ရင်သားကင်ဆာဖြစ်သည့် အမျိုးသားများ ပုံမှန်စစ်ဆေးရန်လိုအပ်
28-Feb-2017
ရင်သားကင်ဆာဖြစ်သည့် အမျိုးသားများ ပုံမှန်စစ်ဆေးရန်လိုအပ်
ရင်သားကင်ဆာဖြစ်တဲ့ အမျိုးသား အရေအတွက် မြင့်တက်လျက်ရှိတာကြောင့် ဗြိတိန် မှဆရာဝန်တွေက အမျိုးသားကို ရင်သားပုံမှန်စစ်ဆေးဖို့ တိုက်တွန်းလာကြပါတယ်။ ရင်သား ကင်ဆာဖြစ်တဲ့ အမျိုးသား အရေအတွက်ဟာ ၂၀၁၃ ခုနှစ်မှာ ၂၉၁ ဦးရှိရာမှ ၂၀၁၄ ခုနှစ်မှာ ၃၃၂ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကိန်းဂဏန်းတွေအရ သိရပါတယ်။
၂၀၁၅ ခုနှစ် ကိန်းဂဏန်းကို အစိုးရက မထုတ်ပြန်သေးသော်လည်း အမျိုးသားတွေ ရင်သားကင်ဆာဖြစ်တဲ့နှုန်းဟာ ၂၀၁၁ ခုနှစ်က စပြီး နှစ်အလိုက် မြင့်တက်လာခဲ့တယ်လို့ အစိုးရက နောက်ဆုံး ထုတ်ပြန်ထားတဲ့ စာရင်းဇယားအရ သိရပါတယ်။
အမျိုးသားတွေအနေနဲ့ ဆီးကျိတ်ကင်ဆာ၊ ဝှေးစေ့ကင်တာ ရှိ မရှိ ပုံမှန်သတိထား စစ်ဆေးတဲ့အတိုင်း ရင်သားကိုလည်း စစ်ဆေးပါလို့ တိုက်တွန်းချင်ပါတယ်လို့ ရင်သား ကင်ဆာ ကာကွယ်ရေးနှင့် ကုသရေးဌာနမှ အကြီးအကဲဖြစ်သူ ဆမ်မိုင်အယ်ကက်ဒီ က ပြောကြားသွားခဲ့ပါတယ်။ အမျိုးသားတွေအနက် ၇၃ ရာခိုင်နှုန်းမှာ ရင်သားကို ပုံမှန် စစ်ဆေးလေ့ မရှိကြောင်း တွေ့ရှိရတယ်လို့ အထက်ပါအဖွဲ့က ဆိုပါတယ်။
အသက် ၆၀ နဲ့ ၇၀ ကြား အမျိုးသားတွေဟာ ဟော်မုန်း မညီမျှတာ၊ အဝလွန်တာ၊ အသည်းရောဂါဖြစ်တာ၊ အီစထရိုဂျင်ဟော်မုန်း များလာတာနဲ့ တခြားမျိုးဗီဇဆိုင်ရာ အချက်တွေကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေအများဆုံး အမျိုးသားအုပ်စုဖြစ်တယ်လို့ သိရတယ်။ ရင်သားရောင်ရမ်း ရှိ၊ မရှိ။ အဖုအကျိတ်ရှိမရှိ၊ နို့သီးခေါင်းမှ အရည်ထွက်နေ မထွက်နေ၊ နို့သီးခေါင်း ပုံမှန်ဖြစ်နေ မဖြစ်နေ၊ ရင်သားပေါ်မှာ ပြည်တည်နာ ဖြစ်နေ မဖြစ်နေတို့ကို အမျိုးသားတွေအနေနဲ့ သေသေချာချာ စစ်ဆေးသင့်ကြောင်း၊ အဲဒီလက္ခဏာတွေ ဖြစ်နေပါက ဆရာဝန်နဲ့ အမြန်ဆုံးပြသတယ်လို့ ဆရာဝန်တွေက တိုက်တွန်းအကြံပြုထားပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, May 2016, Pg. 123
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
