လိင်အင်္ဂါကြီးအောင် လေ့ကျင့်ခန်းလုပ်လို့ ရနိုင်ပါသလား။ ရနိုင်မယ်ဆိုရင်...
24-Feb-2017
မရပါ။ လိင်အင်္ဂါဟာ ကြွတ်သားတစ်သျှူးများနဲ့ ဖွဲ့စည်းထားခြင်း မဟုတ်ပါ။ရေမြုတ် ကဲ့သို့ ပွရောင်းတဲ့ တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတာပါ။ လိင်အင်္ဂါတောင့်တင်းလာတာဟာ လိင်အင်္ဂါမှာသွေးများ ယာယီပြည့်တင်းလာခြင်းကြောင့် ဖြစ်တာပါ။လေ့ကျင့်လို့ ကြီးထွားလာတာဟာ ကြွက်သားတစ်သျှူးမျိုးပါ။
လေ့ကျင့်၍ ကြီးထွားလို့မရပါ။ တချို့နိုင်ငံတွေမှာ လိင်အင်္ဂါထိန်းအရွတ်ဆိုင်း ကိုဖြတ်လိုက်လို့ ရှေ့အနည်းငယ် ပိုထွက်လာတာမျိုး ရှိပါတယ်။ ဒါကလည်း အနည်းငယ်လောက်သာပါ။ တချို့ခွဲစိတ်ပြုပြင်ကြတာမျိုး ရှိပါတယ်။ ဒါကလည်း လက်မဝက်၊ တစ်လက်မရှည်ဖို့လောက်ပဲ ဖြစ်နိုင်ပါတယ်။
ကျွန်တော့်လိင်အင်္ဂါကြီးထွားချင်လို့ပါဆရာ။ ကျွန်တော့်သူငယ်ချင်းက ဆေးထိုးရင် ရတယ်။ သူလည်းထိုးထားတယ် ဆိုပြီး သူ့အင်္ဂါကို ပြပါတယ်။ ကျွန်တော်တို့ထက် နှစ်ဆ နီးပါး ဖွံ့ထွားတာ တွေ့ရပါတယ်။အဲဒါကြောင့် ကျွန်တော်ထိုးချင်ပေမယ့် အန္တရာယ်ဖြစ် မှာတော့ ကြောက်ပါတယ်ဆရာ။ အကြံပေးစေချင်ပါတယ်။
ကျွန်တော်အနေနဲ့ ပြတ်သားစွာ အကြံပြုရရင် လုံးဝမထိုးသင့်ပါလို့ ဆိုရပါလိမ့်မယ်။ ကျွန်တော်တို့အတွေ့အကြုံအရလိင်အင်္ဂါကြီးထွားအောင် ဆေးထိုးပြီးနောက် ပြဿနာဖြစ်လာတဲ့ လူနာတွေ တွေ့ဖူးနေလို့ပါ။ ချက်ချင်း လက်ငင်းဖြစ်တတ်တာကတော့ အနာတွေဖြစ် တာပါပဲ။ အန္တရာယ်များပါတယ်။
နောက်ပိုင်းမှာလည်း လိင်အင်္ဂါတောင့်တင်းလာတဲ့အခါ နာကျင်မှုဝေဒနာတွေ ခံစားရတာ။ အစပထမမှာ ကြီးလာပေမယ့် နောက်ပိုင်းမှာ လိင်တံမာနေပြီး ကောင်းစွာ မတောင့်တင်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။ လွယ်လွယ် ပြောရရင်မူလ အင်္ဂါမှာပါတဲ့ တစ်သျှူးတွေနေရာမှာ အမျှင်တစ်သျှူးတွေ ပေါ်လာပြီး အမာရွတ်လို ဖြစ်ကုန်တာပါ။ ကျုံ့ဆန်နိုင်မှု ပျက်ယွင်းကုန်တာပါ။ လိင်အင်္ဂါကိုခွဲ စိတ်ကုသရတာမျိုးပြုလုပ်ကြရပါတယ်။ တစ်ချို့ဆိုရင် တစ်သျှူးတွေဖြတ်ထုတ်လိုက်ရလို့ အရွယ်အစား ပိုတောင်သေးငယ် သွားနိုင်ပါတယ်။ လုံးဝ မထိုးပါနဲ့လို့တားပါရစေ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Sexual Health Education ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
