ အမျိုးသမီးတွေရဲ့ လိင်ကိစ္စမှာ စိတ်ပါ၀...
30-Oct-2016PVC ကြမ်းခင်းတွေ၊ ရေချိုးခန်းသုံး ပလတ်စတစ် ခန်းဆီးတွေ၊ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အသင့်စားအစားအစာတွေ နဲ့ အခြားပလတ်စတစ်နဲ့ ပြုလုပ်တဲ့အရာတွေဟာ အမျိုးသမီးတွေရဲ့ လိင်ကိစ္စမှာ စိတ်ပါ၀င်စားမှုကိုလျော့နည်းစေပါတယ်။လိင်မှုကိစ္စ တက်မက်မှု လျော့နည်းခြင်းဟာ ပလတ်စတစ် အပျော့တွေကို သုံးစွဲမှုနဲ့ ပတ်သက်နေပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ဖတ်သ်သလိပ်(phthalates) ပမာဏ များတဲ့ အမျိုးသမီးတွေဟာ လိင်မှုကိစ္စတွေမှာ စိတ်ဝင်စားမှုလျော့နည်းနေတတ်ပါတယ်။ phthalatesဟာလူတွေပြုလုပ်နိုင်တဲ့ဓါတုဗေဒတစ်မျိုးဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်မှုအတွက် အရေးပါတဲ့ သဘာဝ ဟော်မုန်းတွေကြားမှာ ရှိနေတတ်ပါတယ်။ phthalates ကို ရေချိုးခန်းသုံး ပလတ်စတစ် ခန်းဆီးတွေ PVC ကြမ်းခင်းတွေနဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်အစားအစာတွေထဲမှာလည်း ပါ၀င်နေပြီး ပလတ်စတစ် ပြုလုပ်ရာမှာ အသုံးပြုတဲ့ ဓါတုဗေဒပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်။အမေရိကန် နိုင်ငံက Rochester ဆေးတက္ကသိုလ် က Dr Emily Barrett ဟာ အသက် ၂၀ ကနေ ၃၀ ကြားမှာ ရှိတဲ့ ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ၃၆၀ ယောက်ရဲ့ ဆီးတွေထဲမှာ Phathalates ပါ၀င်မှု ကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ Phathalates ပမာဏပါ၀င်မှု များတဲ့ အများစု ဟာ လိင်မှုကိစ္စတွေကို စိတ်မဝင်စားခဲ့တာကို လည်းတွေ့ရပါတယ်။ဒါ့အပြင် ဒေါက်တာBarrettဟာPhathalates တွေဟာအမျိုးသမီးတွေရဲ့လိင်မှုကိစ္စတက်မက်မှုကြောင့်ရတဲ့ ဟော်မုန်းတွေဖြစ်တဲ့ Oestrogen နဲ့ testotetoneတို့ရဲ့ ကြားထဲမှာ ကြားဝင်နေနိုင်တယ်လို့ ဆိုပါတယ်။လက်ရှိမှာ ဥရောပ စီးပွားရေး သမဂ္ဂကလည်း Phathalates ပါ၀င်တဲ့ အလှကုန်ပစ္စည်းတွေ ၊ အရုပ်တွေ နဲ့ အခြားပလတ်စတစ်ပစ္စည်းတွေ သုံးစွဲခြင်းကို တားမြစ်ထားပါတယ်။
Healthcare.com.mm
Ref: pho thu taw
Source:Trend Myanmar