ယောင်္ကျားလေးမွေးမှာလား၊ မိန်းကလေးမွေးမှာလား?
13-Jul-2017
မွေးဖွားလာမည့်ကလေးရဲ ့လိင်ကို ပြုပြင်လို ့ရနိုင်ပါသလား? ဥပမာ -ယောကျင်္ားလေးလိုချင်ရင် ယောကျင်္ားလေး၊ မိန်းကလေးလိုချင်ရင် မိန်းကလေးရနိုင်မယ့် အခွင့်အရေးရှိနိုင်မလား?
ထိုသို ့ရနိုင်ရန်အတွက် နည်းလမ်းတစ်ချို ့တော့ရှိပါတယ်။ ဒါပေမယ့် တိကျခိုင်လုံတဲ့ သက်သေအထောက်အထားများတော့ မရှိသေးပါဘူး။ သိပ္ပံနည်းကျ စမ်းသပ်ထားခြင်းလည်း အနည်းငယ်သာရှိပါတယ်။ သဘာဝနည်းလမ်းများထဲမှ ထင်ရှားတဲ ့နည်းလမ်းအချို ့ကို တင်ပြပေးချင်ပါတယ်။
၁။လိင်ဆက်ဆံချိန် (Timing of sex)
အမျိုးသမီးခရိုမိုဇုမ်း X ပါတဲ့သုက်ပိုး(Female sperm) သည် အမျိုးသားခရိုမိုဇုမ်း Yပါတဲ့ သုက်ပိုး (Male sperm) ထက်ပိုကြီးပြီး ကြာကြာပိုအသက်ရှင်နိုင်ပါတယ်။ အမျိုးသမီးမျိုးဥမကြွေမီ(Ovulation) ရက်အနည်းငယ်စော၍ ဆက်ဆံပြီး မျိုးဥကြွေတဲ့့ရက်အထိ ဆက်ဆံခြင်း မပြုဘဲနေပါက မိန်းကလေးမွေးနိုင်ဖို ့အခွင့်အလမ်းပိုများပါတယ်။ ထိုအချိန်အထိ အမျိုးသားဖြစ်နိုင်တဲ ့သုက်ပိုးများသည် ရက်ကြာကြာ အသက်မရှင်နိုင်သောကြောင့်ဖြစ်သည်။ Yခရိုမိုဇုမ်းပါဝင်တဲ့ အမျိုးသားဖြစ်နိုင်သည့် သုက်ပိုးများသည် အလေးချိန်ပို၍ပေါ့ပြီး လျင်မြန်စွာကူးခပ်နိုင်ပါတယ်။ ဒါကြောင့် မျိုးဥကြွေတဲ့ရက်တွင် တူတူနေပါက ယောကျင်္ားလေးရဖို ့အခွင့်အလမ်းများပါတယ်။ မမျိုးဥနှင့် အလျင်မြန်ဆုံးပေါင်းစပ်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။
၂။အမျိုးသားရက်ရှောင်ခြင်း (Male sexual abstinence)
အမျိုးသားသည် ရက်အနည်းငယ်ကြာ လိင်ဆက်ဆံခြင်း မပြုဘဲရှောင်ထားပြီးမှ တူတူနေပါက ယောင်္ကျားလေးပို၍ရနိုင်ပါတယ်။ ထိုသို ့ပြုလုပ်ခြင်းသည် သုက်ပိုးအရေအတွက်ကို များစေသည်။သုက်ပိုးအရေအတွက်များလေလေ အမျိုးသားဖြစ်နိုင်တဲ့သုက်ပိုး ပို၍ ပါလေလေဖြစ်သည်။ ဖိုသုက်ပိုးများသည် မသုက်ပိုးများထက်ပို၍ လျင်မြန်စွာကူးခပ်နိုင်ပြီး မမျိုးဥဆီသို ့ပို၍ မြန်မြန်ရောက်ကာ မျိုးအောင်နိုင်ပါတယ်။
၃။လိင်ဆက်ဆံသည့်အနေအထား(Male sexual position)
ဖိုသုက်ပိုးများသည် အက်ဆစ်ဓာတ်များတဲ့ပတ်ဝန်းကျင်မှာ အသက်ရှင်နိုင်ရန် ခက်ခဲပါတယ်။ သူတို ့ဟာ အယ်ကာလီဓာတ်များတဲ့ ပတ်ဝန်းကျင်ကို ပို၍ကြိုက်နှစ်သက်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသားရဲ ့လိင်တံရောက်ရှိမှု ပို၍နက်ရှိုင်းလေယောင်္ကျားကလေးရနိုင်ဖိုု ့အခွင့်အလမ်းများလေဖြစ်ပါတယ်။ထိုသို ့ဖြစ်ရန် အမျိုးသမီးသည် အပေါ်မှနေခြင်း၊ အမျိုးသားကနောက်မှနေခြင်းအနေအထားဖြင့် ဆက်ဆံရပါမည်။ အမျိုးသမီး၏ သားအိမ်ခေါင်းနား(Cervix) နှင့် နီးလေလေ အယ်ကာလီဓာတ်များလေဖြစ်သောကြောင့် ဖြစ်ပါတယ်။ မွေးလမ်းကြောင်း (Vagina)တွင် အက်ဆစ်ဓာတ်များသောကြောင့်ဖြစ်သည်။မိန်းကလေးလိုချင်ရင်တော့ အထက်ပါနည်းလမ်းနှင့် ပြောင်းပြန်ဖြစ်သည်။
၄။အစားအသောက်(Changing of diet)
အစားအသောက်မှရရှိသော ဗီတာမင်နှင့် သတ္တုဓာတ်များသည် မျိုးဥနှင့် သုက်ပိုးများ၏ ဇီဝကမ္မဖြစ်စဉ်နှင့် သူတို ့ရှင်သန်နိုင်သည့် ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်စွမ်းရှိပါသည်။ ဖိုသုက်ပိုးအတွက် အဓိကလိုအပ်သော ဓာတ်မှာ ပိုတက်ဆီယမ်ဓာတ်ဖြစ်ပါတယ်။အသားအမျိုးမျိုး၊ ငှက်ပျောသီး၊ တရုတ်ဇီးသီး၊ တရုတ်နံနံပင်တို ့တွင် ကြွယ်ဝစွာပါဝင်ပါတယ်။မသုက်ပိုးအတွက် လိုအပ်သောဓာတ်မှာ မက်ဂနီဆီယမ် ဖြစ်ပါတယ်။ အစေ့အဆံများ၊ ပဲတောင့်ရှည်၊ အစိမ်းရောင်ရှိအရွက်များတွင် များစွာပါဝင်ပါတယ်။
၅။ဆန္ဒပြီးမြောက်ချိန်(Timing of orgasm)
အမျိုးသမီးဆန္ဒမပြီးမြောက်ခင် အမျိုးသားသုက်လွှတ်နိုင်လျှင် မိန်းကလေးရနိုင်ပါတယ်။ထိုအချိန်တွင် အမျိုးသမီးမိန်းမကိုယ်(Vagina)ထဲတွင် အချွဲနည်းပြီး အက်ဆစ်ဓာတ်များနေသောကြောင့်ဖြစ်ပါတယ်။
၆။မိန်းမကိုယ်ဆေးကြောခြင်း(Douching)
ယောင်္ကျားလေးလိုချင်ရင် အမျိုးသမီးမိန်းမကိုယ်ကို အယ်ကာလီဓာတ်ပါတဲ့အရည်ဖြင့်ဆေးကြောလို ့ရပါတယ်။ လိင်မဆက်ဆံမှီ မိန်းမကိုယ်ကို မုန် ့ဖုတ်ဆော်ဒါအရည်ဖြင့် ဆေးနိုင်ပါတယ်။
Dr.Moon(7887 Healthcare Call Center)
Ref:Made for mums
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
