သားသမီးမွေးဖွားခြင်းနှင့် တင်ပါးဆုံကြွက်သားများ
28-Feb-2017
သားသမီးမွေးဖွားခြင်းနှင့် တင်ပါးဆုံကြွက်သားများ
သဘာဝအတိုင်း ပုံမှန်မွေးဖွားရာတွင် သားအိမ်ကြွက်သားများသာမက တင်ပါးဆုံ ကြွက်သားများကပါ စုပေါင်းညှစ်ထုတ်၍ ကလေးမွေးထွက်လာခြင်း ဖြစ်သည်။ ကလေးမွေးထုတ်ရန် ညှစ်အားပေးချိန်သည် သားဦးများတွင် ပိုမိုကြာသည်။ သားနှောင်းများတွင်လည်း အတော်အသင့်ကြာပါသည်။ မျှမ်းမျှအားဖြင့် ၆ နာရီမှ ၁၄ နာရီလောက်အထိ ကြာသည်။
အထူးသဖြင့် မွေးဖွားခြင်း ဒုတိယအဆင့်တွင် ကလေးဦးခေါင်းသည် တင်ပါးဆုံကြွက်သားများကို ဆွဲဆန့်သည်။ ထိုးထွက်ခြင်းကြောင့် ညှစ်အားပိုမိုသုံးရသည်။ စအိုပတ်လည်ရှိ ကြွက်သားများလည်း ကလေးဦးခေါင်း ဖိညစ်ခြင်း ခံရသည်။ ခေတ်မီမွေးဖွားခြင်း နည်းဗျူဟာတွင် ထိုသို့ ကလေးဦးခေါင်း တိုးထွက်ချိန် တင်ပါးဆုံကြွက်သားများနှင့် စပေါက်ကွဲထွက်စုတ်ပြဲမသွားစေရန် မိန်းမကိုယ်ချဲ့ခြင်း Episiotomy ကို အချိန်ကိုက် လုပ်ပေးရသည်။
ကလေးမွေးထွက်ပြီးမှ ချဲ့ထားသောဖြတ်ရာကို ပြန်လည်ချုပ်ပေးရသည်။ ဤသို့ ပြန်လည်
ချုပ်ပေး သောကြောင့် ပုံသဏ္ဍာန်အားဖြင့် မူမှန်အတိုင်း ပြန်ဖြစ်သည်။ သို့ရာတွင် ဘယ်ညာ
ရှိ တင်ပါးဆုံကြွက်သားများ ဆွဲဆန့်ပြီးဖြစ်သည်။ နဂို ကြွက်သားများ ပိုင်ဆိုင်သော အရည်အသွေးများ လျော့နည်းသွားရလေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံမှ အမျိုးသမီးများ ဆေးရုံတွင်မမွေးဘဲ အိမ်တွင်မွေးဖွားခြင်း၊ မွေးဖွားပြီး တင်ပါးဆုံကြွက်သား လေ့ကျင့်ခန်းလုပ်လေ့မရှိခြင်း၊
ဆီးအိမ်ကျခြင်း၊ စအိုကြွက်သား အားလျော့ခြင်းများ ပိုမိုအဖြစ်များကြောင်း တွေ့ရှိရသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာမြင့်မောင်မောင် (သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး)
Health for all magazine, June 2016, Pg. 28
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

